ထောက်ခံစာ ပညာသင်ဆုပဲ လျှောက်လျှောက်၊ အလုပ်ပဲ လျှောက်လျှောက် ထောက်ခံစာ လိုတယ်။ တစ်ခါတည်း တွဲတင်ပေးဖို့ မဟုတ်ပေမယ့် ကိုယ့်ရဲ့ CV မှာ ထောက်ခံစာ ရေးပေးမယ့် လူပုဂ္ဂိုလ် အနည်းဆုံး နှစ်ဦး တင်ပြနိုင်ရမယ်။ ပညာသင်ဆု တွေမှာ များသောအားဖြင့် ထောက်ခံစာ သုံးစောင် တောင်းတတ်တယ်။ ကိုယ့်ကို ထောက်ခံပေးမယ့် သူတွေက အဖွဲ့အစည်း တစ်ခုတည်း မဟုတ်ဘဲ ကွဲပြား ခြားနားတဲ့ အဖွဲ့အစည်းစုံက ဖြစ်ရမယ်။
ထောက်ခံစာ ပေးပုံပေးနည်း ယေဘုယျ နှစ်မျိုးရှိတယ်။ ပထမပုံစံက ထောက်ခံ ပေးမယ့် သူက ထောက်ခံစာကို ကိုယ် တိုင်ရေး၊ လက်မှတ်ထိုး၊ Scan ဖတ်ပြီး E-mail မှာ attach လုပ်၊ သက်ဆိုင်ရာ အဖွဲ့အစည်းဆီ တိုက်ရိုက် ပေးပို့တာ။ ဒုတိယပုံစံက ထောက်ခံပေးမယ့် သူတွေဆီ ပညာသင်ဆု ပေးတဲ့ အဖွဲ့က လှမ်းပြီး ထောက်ခံစာ ရေးရမယ့် ပုံစံကို E-mail နဲ့ လှမ်းပို့တယ်။ အဲဒီပုံစံမှာဖြည့်ပြီး E-mail နဲ့ပြန်ပို့။ စာရေးသူ အမေရိကား ပညာသင်ဆု လျှောက်ခဲ့တုန်းက ပထမ ပုံစံကို သုံးခဲ့ရတာ။ ကိုယ့်ကို ထောက်ခံ ပေးတဲ့သူတွေ တော်တော် လက်ဝင်တယ်၊ အချိန် ပေးရတယ်။ သူတို့ကို အများကြီး ကျေးဇူးတင်ပါတယ်။

အဲဒီမှာ အရေး ကြီးတာက ထောက်ခံပေးမယ့် သူတွေ ဟာ E-mail ကတစ်ဆင့် သူတို့ရဲ့ ထောက်ခံစာတွေ ပေးပို့ရမှာ ဖြစ်လို့ ကိုယ်တိုင် E-mail ရှိတဲ့သူတွေ၊ ပုံမှန် အသုံးပြုတဲ့သူတွေ ဖြစ်ဖို့တော့ လိုပါ တယ်။ ဟိုဘက်က E-mail လှမ်းပို့တာ သူတို့က မစစ်ဖြစ်ရင်တော့ အလကား ဖြစ်မှာပေါ့။

တချို့က ထောက်ခံစာ ရဖို့ အခက်အခဲ ရှိကြတယ်။ ဆိုကြပါစို့၊ အကြောင်းအမျိုးမျိုးနဲ့ လုပ်ငန်းခွင်ထဲ မှာ အလုပ် မလုပ်ဖြစ်တာ၊ ကျောင်းနဲ့ အဆက်ပြတ်နေတာ၊ နယ်မှာရောက်နေ တာ၊ ကျွန်တော် အကြံပေးနိုင်တာက တော့ ကိုယ့်အသိ မိတ်ဆွေ၊ မိဘရဲ့မိတ် ဆွေတွေထဲက အခြေနည်းနည်း ကြီးတဲ့ သူတွေကို အကူအညီ တောင်းကြည့်နိုင် ပါတယ်။ ဆိုလိုတာ ဆရာဝန်၊ ကျောင်း ဆရာ၊ လုပ်ငန်းရှင် စသဖြင့် ကိုယ်ပိုင် E-mail ရှိပြီး လက်ရှိ အသုံးပြုနေတယ် ဆို ဖြစ်ပါတယ်။ စာရေးတဲ့သူဆိုရင် လည်း ကိုယ်ရေးတဲ့ဂျာနယ်တိုက်က အယ်ဒီတာတစ်ယောက်ယောက်ကို အကူအညီတောင်းနိုင်ပါတယ်။ ထုတ် ဝေသူတစ်ဦးဦးဆီကလည်း အကူအညီ တောင်းနိုင်ပါတယ်။

စာရေးသူ ကိုရီး ယားမှာကျောင်းတက်စဉ် အာဖရိကက လာတဲ့ ကျောင်းသားအချို့ဟာ ကျေးရွာ တွေက လာကြတာဖြစ်ပြီး ဘာအဆက် အသွယ်မှမရှိ၊ ထောက်ခံစာကို သူတို့နဲ့ နီးစပ်ရာမှာ ဆိုခဲ့သလို တောင်းခံပြီး ရောက်ရှိလာကြတာပါ။ စာဖတ်သူအချို့ က စာရေးသူနဲ့ E-mail ကတစ်ဆင့် ခင်မင်ပြီး ထောက်ခံစာ ရေးပေးနိုင် မလား မေးလာကြတာတွေရှိတယ်။ ထောက်ခံစာ ရေးတယ် ဆိုတာ သူ့ အကြောင်း၊ ကိုယ့်အကြောင်း အနည်း ဆုံး တစ်နှစ်၊ ၂ နှစ်လောက် သိမှ ကောင်းတာပါ။ ထောက်ခံစာမှာ ဒီလူ ကို ခင်ဗျားသိတာ ဘယ်လောက်ကြာ ပြီလဲဆိုတာမျိုး အမြဲမေးထားတတ် တယ်။ ဘယ်လိုသိတာလဲ၊ ဘယ်လောက် ထိသိတာလဲ ဆိုတာမျိုးပါတယ်။ ဆို တော့ စာရေးသူအနေနဲ့ အလှမ်းဝေးပြီး အခုမှ သိလာတဲ့ လူတစ်ယောက်ကို ထောက်ခံစာ ရေးပေးဖို့ ဆိုတာ တော်တော် စဉ်းစားရပါတယ်။

Copy From The Voice Weekly Web Page
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free