၂၀၁၂ ခုနှစ် နိုဝင်ဘာ အတွင်းမှာ ပြည်တွင်း စီးပွားရေး ထိပ်တန်း ကုမ္ပဏီ များဖြစ်သည့် ရွှေသံလွင်၊ ရာဇာမင်း၊ ကံလင်းသူ၊ မြေပြန့်သား၊ မြန်မာ့စည်းစိမ် ကုမ္ပဏီ များ၏ တန်ချိန် ထောင်ချီ ဆံ့သော ဆီတင် သင်္ဘောကြီးများဖြင့် တရား မဝင် မှောင်ခို တင်သွင်းခဲ့ကြောင်း ဒေါက်တာဝင်းမြင့်က ဆက်ပြောသည်။

ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ရဲချုပ် ကျော်ကျော်ထွန်းက ရှင်းလင်း ရာတွင် "၂၀၀၉ ခုနှစ်တွင် ပြည်ထဲရေး ဝ

န်ကြီးဌာနမှ ထုတ်ပြန်ထား သည့် စက်သုံးဆီတင် သင်္ဘော များအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အနေဖြင့် တားဆီး စစ်ဆေး ပိုင်ခွင့် မရှိ ဟူသည့် အမိန့်ကြောင့် အဆိုပါ တရားမဝင် စက်သုံးဆီ တင်သွင်း နေသည့် သင်္ဘောများအား စစ်ဆေးနိုင်ခြင်း မရှိခဲ့ကြောင်း" ပါဝင်သည် ဟု လွှတ်တော် ကိုယ်စားလှယ် များထံမှ သိရသည်။

နိုဝင်ဘာလ ၂၇ ရက် နေ့ထုတ် Flower News ဂျာနယ်ပါ “ပြည်တွင်း ထိပ်တန်း ကုမ္ပဏီ များက စက်သုံးဆီများ တရားမဝင် ခိုးသွင်းခဲ့၊ နိုင်ငံတော် အနေဖြင့် နှစ်စဉ် ငွေကျပ် ဘီလီယံ ၆၀ နီးပါး ထိခိုက်နေဟု လွှတ်တော်တွင် ထုတ်ဖော်” သတင်းမှ ကောက်နုတ်ချက်ဖြစ်သည်။


Copy From The Voice Weekly Facebook Page
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free