AddThis Social Bookmark Button
ha-5-12-1
တိုကျိုတွင်ဆိုက်ကပ်စဉ်က လက်နက်အဆင့်ထုတ်လုပ်နိုင်သည့် ပစ္စည်းများ ရှာဖွေတွေ့ရှိခဲ့သည့် ဝမ်ဟိုင် ၃၁၃ သင်္ဘောကို နိုဝင်ဘာလ ၂၃ရက်နေ့က ကိုဘေးဆိပ်ကမ်း၌ ဆိုင်ကယ်ထားစဉ်
မြောက်ကိုရီးယားမှ တစ်ဆင့် လက်နက်အဆင့်ထုတ်လုပ်နိုင်သည့် ပစ္စည်းများတင်ပို့သည်ဟု သိရသော စိုးမင်းထိုက်ကုမ္ပဏီမှာ ၂၀၀၈ ခုနှစ်ကတည်းက ကုမ္ပဏီသက်တမ်း ကုန်ဆုံးနေပြီး ပို့ကုန်သွင်းကုန်လုပ်ငန်း လိုင်စင်သက်တမ်းမရှိတော့သည့် ကုမ္ပဏီဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သတင်းရရှိပါသည်။
“ကျွန်တော်တို့ ဘဏ္ဍာရေးနှစ်အလိုက် စာရင်းတွေပြန်ကြည့်တော့ စိုးမင်းထိုက်ကုမ္ပဏီက ၂၀၀၈ ခုနှစ်ကတည်းက ကုမ္ပဏီသက်တမ်းကုန်နေပြီ။ သက်တမ်းလည်း ထပ်တိုးခြင်းမရှိဘူး။ လိုင်စင်သက်တမ်းကုန်နေတဲ့ ကုမ္ပဏီလို့ ပြောရမှာပါ။ ၂၀၀၈ ကတည်းကဆိုတော့ သုံးနှစ်ကျော်ပါပြီ” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။
မြောက်ကိုရီးယားမှ  ရန်ကုန်အခြေစိုက် စိုးမင်းထိုက်ကုမ္ပဏီသို့ တင်ပို့သော လက်နက်အဆင့် ထုတ်လုပ်နိုင်သည့် ပစ္စည်းများပါသင်္ဘောအား ဂျပန်ဆိပ်ကမ်းတွင် ရပ်နားစဉ် ဝင်ရောက်ရှာဖွေခဲ့ခြင်း ဖြစ်သည်။
ယင်းသင်္ဘောတွင် သတ္တုပိုက်လုံး ၅၀ ခန့်၊ အထူးပြုလုပ်ထားသော အလူမီနီယံအလွိုင်းဘား ၁၅ ခုခန့်တို့ အပါအဝင် အခြားပစ္စည်းများကို တင်ဆောင်လာခြင်းဖြစ်ပြီး ယင်းပစ္စည်းများမှာ အနည်းဆုံးအားဖြင့် နျူကလီးယားလက်နက်စီမံကိန်းအတွက် လိုအပ်သောစက်ဒလက်များ ပြုလုပ်ရာတွင် အသုံးပြုနိုင်မည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
ဇူလိုင်လ ၂၇ ရက်နေ့က စင်ကာပူ၌ မှတ်ပုံတင်ခဲ့သော တန်ချိန် ၁၇၁၃၈ တန်ရှိသော Wan Hai 215 သင်္ဘောပေါ်တွင် ယင်းပစ္စည်းများ တင်ဆောင်လာခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်ဟု နိုင်ငံတကာသတင်းများတွင် ဖော်ပြထားသည်။ အဆိုပါ သတင်းပါအ ကြောင်းအရာများနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးကလည်း ပြန်လည်ငြင်းဆိုထားသည်။
“အကယ်၍ ဒီသတင်းမှန်တယ်ဆိုရင်တောင် အဲဒီသတင်းမှာပါတဲ့ သက်ဆိုင်ရာကုမ္ပဏီနဲ့သာ ဆိုင်ပါလိမ့်မယ်။ မြန်မာအစိုးရနဲ့ ပတ်သက်ခြင်း လုံးဝမရှိပါဘူး” ဟု နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ငြင်းဆိုထားသည်ဟု ရန်ကုန်တိုင်းမ်ဂျာနယ်တွင် ဖော်ပြထားသည်။
ရန်ကုန်အခြေစိုက် ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်သည့် စိုးမင်းထိုက်ကုမ္ပဏီသည် လွန်ခဲ့သည့် နှစ် ၂၀ ဝန်းကျင်မှစ၍ တရုတ်နိုင်ငံထုတ် စစ်တပ်သုံးထရပ်ကားများ အပါအဝင် စစ်တပ်သုံးပစ္စည်းအချို့ကို တင်သွင်းမှုများ လုပ်ဆောင်ခဲ့သည်ဟု ယင်းကုမ္ပဏီနှင့်နီးစပ်သည့် အသိုင်းအ၀ိုင်းမှ စုံစမ်းသိရှိရသည်။


Copy From Eleven Media Group Web Page
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free