ရန်ကုန်- နေပြည်တော်- မန္တလေး အမြန် လမ်းမကြီး

ရန်ကုန်- နေပြည်တော်- မန္တလေး အမြန် လမ်းမကြီး တစ်လျှောက် ယာဉ်အန္တရာယ် ကင်း ရှင်းရေး အတွက် ယာဉ် စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်း ဆောင်ရွက်ရန် အမြန်လမ်း ရဲတပ်ဖွဲ့ ဖွဲ့စည်း ဆောင်ရွက်လျက် ရှိကြောင်း ဆောက်လုပ်ရေး ဝန်ကြီး ဌာနမှ သိရသည်။
ရန်ကုန်- မန္တလေး အမြန် လမ်းမကြီး တစ်လျှောက် ယာဉ်အန္တရာယ် ကင်းရှင်း စွာဖြင့် သွားလာ မောင်းနှင် နိုင်စေရန် အတွက် ပြည်ထဲရေး ဝန်ကြီး ဌာနနှင့် ဆောက်လုပ်ရေး ဝန်ကြီး ဌာနတို့  ပူးပေါင်းကာ အမြန်လမ်း ရဲတပ်ဖွဲ့ ဖွဲ့စည်း၍ ဆောင်ရွက် နေပြီဖြစ်ပြီး လမ်းမကြီး တစ်လျှောက် ရဲတပ်ဖွဲ့စခန်းပေါင်း ၁၄ ခု၊ ဆောက်လုပ်ရေး ဝန်ကြီး ဌာန၏ ပြင်ဆင် ထိန်းသိမ်းရေး စခန်းပေါင်း ၃ဝခု၊ ကြက်ခြေနီ စခန်း တစ်ခုတို့ ထားရှိပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်း သိမ်းရေး လုပ်ငန်း များအား ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ 
ယင်းသို့ ပူးပေါင်း ဆောင်ရွက်ရာတွင် ယာဉ်မောင်း များအား ပညာပေး စာစောင်များ၊ လက်ကမ်း စာစောင် များ ဖြန့်ဝေပေးခြင်း၊ လမ်းဘေးဝဲ၊ ယာရှိ ကျေးရွာသူ၊ ကျေးရွာ သားများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေး စာစောင်များ ဖြန့်ဝေ ပေးခြင်းတို့ အပြင် ပညာပေး ကာလ ကုန်ဆုံးသွား ပါက ရေဒါ စနစ်သုံး အရှိန်နှုန်း တိုင်း ကိရိယာများ၊ ကင်မရာ များဖြင့် စစ်ဆေး အရေးယူ သွားမည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်- မန္တလေး အမြန် လမ်းမကြီးသည် ကွန်ကရစ် လမ်းမကြီး ဖြစ်ပြီး အမြန် လမ်းမကြီး၏ အင်္ဂါရပ်၊ စံနှုန်းများနှင့် ကိုက်ညီမှု ရှိရန် လိုအပ်ချက်များ ရှိနေသေး သော်လည်း  လုံခြုံ ချောမွေ့ စွာဖြင့် သွားလာမှု အဆင်ပြေ စေရန် အလို့ငှာ သတ်မှတ် ပေးထားသော မိုင်နှုန်း၊ ကီလို မီတာများနှင့် အညီ မောင်းနှင်ရန် လိုအပ်ပြီး လမ်းညွှန် ဆိုင်းဘုတ်များ၊ လမ်း အမှတ် အသားများ ကိုလည်း သိရှိလိုက် နာကြရန် လိုအပ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီး ဌာနမှ   တိုက်တွန်း ထားကြောင်း သိရသည်။

Copy From MyaWady
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free