တရုတ်ပြည်သူ့သမ္မတနိုင်ငံ Chery Automobile Co., Ltd. မှ မြန်မာနိုင်ငံသို့ တင်သွင်း ခဲ့သော QQ3 မော်တော်ယာဉ်နှင့် M.Mini မော်တော်ယာဉ် များတွင် အစိတ်အပိုင်း အချို့၌ အဆုတ် ကင်ဆာရောဂါနှင့် အသက်ရှူ လမ်းကြောင်းရောဂါ ဖြစ်စေနိုင်သည့် Asbestos ကို တပ်ဆင် အသုံးပြုထားခြင်း ရှိ/မရှိ ကိစ္စနှင့်ပတ်သက်၍ ဦးစွာ Chery Automobile Co., Ltd. မှ Austra
lia နိုင်ငံသို့ တင်ပို့ခဲ့ သည့် Chery ကားများအနက် J3 Sedan နှင့် T11 Sports – Utility Vehical မော်တော်ယာဉ် စုစုပေါင်း ၂၃၀၀၀ တွင် Exhaust System ရှိ Gaskets နှင့် Sales များတွင် Asbestos ပါဝင်ခဲ့ကြောင်း Australia နိုင်ငံမှ Chery Automobile Co., Ltd.သို့ အကြောင်းကြား သည်မှစ၍ မြန်မာနိုင်ငံရှိ ဂျာနယ်များတွင် လည်းကောင်း၊ လွှတ်တော်သို့ စက်မှုကဏ္ဍ ဆိုင်ရာ မေးခွန်းများတွင် လည်းကောင်း၊ မေးမြန်းခြင်း၊ ဖြေကြားခြင်းများ ဖြစ်ပေါ်လာခဲ့ကြောင်း သာဓက တစ်ရပ်ရှိခဲ့ပါသည်။

ထို့ကြောင့် စက်မှုဝန်ကြီး ဌာနသည် မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းမှ ကျွမ်းကျင်သူ အင်ဂျင်နီယာများ ဖြစ်ကြသော ဦးအုန်းမြင့် (တွဲဖက် အထွေထွေ အတွင်းရေးမှူး)၊ ဦးခင်မောင်ချို (Secretary Automobile Engineering Technical Division)၊ ဦးအောင်မျိုးလှ (သတင်းထောက်၊ ရန်ကုန်မီဒီယာ အုပ်စု)၊ ဦးဝင်းလွင်ခိုင် (သတင်းထောက်၊ The Voice Weekly) နှင့် စက်မှု ဝန်ကြီးဌာန ဦးသီရိဦး (လက်ထောက် အထွေထွေမန်နေဂျာ) စုစုပေါင်း ငါးဦး ပါဝင်သော လေ့လာရေး အဖွဲ့ကို ဖွဲ့စည်း၍ အောက်တိုဘာလ ၁၇ ရက်မှ ၂၂ ရက်နေ့အထိ QQ3 နှင့် M.Mini မော်တော်ယာဉ် ထုတ်လုပ်သော တရုတ်ပြည်သူ့ သမ္မတနိုင်ငံ Chery Automobile Co., Ltd.သို့ သွားရောက် လေ့လာခဲ့ပါသည်။

ဖွဲ့စည်းတာဝန် ပေးအပ်မှုအပေါ် မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း၊ ဥက္ကဋ္ဌမှ အသင်း အနေဖြင့် တာဝန်ကြီးသဖြင့် အလေးထား ဆောင်ရွက်ရန် အတွက် နည်းပညာနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှု၊ ဓာတ်ခွဲခန်း ရလဒ်များနှင့် ကျန်းမာရေး ရှုထောင့်တို့အပေါ် အခြေခံ၍ Asbestos ပါဝင်ပတ်သက်နိုင်သည့် Transmission, Brake System နှင့် Exhaust System ရှိ ပစ္စည်းရှစ်မျိုးဖြစ်သော Clutch Driven Disc, Front Brake Traction Block, Rear Brake Shoe, Gasket Intake Manifold, Gasket Cylinder Head, Gasket Exhaust Manifold, Gasket Exhaust Pipe, Gasket or Seal လေ့လာမှုများ ပြုလုပ်ခဲ့ပါသည်။

Vice President Mr.Haiyan Wu မှ ကုမ္ပဏီ၏ စတင် တည်ထောင်ပုံ၊ ဖွဲ့စည်းပုံ၊ နိုင်ငံပေါင်း ၁၉ နိုင်ငံ တွင် စတင် ဆောင်ရွက်လျက် ရှိပုံများနှင့် သုံးနိုင်ငံတွင် အစိတ်အပိုင်းများ အားလုံး ထုတ်လုပ် တပ်ဆင်လျက်ရှိရာ တစ်နှစ်လျှင် ကားအမျိုးအစားပေါင်း ၂၈ မျိုးကို အစီးရေ ခုနစ်သိန်းခန့် ထုတ်လုပ်လျက် ရှိကြောင်း Video Slide Show ဖြင့် ရှင်းလင်းပြောကြားပြီး သြစတြေးလျ နိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော Asbestos ကိစ္စနှင့် ပတ်သက်၍ ကုမ္ပဏီမှ မိမိကိုယ်တိုင် လိုက်ပါပြီး Customer များ ကျေနပ်သည် အထိ အစီးရေ ၁၈၀၀၀ ကျော်ကို သွားရောက်လဲလှယ် တပ်ဆင် ပေးခဲ့ကြောင်း၊ ဤသို့ ဖြစ်ရခြင်းမှာ ကုမ္ပဏီ အနေဖြင့် ပစ္စည်းအားလုံးအား ကိုယ်တိုင်ထုတ် လုပ်ခြင်း မပြုလုပ်ဘဲ တစ်ဆင့် မှာယူသည့် စက်ရုံမှ ပြုလုပ်ပေးသွင်းသည့် ပစ္စည်းကို တပ်ဆင်မိ၍ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ကြောင်း၊ အဆိုပါ ပစ္စည်း ပေးသွင်းသော စက်ရုံအား အရေးယူမှုများ ပြုလုပ်ပြီးဖြစ် ကြောင်း ရှင်းလင်း ပြောကြားရာ မြန်မာအဖွဲ့က မြန်မာနိုင်ငံသို့ တင်ပို့ခဲ့သော Chery QQ3, M.Mini ကားများတွင် Asbestos ပါဝင်မှု ရှိ မရှိ မေးမြန်းရာ Vice President မှ လုံးဝ မရှိပါကြောင်းနှင့် မြန်မာနိုင်ငံသို့ တင်ပို့သည့် အရေအတွက်မှာ စုစုပေါင်း ၄၀၀၀ ခန့်သာရှိပြီး ကုမ္ပဏီတစ်နှစ် ထုတ်လုပ်မှု တစ်ရာခိုင်နှုန်းပင် မရှိကြောင်းနှင့် Chery Automobile Co., Ltd.သည် နိုင်ငံတော်ပိုင် စက်ရုံဖြစ်ပြီး နိုင်ငံတကာ စံချိန်စံညွှန်း များနှင့်အညီ စစ်ဆေး ထုတ်လုပ်၍ နိုင်ငံခြား သို့ နှစ်စဉ် အရေအတွက် အများဆုံး တင်ပို့နိုင်သဖြင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ချီးမြှင့်ခဲ့သော ဆုတံဆိပ်ကို ၁၀ နှစ်ဆက်တိုက် ချီးမြှင့်ခံရသော ကုမ္ပဏီ ဖြစ်ပါကြောင်း၊ Design များမှာလည်း ကိုယ်ပိုင် Design များဖြစ်ပြီး Environment ကို ထည့်သွင်းစဉ်းစား ခဲ့ပါကြောင်း၊ After Sale Service ကို အစဉ်ဆောင်ရွက် ပေးလျက်ရှိ ပါကြောင်း၊ Research Center အနေဖြင့် Asia တွင် အကြီးဆုံးနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အတွင်းရှိ ထုတ်လုပ်သော ကားများ၏ Crash Test အမျိုးမျိုးအား မိမိကုမ္ပဏီမှ တာဝန်ယူ စစ်ဆေးပေးလျက် ရှိကြောင်း၊ ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော်ရှိ စက်မှုဝန်ကြီး ဌာနနှင့် Chery Automobile Co., Ltd. တို့ ပူးပေါင်း၍ ထုတ်လုပ်ရေး စက်ရုံ တည်ထောင် ဆောင်ရွက်ရန် စတင်ဆောင်ရွက် နေပြီဖြစ်ပါ ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

မြန်မာအဖွဲ့သည် Asbestos ပါဝင်နိုင်သည့် ပစ္စည်းများနှင့် ပတ်သက်၍ မြန်မာနိုင်ငံသို့ တင်သွင်းခဲ့သည့် ယာဉ်များတွင် Asbestos မပါဝင်သည့် အထောက်အထား စာရွက်စာတမ်းများ၊ SGS မှ Test Report များ၏ မူရင်းများကို ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

၂၀-၁၀-၂၀၁၂ ရက်နေ့ နံနက် ၀၈း၀၀ နာရီတွင် Chery Automobile Co., Ltd.မှ Vice President Mr.Haiyan Wu ဦးဆောင်သော အဖွဲ့ဝင်များနှင့် နောက်ဆုံးအကြိမ် ထပ်မံဆွေးနွေးမှု များ ပြုလုပ်ပြီး Asbestos ပါဝင်နိုင်သော အစိတ်အပိုင်း အချို့ကို နမူနာအဖြစ် တောင်းယူခဲ့ပါသည်။ ထို့နောက် Kuming မြို့သို့ ထွက်ခွါခဲ့ပြီး Kuming မြို့အတွင်းရှိ Chery Automobile Co., Ltd.ပိုင် Sale & Service Centre နှစ်ခုသို့ သွားရောက် လေ့လာပြီး၍ Exhaust လိုင်းရှိ Gasket, Seal များ လဲလှယ်တပ်ဆင်မှုကို အသေးစိတ်ကြည့်ရှု စစ်ဆေးခဲ့ပြီး Chery Automobile Co., Ltd.မှ ပေးပို့လာသော ပစ္စည်း အစိတ်အပိုင်း များနှင့် Test Report အား စစ်ဆေး၍ လက်ခံခဲ့ကာ မြန်မာလေ့လာရေး အဖွဲ့ဝင်များ စုပေါင်း ဆွေးနွေး ဆုံးဖြတ်ကြလျက် ရန်ကုန်ရောက်ရှိပါက ဆက်လက် စစ်ဆေး ရမည့် လုပ်ငန်းစဉ်များကို ချမှတ်ခဲ့ပါ၏။

ရန်ကုန် ပြန်ရောက်ပြီး အဖွဲ့ဝင်များ ဖြစ်ကြသော ဦးခင်မောင်ချို နှင့် ဦးသီရိဦးတို့သည် အမှတ် (၁) အကြီးစား စက်မှုလုပ်ငန်း လက်အောက်ရှိ အမှတ် (၁၁) အကြီးစားစက်ရုံ (ရန်ကုန်) တွင် တပ်ဆင် လျက်ရှိသော M.Mini မော်တော်ယာဉ်ရှိ Exhaust System မှ Gasket, Seal တို့ကို အသေးစိတ် ထပ်မံစစ်ဆေးပါသည်။ ၂၃-၁၀-၂၀၁၂ ရက်နေ့တွင် အဖွဲ့ဝင်များ ဖြစ်ကြသော ဦးအုန်းမြင့်နှင့် ဦးခင်မောင်ချို တို့သည် ကိုယ်ပိုင် ဝယ်ယူထားသော Chery ကား QQ3 တစ်စီး၏ Exhaust System ရှိ Gasket, Seal သုံးကွင်းကိုဖြုတ်၍ ထပ်မံစစ်ဆေး ခဲ့ပါသည်။ ညနေပိုင်းတွင် ဦးအုန်းမြင့်နှင့် ဦးခင်မောင်ချို တို့နှစ်ဦး M.Mini နှင့် QQ3 ကားတို့တွင် Asbestos ပါဝင်နိုင်ခြေ ရှိသော အစိတ်အပိုင်း ရှစ်မျိုး၏ အခြေအနေ စစ်ဆေးခဲ့ကြပါသည်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ Chery Automobile Co., Ltd.မှ ထုတ်လုပ်၍ မြန်မာနိုင်ငံသို့ တင်သွင်းထားသည့် Chery QQ3 မော်တော်ယာဉ်နှင့် စက်မှု ဝန်ကြီးဌာန၊ အမှတ် (၁) အကြီးစားစက်မှု လုပ်ငန်းမှ ထုတ်လုပ်သည့် M.Mini မော်တော်ယာဉ် တို့တွင် အချို့ အစိတ်အပိုင်းများ၌ အဆုတ်ကင်ဆာ ရောဂါနှင့် အသက်ရှူ လမ်းကြောင်း ဆိုင်ရာ ရောဂါ ဖြစ်စေနိုင်သည့် Asbestos အား တပ်ဆင် အသုံးပြု ထားခြင်း ရှိ/မရှိကို လေ့လာနိုင်ရန် အတွက် Clutch Driven Disc, Front Brake Traction Block, Rear Brake Shoe, Gasket Intake Manifold, Gasket Cylinder Head, Gasket Exhaust Manifold, Gasket Exhaust Pipe, Gasket or Seal ပစ္စည်းရှစ်မျိုးကို အထူး အလေးထား စစ်ဆေးခဲ့ရာ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံရှိ နိုင်ငံခြား ဓာတ်ခွဲခန်း Societe General de Surveillance မှ စစ်ဆေးပေးသော Test Report နှင့် Visual Inspection များအရ Non-Asbestos Gasket Sheet များဖြစ်ကြောင်း၊ Report တွင် Asbestos ခြောက်မျိုး ဖြစ်သော Actinolile, Amosite, Anthophyllite, Chrysotile, Crocidolite, and Tremolite တို့အား Negative=(the absence of asbestos) ဟု ဖော်ပြထား သည့်အပြင် Chery Automobile Co., Ltd. မှ ထုတ်လုပ်သော Clutch Driven Disc ပေါ်တွင် Asbestos free and Lead free ဟု ရိုက်နှိပ်ထားသည်ကို မြင်တွေ့ရသည်။

သို့ဖြစ်ပါ၍ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ Chery Automobile Co., Ltd.မှထုတ်လုပ်၍ မြန်မာနိုင်ငံသို့ တင်သွင်း ထားသည့် Chery QQ3 မော်တော်ယာဉ်နှင့် စက်မှု ဝန်ကြီးဌာန၊ အမှတ်(၁) အကြီးစား စက်မှုလုပ်ငန်းမှ ထုတ်လုပ်သည့် M.Mini မော်တော်ယာဉ် တို့တွင် အချို့အစိတ်အပိုင်း များ၌ Societe Generale de Surveillance (SGS) ၏ Test Report များအရသော်လည်းကောင်း၊ Chery Automobile Co., Ltd. သည် စနစ်တကျ နိုင်ငံတကာ စံချိန်မီ ထုတ်လုပ် လျက်ရှိသော နိုင်ငံတော်ပိုင် စက်ရုံ ဖြစ်ခြင်းကြောင့် သော်လည်း ကောင်း၊ သွားရောက်လေ့လာ ကြည့်ရှုစစ်ဆေး ခဲ့သော မြန်မာကိုယ်စားလှယ် အဖွဲ့၏ စစ်ဆေး တွေ့ရှိချက် အရသော်လည်းကောင်း၊ မြန်မာနိုင်ငံသို့ တင်သွင်း ထားသည့် Chery QQ3 မော်တော်ယာဉ်နှင့် စက်မှု ဝန်ကြီးဌာန၊ အမှတ်(၁)အကြီးစား စက်မှုလုပ်ငန်းမှ ထုတ်လုပ်သည့် M.Miniမော်တော် ယာဉ် တို့တွင် ပတ်ဝန်းကျင်အား ထိခိုက်စေနိုင်သည့် အဆုတ်ကင်ဆာ ရောဂါနှင့် အသက်ရှူ လမ်းကြောင်း ရောဂါဖြစ်စေနိုင်သည့် Asbestos အစိတ်အပိုင်းများ မပါရှိကြောင်း၊ အများပြည်သူ သိရှိနိုင်ရန် The Voice မှ တစ်ဆင့် တင်ပြအပ်ပါသည်။

ဦးအုန်းမြင့်၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း

(မှတ်ချက် - ဤပေးစာမှာ စာရေးသူ၏ အာဘော်သာဖြစ်ပါသည်။ အယ်ဒီတာ)

Copy From The Voice Weekly facebook page
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free