ရခိုင်ပြည်နယ်တစ်ဝန်း အဓိကရုဏ်းဖြစ်ပွားရာ မြို့နယ်အသီးသီးတွင် ပုဒ်မ ၁၄၄ အမိန့် ထုတ်ပြန်ထားသည်မှာ ဒီဇင်ဘာလ ၈ ရက်နေ့တွင် ၆ လ ပြည့်မြောက်သွားခဲ့ပြီဖြစ်ပြီး  အတန်အသင့်ငြိမ်လာသော်လည်း ယခု အချိန်အထိ ပြန်လည်ရုပ်သိမ်းခြင်းမရှိသေးကြောင်း မြို့နယ်အုပ်ချုပ်ရေးရုံးများမှ စုံစမ်းသိရှိရပါသည်။
မောင်တောမြို့နယ်တွင် ပုဒ်မ ၁၄၄ ကို ဆူပူမှုဖြစ်ပွားပြီး ၆ လမြောက်သော ဒီဇင်ဘာလ ၈ ရက်နေ့တွင် ထပ်မံကြေညာခဲ့ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှသတင်းရရှိသည်။ နောက်ဆုံးထုတ်ပြန်ခဲ့သော ညမထွက်ရ အမိန့်ကို အောက်တိုဘာလအတွင်းက ပြန်လည်ပြင်ဆင်ခဲ့ရာ  ည ၁၀ နာရီမှ နံနက် ၄ နာရီအထိဖြစ်ကြောင်းနှင့် အဆိုပါသတ်မှတ်ချက်အား ပြန်လည်ပြင်ဆင်ခြင်းမရှိဘဲ ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
စစ်တွေမြို့တွင် ဒီဇင်ဘာလ ၁၁ ရက်နေ့က ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်ကို ထပ်မံကြေညာခဲ့ကြောင်း သိရပြီး ထပ်မံပြင်ဆင်ခြင်း၊ လျှော့ချခြင်း၊ ရုပ်သိမ်းခြင်းများမရှိသေးကြောင်း ပြည်နယ်အစိုးရသတင်းထုတ်ပြန် ရေး ဆပ်ကော်မတီမှ သတင်းရရှိသည်။ မြောက်ဦးမြို့တွင် ထုတ်ပြန်ထားသည်ညမထွက်ရ အမိန့်မှာ ည ၇ နာရီ မှ နံနက် ၅ နာရီဖြစ်ကြောင်း၊ ညမထွက်ရအမိန့်အား ပြင်ဆင်ဖွယ်ရှိကြောင်းသိရှိရပါသည်။
`` ပုဒ်မ ၁၄၄ မရုပ်သေးတာ ကျွန်တော်တို့အတွက် ကောင်းပါတယ်။ မောင်တောက တခြားဒေသတွေ နဲ့မတူဘူး။ နယ်စပ်မြို့နယ်ဖြစ်တော့ အချိန်မရွေး ဆူပူမှုထပ်ဖြစ်လာနိုင်တာကြောင့် လုံခြုံရေးတွေရုပ်မသွားဖို့၊ ညမထွက်ရအမိန့်ကို မရုပ်သိမ်းဖို့ တောင်းဆိုနေကြရတဲ့မြို့ဖြစ်ပါတယ်။ အခုလည်း ည ၁၀ ထိ သွားလာလို့ရပေ မယ့် ည ၈ နာရီကျော်ရင် လမ်းမှာလူမရှိတော့ဘူး ဟု မောင်တောမြို့ခံတစ်ဦးကပြောသည်။
ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သည့်အရေးအခင်းကြောင့် ရခိုင်ပြည်နယ်ရှိမြို့နယ်အချို့တွင် ထုတ်ပြန် ကြေညာထားသည့် ညမထွက်ရအမိန့်ကို အောက်တိုဘာလ ၁၀ ရက်နေ့မှစတင်ကာ ပြောင်းလဲပြင်ဆင်သတ် မှတ်လိုက်ပြီဖြစ်ပြီး သံတွဲမြို့နယ်တွင် ထုတ်ပြန်ထားသည့် ယင်းအမိန့်အားလုံးဝ ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း သိရသည်။
မောင်တော၊ ဘူးသီးတောင်၊ စစ်တွေ၊ ရမ်းဗြဲ၊ ကျောက်ဖြူ၊ ကျောက်တော်မြို့နယ်များတွင် ယခင်သတ် မှတ်ထားသည့် ည(၇) နာရီမှ နံနက်(၅)နာရီအထိ ညမထွက်ရဟု ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၄၄ အမိန့်အစား အောက်တိုဘာလအတွင်းမှစ၍ ည (၁၀)နာရီမှ နံနက်(၄)နာရီ အထိပြောင်းလဲသတ်မှတ်လိုက်ပြီးဖြစ်ကြောင်း၊ မြောက်ဦးမြို့တစ်မြို့တည်းသာ ညနေ (၇)နာရီမှ နံနက် (၅) နာရီဖြစ်ကြောင်းလည်းသိရသည်။
လက်ရှိအချိန်တွင် ရခိုင်ပြည်နယ်အတွင်း စစ်တပ်၊ နစက၊ ရဲတပ်ရင်း၊ ရဲတပ်ဖွဲ့ဝင်များ  အင်အားအပြည့် ချထားနိုင်မှု၊  ဒေသဆိုင်ရာအဖွဲ့အစည်းများမှစနစ်တကျ ထိန်းသိမ်းကြပ်မတ်နိုင်မှုတို့ကြောင့် ဒေသတွင်းတည် ငြိမ်အေးချမ်းမှုအတန်အသင့် ရရှိလာပြီဖြစ်သော်လည်း ယခင်သတ်မှတ်ထားသည့် ညမထွက် ရအမိန့်အတိုင်း မြို့နယ်အသီးသီးရှိ မြို့နယ်အုပ်ချုပ်ရေးမှူးများမှလက်မှတ် ရေးထိုးထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ် ပြီး ဤအမိန့် သည် နောက်ထပ်အမိန့် တစ်စုံတစ်ရာ မရမချင်း အတည်ဖြစ်ကြောင်းလည်း သိရသည်။


Copy From Eleven Media Group Web Page
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free