ပုလဲဝင်း


ရွှေမှုံရတီ


ဂန္ဒဝင်

ယွန်းဝတီလွင်မိုး

နွယ်ဒါလီထွန်း
မြန်မာမော်ဒယ်လေးတွေကို မြန်မာဝတ်စုံနဲ့ ဝတ်ပြီးရိုက်ထားတဲ့ ဓာတ်ပုံက တဖြည်းဖြည်းရှားလာပါတယ်။ သိကြတဲ့အတိုင်း တိုမှ ခေတ်မှီနေတဲ့ ခေတ်မှာ ဒီလိုမျိုး အလှပုံလေးတွေက တစ်မျိုးတစ်ဘာသာ ထူးခြားနေပါလိမ့်မယ်။ တလောတုန်းကလာတဲ့ အင်တာဗျူးမှာ မော်ဒယ်မလေးတစ်ယောက်ဖြေတာလေးကို ဖောက်သည် ပြန်ချချင်ပါတယ်။ " သမီးက မြန်မာဝတ်စုံဝတ်ရမယ်ဆိုတော့ စိတ်လှုပ်ရှားနေပါတယ် တခါမှလည်း မဝတ်ဖူးဘူးဆိုတော့လေ" တဲ့ ကဲ ပြတ်ကရောပဲ ဒဲ့ဒါမြန်မာတဲ့လားဗျာ။
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

အာကြီး ဖြူဖြူ အနဂ္ဂ ရန်ရန်ချမ်း
PSY ရဲ့ Gangnam Style ကိုတော့ လူတိုင်းလဲ သိနေကြပါပြီ။ ခုလဲ ဖြူဖြူကျော်သိန်း Rဇာနည် ရန်ရန်ချန်းနဲ့ အနဂ္ဂတို့လေးယောက် Gangnam Style ကနေကြပုံလေး ပရိတ်သတ်ကို မျှပေးလိုက်ပါတယ်။ တလောလေးတုန်းကလဲ ထမိန်ကြီးတွေနဲ့ အပီကြမ်းပြီး Gangnam Style ကို ထမိန်တွေနဲ့ ကနေပုံလေးတင်ပေးလိုက်တယ်။ PSY ကတော့ မြန်မာပြည်မှာတော့ ပါလေရာ ငပိချက်ဖြစ်နေပြီထင်ပါ့။ သူလဲ ခုတော့ သန်းကြွယ်သူဋ္ဌေးဖြစ်သွားပါပြီ။ သီချင်းတစ်ပုဒ်တန်ဖိုး ဘယ်လောက်ကြီးလဲ ခုမှပဲ သိတော့တယ်။

ထမိန်နဲ့ ဂန်နမ်နေကြသည်ကို ကြည့်လိုလျှင် ----> http://yawaitun.blogspot.com/2012/12/ghanam-style.html

Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

လင်းလင်း

ချစ်သုဝေ



ဖြူဖြူကျော်သိန်း

Jason Mraz with Phyu Phyu Kyaw Thein


Slot Machine Band's Performance 

Jason Mraz's  Performance


 





လူကုန်ကူးမှု တားဆီကာကွယ်ရေး ဗဟိုအဖွဲ့နှင့်MTV EXIT တို့မှ
ပူးပေါင်း၍ လူကုန်ကူးမှု အန္တရာယ် အသိပညာပေးတေးဂီတဖျော်ဖြေပွဲကို ဒီဇင်ဘာလ ၁၆ရက်နေ့က ပြည်သူ့ရင်ပြင်၌ ကျင်းပခဲ့ကာ ကမ္ဘာကျော်အဆိုတော် Jason Mraz နှင့်
Slot Machine တို့လာရောက်ဖျော်ဖြေခဲ့ပြီး မြန်မာပြည်မှ နိုင်ငံကျော်အဆိုတော်ဖြစ်ကြသော ဖြူဖြူကျော်သိန်း၊ ချစ်သုဝေ၊ လင်းလင်းနှင့် Rဇာနည်တို့မှလည်း ပါဝင်ဖျော်ဖြေခဲ့သည်။ ထိုပွဲမှာ Free Show လည်းဖြစ်တာနဲ့ အညီ အထူးလူစည်ကားခဲ့ကြောင်း ရင်ပြင်အပြည့်လာရောက်ကြည့်ရှုခဲ့ကြကြောင်းလဲ သိရှိရသည်။ ဓာတ်ပုံများမှာ ပေါ်ပြူလာနယူးစ် ဖေ့ဘုတ်မှ ဖြစ်သည်။
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

မြန်မာနိုင်ငံမှာ သမိုင်းဝင် ဖျော်ဖြေပွဲအဖြစ်လာရောက်ဖျော် ဖြေမယ့်ဥရောပအဆိုကျော်၊ ဂရမ်မီ ဆုရှင်ဂျေဆင်မရက် (Jason Mraz) က သူ့ရဲ့ ယခုဖျော်ဖြေပွဲ ခရီးစဉ်အကြောင်းနဲ့ သီဆိုဖျော် ဖြေမည့်သီချင်းအချို့ကို  Hollywood Reporter မှာ ဖောက်သည်  ချသွားပါတယ်။ ဒီဇင်ဘာ ၁၆ ရက်    ရန်ကုန်ပြည်သူ့ရင်ပြင်မှာ ကျင်းပ မည့်အဆိုပါဖျော်ဖြေပွဲဟာ လူကုန် ကူးမှုတိုက်ဖျက်ရေးအစီအစဉ်တစ် ခုအနေနဲ့  MTV EXIT ကနေစီစဉ်  ကျင်းပတာပါ။ အဆိုပါဖျော်ဖြေ ပွဲမှာတော့  Jasen Mraz ဟာ သူ့ရဲ့ နာမည်ကျော် Qwastic သီချင်း တွေဖြစ်တဲ့  ’ I Wan’t Give Up’ နဲ့ ‘The Remedy’ တို့ကို ထည့်သွင်း    သီဆိုသွားမှာဖြစ်ပြီး သူ့ရဲ့နောက် ဆုံးဖြန့်ချိထားခဲ့တဲ့ အယ်လ်ဘမ် ထဲမှ သီချင်းတွေတော့ပါဝင်မှာ မဟုတ်ဘူးလို့ဆိုသွားပါတယ်။

ခိုင်မာ(Ref; Hollywood Reporter)


Copy From Hot News Weekly Web page
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati




သက်မွန်မြင့်
 မြန်မာသရုပ်ဆောင်တွေထဲက မှ လူချစ်လူခင်များလှတဲ့ သက်မွန်မြင့်ရဲ့ ခပ်မိုက်မိုက် ဓာတ်ပုံတချို့ကို ရှာဖွေတင်ဆင်လိုက်ပါတယ်။ဖေ့ဘုတ်မှ ကူးယူထားခြင်းဖြစ်ပါသည်။
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

သက်မွန်မြင့်
အိန်အိန်းက မင်းနဲ့တို့ ချစ်တာ ဆိုပြီး ဒီလို သီချင်းလေးတစ်ပုဒ်ကို ဆိုပြီး တင်လိုက်တယ်။ သီချင်းလဲ ပျက်၊ လူတွေလဲ ရှက်၊ ယဉ်ကျေးမှုတွေတော့ ခက်ပါပြီဆိုပေမယ့် ခွင့်ပြုခဲ့ပါတယ်။ နောက်တစ်ခါ ယုန်လေးရဲ့ သီချင်းခွေ ။ အတည်လား နောက်တာလား ဆိုပေမည့် လူအများကတော့ လက်မခံခဲ့ကြပြန်ပါဘူး။ ဒါရိုက်တာရဲ့ ဗီဒီယိုဖိုင်။ မော်ဒယ်ဆိုတာ ဖော်ဟယ်ဆိုပြီး ခိုင်းစေဖို့များလား ထင်ရမတတ်။

နာမည်ကျော်မင်းသမီး သက်မွန်မြင့်က နမ်းရမည့် ဇာတ်ဝင်ခန်းကို ရိုက်ကူးရန် ငြင်းဆန်သောကြောင့် ဇာတ်လမ်းေ ကာင်းသည့် ရုပ်ရှင်တကားကို လက်လွှတ်လိုက်လိုက်ရမည့် အခြေအနေဖြစ်နေသည် ဟု အလင်းတန်း ဂျာနယ်သို့ ပြောပြသည်။
ကျွန်မကနှင်းဆီပါမောင် အမည်ရှိ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးမည့် ဒါရိုက်တာဝိုင်းက အဆိုပါ ဇာတ်ဝင် ခန်းက အရေးကြီးသည့် ဇာတ်ဝင်ခန်းဖြစ်သောကြောင့် “မဖြုတ်ပေးနိုင်ဘူး” ဟု မှတ်ချက်ပြုထားကြောင်း သက်မွန်မြင့် က ပြောသည်။တနင်္လာနေ့ထုတ် အလင်းတန်းဂျာနယ်တွင် ယင်းသို့ ပြော ဆိုလိုက်ခြင်း ဖြစ် သည်။
[thet+mon+myint+2+sep+03+hanthit+mag.jpg]
မနမ်းချင်တဲ့ သက်မွန်မြင့်
“သက်မွန်ရဲ့ ပရိသတ်တွေကလည်း အဲဒါမျိုးတော့ လက်မခံဘူး ထင်ပါတယ်။ နောက် ထားသခင်ရဲ့ စရိုက်ကလည်း ဒါမျိုး မဟုတ်ဘူး ထင်ပါတယ်” ဟု သက်မွန်မြင့်က အလင်းတန်းဂျာနယ်ကို ရှင်းပြသည်။
ယခင်ကလည်း ဒါရိုက်တာဝိုင်း ရိုက်ကူးခဲ့သည့် ဇာတ်ကားတခုနှင့် ပတ်သက်ပြီး သူ၏ ပရိသတ်က ငြိုငြင်ခဲ့ဖူးသည်ဟု မင်းသမီးက ဆိုသည်။

“Sexy Dance ကခိုင်းတာ။ မလုပ်လို့ မရဘူး ဆိုလို့ ရိုက်ခဲ့တယ်။ ပရိသတ်တွေက သူ့ကို မပြောဘူး။ သက်မွန်ကိုပဲ ၀ိုင်းပြီး ပြောကြတာလေ” ဟု မင်းသမီးက ပြောသည်။

ဒါရိုက်တာဝိုင်းနှင့် ရိုက်ကူးသည့် ဇာတ်ကားတိုင်း အောင်မြင်ခဲ့ကြောင်း၊ ပုဂ္ဂိုလ်ရေးအရ ပြဿနာ မရှိကြော င်း၊ ဒါရိုက် တာကို ဆရာလုပ်ခြင်းလည်း မဟုတ်ကြောင်း မင်းသမီးသက်မွန်မြင့်က ပြောသည်။
ချင်းတိုင်း ရင်းသူတဦးဖြစ်သည့် မင်းသမီးချောသက်မွန်မြင့်သည် ဒါရိုက်တာဝိုင်း ရိုက်ကူးသည့်  “အာဒမ် ရယ် ၊ ဧ၀ ရယ်၊ ဒသရယ်” နာမည်ကျော် ဇာတ်ကားဖြင့် အကယ်ဒမီသက်မွန်မြင့် ဖြစ်လာခဲ့သည်။


Copy From OppositEye
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati


sexy myanmar model meme thukha

မြန်မာsexy မော်ဒယ် မီးမီးသုခ

မြန်မာမော်ဒယ် မီးမီးသုခ
တက်သစ်စ မြန်မာမော်ဒယ်လေး တစ်ဦးဖြစ်တဲ့ မီးမီးသုခရဲ့ ဓာတ်ပုံများဖြစ်ပါတယ်။ သူလည်း တက်သစ်စမော်ဒယ်ဖြစ်သည့် အားလျော်စွာ အနည်းငယ် sexy ဆန်ပါတယ်။ မေးလ်ထဲကို မြန်မာမော်ဒယ်လေးတွေရဲ့ ပုံတင်ခိုင်းတဲ့ လူတွေ ရှိလာတဲ့အတွက် ကျွန်တော့်အကြိုက်နဲ့ စာဖတ်သူအကြိုက်ဖြစ်နိုင်မယ့် မော်ဒယ်လေးတွေပုံကို အခါအားလျော်စွာ ရွေးချယ်တင်ပြသွားမည် ဖြစ်သည်။ အားပေးကြသူများအားလုံးကို ကျေးဇူးအထူးတင်ရှိပါသည်။
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

ဂီတအနုပညာရှင်ကြီး (ဒေါ်) မာမာအေး ဒီဇင်ဘာ ၇၊ မြန်မာပြည် ခေတ္တ ပြန်လာမည်
မိုးမခ၊ (ဒေါ်) မာမာအေးဖေ့စ်ဘွတ်၊ ဒီဇင်ဘာ ၅၊ ၂၀၁၂
          (ဒေါ်) မာမာအေးရဲ့ ဖေ့စ်ဘွတ်မှာ အောက်ပါအတိုင်း ရေးထားတာကို တွေ့ရပါတယ်။
“ချစ်ဆွေတို့ရေ
တနေ့တော့ပြန်လာမယ်ဆိုလို့မျှော်နေကြတဲ့မာအေးချစ်တဲ့သူ၊မာအေးကိုချစ်တဲ့သူအားလုံးမာအေးပြန်လာပြီနော်
ရန်ကုန်မင်္ဂလာဒုံလေဆိပ်ကိုစင်္ကာပူလေကြောင်းနဲ့ဒီဇင်ဘာရက်၊နံနက်၉း၂၀နာရီမှာဆိုက်ရောက်မယ်။ ကိုယ်ချစ်တဲ့မြေကိုပြန်လည်ခြေချရတော့မယ်
ချစ်ဆွေတို့ရေမကြာခင်မှာပြန်လည်ဆုံစည်းကြမယ်နော် …
ချစ်တဲ့မာအေး …”
(ဓာတ်ပုံ ဖေ့စ်ဘွတ်)


Copy From MoeMaKha Media Web Page
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Myanmar Model Nwe Darle Htun

Nwe Darle Htun

နွယ်ဒါလီထွန်း


Nwe Darle Htun

နွယ်ဒါလီထွန်းရဲ့ ချစ်စရာ မျက်နှာပေး
 မနေ့ကတောင် သူ့ပုံလေး တစ်ပုံတင်လိုက်မိသေးပါတယ်။ ဒီနေ့ ထပ်တွေ့တော့ ထပ်တင်လိုက်မိတယ်။ တကယ့်ကို ဆွဲဆောင်မှုရှိတဲ့ မျက်နှာ အမူအရာတွေနဲ့ အောက်က POST က ရွှေစင်နဲ့များ ကွာပ ဗျာ။ မောင်ဖိုးဥာဏ် ဖေ့ဘုတ်စာမျက်နှာမှ ကူးယူဖော်ပြပါသည်။

  
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

အမြင်မတော် ဆင်တော်နဲ့ ခလောက် ဖြစ်နေကြပြီ
 PSY ရဲ့ Ghanam Style သီချင်းဟာ ဂင်းနစ်စံချိန်ဝင်သည် အထိပေါက်သလို နိုင်ငံတကာကို သူ့ရဲ့ မြင်းစီးအကလဲ ပေါက်ရောက်သွားပါတယ်။ တခါတလေကျတော့ ကြည့်ရတာ အဆင်ပြေသလို တခါတလေတော့လဲ အဆင်မပြေပါဘူး။ ခုကြည့်လေ ထမိန်နဲ့ မြင်းစီးအကကတာ ဘယ်လိုမြင်သလဲ ကျွန်တော်ကတော့ tag ပေးထားသလို အမြင်မတော် ဆင်တော်နဲ့ ခလောက်လို့ပဲ မြင်ပါတယ်။ နေရာတကာ Ghanam Style ကို ကနေကြတာပဲ တလောလေးက မြောက်ဥက္ကလာဘက်သွားတာ ကထိန်အလှူခံတာတောင် ကောင်လေးတွေ Ghanam Style သီချင်းဖွင့်ပြီး မြင်းစီးအက ကပြီး အလှူခံနေတာ တွေ့လိုက်ရသေးတယ်။ တခါတလေတော့ရီရသလို တခါတလေတော့လည်း စိတ်ပျက်မိတာ အမှန်ပဲ။
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

ဖင်ပေးကောင်းတဲ့ မမ (သို့) ရွှေစင်

မြန်မာမော်ဒယ် ရွှေစင်


မကြီးကြီးအောင် လုပ်ပေးနေတယ်

 သူ့ကိုယ်သူတော့ အောင်မြင်တဲ့ အနုပညာရှင် တစ်ယောက်လို့ ရွှေစင်ကပြောပါတယ်။ စကားပြောတိုင်းလဲ သူ့ကို ချစ်တဲ့ ပရိတ်သတ်ကြီးဆိုပြီး ထည့်ထည့်ပြောလေ့ရှိပါတယ်။ ကျွန်တော့်အမြင်နဲ့ သူ့ရဲ့ လက်ရှိအနုပညာလုပ်ငန်းတွေ အရဆိုရင်တော့ အောင်မြင်တယ်လို့ မရှိပါဘူး။ ကြွားစိန်တစ်ယောက် အနေနဲ့ လူသိများရုံပဲရှိမှာပါ။ ရိုက်သမျှ ပုံတွေကလဲ Sexy ပုံတွေ များလှပါတယ် ဓာတ်ပုံများကို မောင်ဖိုးဥာဏ်ဖေ့ဘုတ်စာမျက်နှာမှာ တွေ့လို့ ကူးရင်း အတင်းချခြင်းမျှသာ ဖြစ်ပါသည်။ ပုံထဲမှာ ဆိုင်ကယ်ကြော်ငြာတာလား လူကြော်ငြာတာလားဆိုတာကတော့ စာဖတ်သူတို့ပဲ ဆုံးဖြတ်ပါတော့ ။အခုတလော သရုပ်ပျက် မော်ဒယ်အိုက်တင်တွေကလဲ မမြင်ချင်မှ အဆုံးပါပဲလား။ သူတို့ရိုက်လေ ဖြန့်လေ ကျွန်တော်တို့ ဘလော်ဂါတွေက တင်လေပါပဲ။
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

နန်းခင်ဇေယျာ၏ ပေးဆပ်မှုနိဒါန်း

ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
ဒီဇင်ဘာ ၃၊ ၂၀၁၂
၂.၁၂.၂ဝ၁၂ ရက်နေ့ နံနက် (၁ဝးဝဝ) နာရီအချိန်တွင် လစဉ်လတိုင်း ပထမပါတ်တနင်္ဂနွေနေ့ သည် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ လုပ်အားပေး အသင်းသား/သူများ၏ လပါတ်အစည်းအဝေး ကျင်းပသည့် နေ့ရက်ဖြစ်ပေသည်။ အစောပိုင်းတွင် အလုပ်အမှုဆောင် အစည်းအဝေးကျင်းပချိန်၌ ဥက္ကဋ္ဌ ဦးကျော်သူအား ဧည့်သည်ရောက်နေကြောင်း အစည်းအဝေးခန်းသို့ အကြောင်းကြားခဲ့ပြီးမကြာ ဦးကျော်သူ ထွက်လာခဲ့ရာ ဧည့်သည်ဆိုသူသည် နန်းခင်ဇေယျာဖြစ်နေပြီး ယခင်ပထမအကြိမ် လာရောက် ခဲ့စဉ်နှင့်မတူ၊ မမှတ်မိတော့လောက်အောင် ပုံစံပြောင်းလဲနေသည့်အတွက် အံ့သြမှင်သက်မိသည်။ ပထမ အကြိမ် လာစဉ်ကနှင့်မတူ မြန်မာဆန်ဆန် ဆံပင်စီးလေးနဲ့ အင်္ကျီအဖြူရင်ဖုံးလက်ရှည်၊ လုံချည်အနက်ဖြင့် လွန်စွာမှ ကျက်သရေအပေါင်းနှင့် ပြည့်စုံနေသည်။ ထိုကဲ့သို့ ဝတ်စားဆင်ယင်မှု မြန်မာဆန်ဆန် ကျက် သရေအပေါင်းနှင့် ပြည့်စုံနေယုံတင်မက သူမ၏လာရင်း ကိစ္စသည်လည်း ကျက်သရေမင်္ဂလာရှိသော မြင့်မြတ်သောသူတို့သာ လုပ်ဆောင်နိုင်သော နာရေးကူညီမှုတည်း ဟူသောကုသိုလ်ရေး ကိစ္စရပ်ပင် ဖြစ်ပေသည်။
ထို့ကြောင့် Miss Internation 2012 ပြိုင်ပွဲဝင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် နန်းခင်ဇေယျာသည် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လာရောက်ကာ လုပ်အားပေး မောင်နှမများနှင့်အတူ ဗြဟ္မစိုရ်တရားလေးပါး ရင်ဝယ်ပိုက်ကာ ဘဝတစ်ပါးသို့ ကူးပြောင်းသွားကြသော သက်မဲ့ရုပ်ခန္ဓာအား ကိုယ်တိုင်ကိုယ်ကျ ထမ်းရွက်ပေးဆပ်ရန် တက်ကြွသော ခြေလှမ်းများဖြင့် လာရောက် ခဲ့သည့်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ နွေးထွေးစွာ ကြိုဆိုခဲ့သည်။
အများအကျိုး လူမှုရေးလုပ်ငန်းများအတွက် မိမိတို့၏ အားလပ်ချိန်များအား အကျိုးရှိစွာအသုံးချ၍ နာရေးကူညီမှုအသင်း(ရန်ကုန်)၌ လုပ်အားပေးနေကြသည့် မောင်နှမများအား နှုတ်ဆက်ကြပြီးနောက် အသင်းသို့ရောက်ရှိကြောင်း လက်မှတ်ရေးထိုး၊ ရင်ထိုးတပ်ဆင်၊ လည်ဆွဲကဒ်ထုတ်ယူအပြီး ဈာပနဋ္ဌာနသို့ အကူအညီတောင်းခံထားသည့် လမ်းကြောင်းများအနက် ကူညီဖေးမရန် အမှတ်စဉ်အလှည့်ကျသည့် ကွယ်လွန်သူ ဦးဇော်မိုးဦး အသက် (၄၄) နှစ်၏ ရုပ်ခန္ဓာအား စံပြဆေးရုံမှ ရေဝေးသုဿန်အအေးခန်းသို့ ပို့ဆောင်ရမည့် ဈာပနလမ်းကြောင်းအား လိုက်ပါကူညီ ဖေးမပေးခဲ့ပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဈာပနဋ္ဌာနသို့ ပြန်လည်ရောက်လာချိန်တွင် မိမိလိုက်ပါပို့ဆောင်ခဲ့သည့် နိဗ္ဗာန်မော်တော်ယာဉ်၏ အလှည့် သို့တိုက်ဆိုင်စွာဖြင့် ပြန်လည်ရောက်သည့်အတွက် ချက်ချင်းဆိုသလိုပင် နန်းခင်ဇေယျာသည် အားမာန် အပြည့်ဖြင့် မဆိုင်းမတွ ဒုတိယမြောက် ဈာပနလမ်းကြောင်းအဖြစ် ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ (၁၂) ရပ်ကွက် နေ ကွယ်လွန်သူ ဒေါ်ခင်မြ အသက် (၈၇) နှစ်၏ ရုပ်ခန္ဓာအား နေအိမ်မှ ရေဝေးသုဿန်သို့ ပို့ဆောင် မီးသင်္ဂြိုလ်ခြင်းအား ကူညီဖေးမပေးခဲ့သည်။
မအားလပ်သည့်ကြားမှ အချိန်ပေး၍ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လာရောက်၍ လုပ်အားဒါန ပြုသော နန်းခင်ဇေယျအား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အထူးကျေးဇူးတင် ဝမ်းမြောက်ပါကြောင်းနှင့် “အနိမ့်ကျဆုံးသော ကုသိုလ်အလုပ်မျိုးကို မြင့်မြတ်သော နှလုံးသားရှိသူတို့သာ လုပ်ဆောင်နိုင်ကြသည်” ဆိုသည့် တောင်စလင်းတိုက်ဆရာတော် ဦးတိက္ခ၏ မွန်မြတ်လှစွာသော ဆုံးမသြဝါဒ စကားရပ်နှင့်အညီ မြန်မာပြည်သူလူထုတို့၏ ချစ်ခင်အားပေးခြင်းခံရသူ မြန်မာအမျိုးသမီးငယ် နန်းခင်ဇေယျာ၏ စိတ်စေတနာ အရင်းခံဖြင့် အများပြည်သူတို့အား ပြန်လည်ကျေးဇူးဆပ်၍ ပေးဆပ်နေခြင်းပင် ဖြစ်သည်။ လူသားတို့၏ နောက်ဆုံးခရီးအား လိုက်လံပို့ဆောင် ကူညီဖေးမပေးမှုကြောင့် ကျန်ရစ်သူမိသားစုတို့၏ နှလုံးသားဝယ် သောကအပူများ အတတ်နိုင်ဆုံး ငြိမ်းအေးစေမှုသည် ကူညီဖေးမသူတို့ထံ ကူးစက်ကာ ပီတိဟူသော အမည်ဖော်ပြ၍ မရနိုင်သည့် အေးငြိမ်းသော ခံစားမှုကို ပြန်လည်ကူးစက်စေသည်မှာ နာရေးကူညီမှုအ သင်း(ရန်ကုန်) အသင်းသား/သူများအနေဖြင့် အစဉ်ထာဝရ ခံစားရမြဲဖြစ်သည်။ ထိုကဲ့သို့သော အေးငြိမ်းမှု ပီတိအား နန်းခင်ဇေယျာတစ်ယောက်ထံသို့ ကူးစက်သွားစေတော့သည်။ နန်းခင်ဇေယျာသည် ယနေ့ လုပ်အားဒါနပြုခြင်း ပြီးဆုံးသွား၍ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ပြန်လည်မထွက်ခွာမီ “သမီး တစ်လ လျှင် နှစ်ကြိမ်လာရောက် လုပ်အားပေးချင်တယ်” ဟူ၍ ရဲရဲဝံ့ဝံ့ ထပ်မံပြောကြားခဲ့မှုသည် ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)အပြင် နာရေးရှင်များအတွက် သောကအပူများ ငြိမ်းသတ်ပေးနိုင်သော အနုပညာသည် လူမှုသူရဲကောင်းတစ်ဦး ပေါ်ထွန်းလာခြင်းပင် ဖြစ်တော့သည်။

Copy From မိုးမခ
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Join Free