ကရင်အမျိုးသားအစည်းအရုံး (KNU) အဖွဲ့၏ ၁၅ ကြိမ်မြောက် ညီလာခံအပြီးတွင် လူ့အခွင့်အရေး ကော်မတီတစ်ရပ် ဖွဲ့စည်းသွားရေး သဘောထား ချမှတ်ခဲ့ကြောင်း ယနေ့ (ဒီဇင်ဘာလ ၂၇ ရက်နေ့) တွင်  KNU အဖွဲ့၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။
အဆိုပါ လူ့အခွင့်အရေးကော်မတီကို စီးပွားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒများ ချမှတ်သွားရန်နှင့် ပြည်သူလူထု၏ နစ်နာမှုများကို အကာအကွယ် ပြုနိုင်ရေးအတွက် ရည်ရွယ်ဖွဲ့စည်းရခြင်းဖြစ်ကြောင်း သိရသည်။
KNU အဖွဲ့၏ တွဲဖက်အတွင်းရေးမှူး (၂) အသစ်ဖြစ်သူ ပဒိုမန်းမန်းက ''သီးခြားလွတ်လပ်တဲ့ လူ့အခွင့်အရေးအဖွဲ့နဲ့ အခြားလူမှုအဖွဲ့အစည်းတွေက တင်ပြလာတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အရေးယူဆောင်ရွက်နိုင်ဖို့ KNU မှာ ဒီလူ့အခွင့်အရေးကော်မတီကို ဖွဲ့စည်းခြင်းဖြစ်သည် '' ဟု ပြောကြားခဲ့ ကြောင်းသိရသည်။
နိုဝင်ဘာလ ၂၉ ရက်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းများအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အင်အားသုံးနှိမ်နင်းခဲ့မှုနှင့် ပတ်သက်ပြီး ငြိမ်းချမ်းရေးအတွက် စိုးရိမ်ကြောင်း တွဲဖက်အတွင်းရေးမှူး (၂) ပဒိုမန်းမန်းက ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ လူ့အခွင့်အရေးကော်မတီကို မကြာမီပြုလုပ်မည့် KNU ဗဟိုကော်မတီ အစည်းအဝေးတွင် အသေးစိတ်ညှိနှိုင်းကာ ဖွဲ့စည်းသွားမည်ဖြစ်ကြောင်းနှင့် ဖွဲ့စည်းပြီးပါက လုပ်ငန်းစဉ်များနှင့် ပတ်သက်၍လည်း KNU အလုပ်အမှုဆောင်အဖွဲ့အား ပြန်လည်ချပြသွားမည်ဖြစ်ကြောင်း သိရသည်။
KNU အဖွဲ့၏ ထုတ်ပြန်ချက်တွင် ''လက်ရှိမြန်မာနိုင်ငံ၌ အစိုးရအဖွဲ့မှ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များနှင့် အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နေချိန်တွင်  လူထုလှုပ်ရှားမှုအား အကြမ်းဖက်နှိမ်နင်းခဲ့ကြောင်း၊ ယင်းအကြမ်းဖက်နှိမ်နင်းမှုနှင့် ပတ်သက်ပြီး ဖြစ်ရပ်မှန်များ ပေါ်ပေါက်ရေးအတွက် စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ် ဖွဲ့စည်းခဲ့သည်ကို ကြိုဆိုသော်လည်း  စိုးရိမ်မှုများရှိနေကြောင်း'' စသည်တို့ ပါဝင်သည်ဟု သိရသည်။
KNU အဖွဲ့၏ ၁၅ ကြိမ်မြောက်ညီလာခံကို ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂၆ ရက်မှ ဒီဇင်ဘာ ၂၆ ရက်နေ့အထိ ကရင်ပြည်နယ် ဘားအံခရိုင် တပ်မဟာ (၇) KNU နယ်မြေတွင် ပြုလုပ်ခဲ့ကြောင်းနှင့် ယင်းညီလာခံသို့ ကိုယ်စားလှယ် ၁၇၁ ဦးနှင့် လေ့လာသူ ၇၄ ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။


Copy From Eleven Media
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati
Links to this post

၁၉၉၆ ခုနှစ်မှ စတင်ခါ ပထမဆုံးအကြိမ်အဖြစ် စာနယ်ဇင်းသမား များအား ထောင်ချ ထားသော နိုင်ငံများ စာရင်း၌ မြန်မာနိုင်ငံ မပါဝင်တော့သည်ကို တွေ့ရသည်။ သို့ရာတွင် တစ်ကမ္ဘာလုံး၌ အကျဉ်းချခံနေရသည့် စာနယ်ဇင်းသမား ဦးရေမှာ အမြင့်ဆုံးသို့ ရောက်ရှိနေသည်ဟု နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုက နှစ်ပတ်လည် ကောက်ယူသည့် စာရင်းတွင် ဖော်ပြထားသည်။ “အရပ်သား အုပ်ချုပ်မှုသို့ သမိုင်းဝင် ကူးပြောင်းလာမှု၏ တစ်စိတ်တစ်ဒေသအဖြစ် လွန်ခဲ့သော နှစ်အတွင်း လွတ်ငြိမ်းချမ်းသာခွင့် များတွင် အကျဉ်းချ ခံထားရသည့် စာနယ်ဇင်းသမား ၁၂ ဦးထက်မနည်းကို လွှတ်ပေးခဲ့သည်” ဟု စာနယ်ဇင်း သမားများ စောင့်ရှောက်ရေး အဖွဲ့ (စီပီဂျေ) က ထုတ်ပြန်သည့် မြန်မာနိုင်ငံ အခြေအနေဆိုင်ရာ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ သို့ရာတွင် မြန်မာနိုင်ငံ၏ မီဒီယာ အခြေအနေသည် ဝေဝေဝါးဝါး ရှိနေဆဲ ဖြစ်သည်။ “မီဒီယာ အခြေအနေ ပြောင်းလဲမှုက တိုင်းပြည်ရဲ့ အလုံးစုံ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကနေ ရောင်ပြန်ဟပ် တာပါ။ အခုမှ အစပဲ ရှိပါသေးတယ်။ ကျွန်တော်တို့ အများကြီး မျှော်လင့် ထားလို့ မရသေးပါဘူး။ ဒါပေမယ့် ဖြည်းဖြည်းချင်း ရှေ့တိုးနေမယ်လို့ ကျွန်တော် ထင်ပါတယ်” ဟု ဧရာဝတီမဂ္ဂဇင်း အယ်ဒီတာ ကိုကျော်စွာမိုးက ပြောသည်။ ၁၉၉၀ ပြည့်နှစ်မှ စတင်ကောက်ယူခဲ့သည့် နှစ်ပတ်လည် စာရင်းများအရ ဒီဇင်ဘာလ ၁ ရက်နေ့အထိ တစ်ကမ္ဘာလုံးတွင် စာနယ်ဇင်းသမား ၂၃ ဦး ဖမ်းဆီးခံထားရသည်။ ယခင်နှစ်ကထက် ၅၃ ဦး တိုးလာခြင်းဖြစ်ကာ ၁၉၉၆ ခုနှစ်က စံချိန်တင်ခဲ့သည့် ၁၈၅ ဦးထက်လည်း ကျော်လွန်နေသည်။ တူရကီ၊ အီရန်နှင့် တရုတ်နိုင်ငံတို့သည် စာနယ်ဇင်းသမားများအား အကျဉ်းချမှု အများဆုံးပြုလုပ်သည့် နိုင်ငံများအဖြစ် စီပီဂျေက ဖော်ပြထားသည်။ အီရီထရာနှင့် ဆီးရီးယား နိုင်ငံများသည် ထိပ်ဆုံးငါးနိုင်ငံတွင် ပါဝင်သည်။ အဆိုပါ နိုင်ငံများမှ အုပ်ချုပ်သူများသည် စာနယ်ဇင်းသမား များကို လျှို့ဝှက်နေရာများတွင် ဖမ်းဆီးထိန်းသိမ်းထားပြီး တရားစီရင်မှု မရှိသလို၊ ရှေ့နေများ၊ မိသားစုဝင်များနှင့်လည်း တွေ့ဆုံခွင့် မရရှိကြဟု ဖော်ပြ ထားသည်။ ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းသမားများအဖွဲ့ (Reporters Without Borders) မှ ထုတ်ပြန်သည့် ၂၀၁၁/၁၂ ခုနှစ် စာနယ်ဇင်း လွတ်လပ်ခွင့် စာရင်းတွင်လည်း အီရန်၊ တရုတ်၊ အီရီထရာနှင့် ဆီးရီးယားနိုင်ငံများသည် အောက်ဆုံး ခြောက်နိုင်ငံတွင် ပါဝင်နေသည်ကို တွေ့ရသည်။ မြန်မာနိုင်ငံ၌ စာနယ်ဇင်းများအား ပုံနှိပ်ခြင်းမပြုမီ စာပေစိစစ်ရေးသို့ တင်ပြရသည့် စနစ်ကို ယခုနှစ် သြဂုတ်လတွင် ပယ်ဖျက်ပေးခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်နေ့ထုတ် မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။ 


ခေတ်လူငယ်မှ

Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati
Links to this post
ရခိုင်ပြည်နယ် ပဋိပက္ခများ အပြီးသတ် အစီရင်ခံစာ တင်သွင်းနိုင်ရန် စုံစမ်းစစ်ဆေးရေး ကော်မရှင်အနေဖြင့် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ပထမအပတ်အတွင်း ရခိုင်ပြည်နယ် ဒေသများသို့ သွားရောက်ပြီး လိုအပ်သော အချက်အလက်များ ကောက်ယူမည်ဖြစ်ကြောင်း ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော သတင်းထုတ်ပြန်ချက် အမှတ် (၃) အရ သိရသည်။
စုံစမ်းစစ်ဆေးရေး ကော်မရှင်အနေဖြင့် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် နိုင်ငံတော်သမ္မတထံသို့ ကြားဖြတ်အစီရင်ခံစာ တစ်စောင်ကို ပေးပို့တင်ပြခဲ့ပြီး ဖြစ်ကြောင်းလည်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် နောက်ဆုံးအပြီးသတ် တင်သွင်းရမည့် အစီရင်ခံစာကို ၂၀၁၃ ခုနှစ် မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထား တင်ပြရန်လည်း နိုင်ငံတော်သမ္မတက ရက်တိုးမြှင့် ပေးထားကြောင်းလည်း သိရသည်။
အဆိုပါ ကြားဖြတ်အစီရင်ခံစာတွင် ရခိုင်ပြည်နယ်၏ နောက်ခံသမိုင်း အကျဉ်း၊ ရခိုင်ပြည်နယ်အတွင်း လူအဖွဲ့အစည်းနှစ်ခု တို့အကြား ဖြစ်ပွားခဲ့သည့် ပဋိက္ခဖြစ်စဉ်မျး၊ ဆူပူအကြမ်းဖက်မှုများကြောင့် ဆုံးရှုံးမှုများ၊ လက်ရှိရခိုင်ပြည်နယ်ရှိ လူမှုရေး၊ စီးပွားရေး အခြေအနေများ စသည်မြေပြင် အခြေအနေ တွေ့ရှိချက်များနှင့် ထိုတွေ့ရှိချက်များအပေါ် အခြေခံကာ ပဋိပက္ခချုပ်ငြိမ်းရေးအတွက် လုပ်ဆောင်သင့်သည်များအပေါ် အကြံပြုချက် ၄ ချက်၊ အစိုးရအနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များအပေါ် အကြံပြုချက် ၂၆ ချက်နှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးအတွက် အကြံပြုချက် ၉ ချက်တို့ကို အစီရင်ခံထားကြောင်းလည်း သိရသည်။
ထို့အပြင် နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းများနှင့် ကိုက်ညီစွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရေး၊ ဘာသာရေး အစွန်းရောက်သည့် အတွေးအခေါ်များ ၀င်ရောက်မလာရေးအတွက် တားမြစ်ကာကွယ်ရေး တရားမ၀င် ခိုးဝင်လာသူများ မရှိစေရေးအတွက် ထိရောက်စွာ ကာကွယ်ရေး၊ လာဘ်ပေးလာဘ်ယူမှု ကင်းရှင်းရေး၊ လှုံ့ဆော်သူများကို ဖော်ထုတ်ကာ ထိရောက်စွာ အရေးယူရေး၊ နိုင်ငံသား ဥပဒေပြုရေးကိစ္စများ၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ရေးအတွက် နှစ်ဖက်လူ့အဖွဲ့အစည်းမှ ရပ်တည်ချက်သဘော မှန်ကန်သည့် ခေါင်းဆောင်များပါဝင်သော လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မည့်အဖွဲ့ ဖွဲ့စည်းရေး၊ လုပ်ထုံးလုပ်နည်းနှင့် မညီသည့်အပြင် စနစ်မကျသည့် ဘာသာရေးကျောင်းများကို စိစစ်ကြပ်မတ်ရေး စသော အကြောင်းအရာများအပြင် ရခိုင်ပြည်နယ် လူမှုရေး စီးပွားရေး ကဏ္ဍများကို ထည့်သွင်းအစီရင်ခံထားကြောင်းလည်း သိရသည်။


Copy From Eleven Media
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati
Links to this post

 မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) တိုင်းမှူး၏ သတိပေးစာ ပေးပို့ခဲ့ပြီး နောက်ပိုင်း အစိုးရဘက်မှ ကချင် လွတ်လပ်ရေးအဖွဲ့ KIO တပ်စခန်းများအား လက်နက်ကြီး ပစ်ကူအပြင် စစ်ရဟတ်ယာဉ်များ သုံးစွဲ တိုက်ခိုက်လာသည်ဟု ထိုဒေသရှိ ကျောင်းသား တပ်မတော် (မြောက်ပိုင်း) ABSDF (NB) က ပြောဆိုသည်။

ခရစ္စမတ် အကြိုနေ့မှ စတင်ကာ ယခုအချိန်အထိ အစိုးရဘက်မှ လက်နက်ကြီးများ ဆက်တိုက် ပစ်ခတ်လျှက်ရှိပြီး KIA ဘက်မှလည်း ခုခံတိုက်ခိုက် လျက်ရှိကြောင်း ၎င်း က ဆက်ပြောသည်။

“ KIA ရော၊ ABSDF တွေရော အားလုံးက ရဟတ်ယာဉ်သံကြားတိုင်း KIA ထိပ်လန့်သွေးပျက်နေကြတယ်.. ခရစ္စမတ်နေ့ တနေကုန် ဂမ်ဒေါင်ယန် ဟိုဘက်မှာ ရှိတဲ့ ဂွမ်ရှောင် တပ်ကုန်း၊ မဟာမိတ် KIA ၂၅၅ တပ်ရင်း တပ်စခန်းထိုင်ထားတဲ့ (လိုင်ဇာမြို့နှင့် ၁၂ မိုင်အကွာ) လက်နက်ကြီးနဲ့ ၈၄ မမ၊ ၈၁ မမ၊ ၁ဝ၅ မမ လက်နက်ကြီးတွေနဲ့ ပစ်၊ လေယာဉ် စစ်ကူနဲ့ ပစ်၊ တပ်ရင်း ၃ ရင်းနဲ့ ခြေလျှင်နဲ့ တက်ထိုး နေတယ် " လို့ ကျောင်းသား တစ်ဦးကဆိုသည်။

 
အစိုးရဘက်မှ ဗျူဟာ ၃ ခု လက်အောက်ခံ တပ်ရင်းများမှ အင်အား ၅ဝဝ ခန့်ဖြင့် လဂျားယန်ဒေသသို့ တိုက်ခိုက် လျက်ရှိရာ KIA ဖက်မှာ အင်အား ၈၀ ကျော် ကျဆုံးပြီး၊ KIA နှင့် ကျောင်းသား စုစုပေါင်း ၂၀၀ ကျော် လက်နက်ကြီး စ များ ထိမှန်ထားကြောင်း သိရသည်။



မြေပြင်တိုက်ပွဲများသာ မက အင်တာနက်ပေါ်တွင်လည်း ကျချင်ဝဘ်ဆိုက်များကို မြန်မာပြည်သူအချို့မှ DDos နှင့် တိုက်ခိုက်သဖြင့် kachin news ဆိုက်မှာ ယနေ့အချိန်ထိ ၃ ရက်တိုင်တိုင် ဖွင့်မရကြောင်း သိရသည်။

KIA မီဒီယာများတွင် ဆာဗာ တိုက်ခိုက်ခံရမှုနှင့် မြေပြင်တိုက်ပွဲ ကျဆုံး ဒဏ်ရာရမှုများကို ဖော်ပြခြင်း မရှိပဲ အစိုးရ ရဟက်ယဉ် အကြောင်းကို အသားပေးဖော်ပြလျှက်ရှိပြီး ပျက်ကျကြောင်း သတင်းများ လွှင့်လျှက် ရှိသေည်။ အထောက်အထား၊ ဓာတ်ပုံ တစုံတရာ ဖော်ပြနိုင်ခြင်း မရှိပဲ ရုရှားစစ်တပ်မှ ရဟက်ယဉ်များ ပုံဖြင့် ဝါဒါ ဖြန့်နေကြောင်း သိရသည်။



Copy From Myanmar Express
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati
Links to this post
အဲပုဂံ လေကြောင်း လိုင်းမှ ခရီးစဉ် အမှတ် W9-011 လေယာဉ် အမှတ် XY-AGC လေယာဉ် အမျိုးအစား F-100 ဖြင့် ရန်ကုန်-မန္တလေး-ဟဲဟိုး ခရီးစဉ် ပျံသန်း လာသော လေယာဉ်သည် ပြီးခဲ့သည့် ဒီဇင်ဘာ၂၅ ရက် နံနက် ၈ နာရီ ၅၁ မိနစ်ခန့်က ဟဲဟိုး လေဆိပ်သို့ အဆင်းတွင် လေယာဉ် မတော်တဆမှု တစ်ခု ဖြစ်ပွား ခဲ့သည်။

ယင်းဖြစ်စဉ်တွင် အဆိုပါ လေယာဉ်နှင့် အတူ လိုက်ပါ တာဝန် ထမ်းဆောင်ခဲ့သူ အဲပုဂံမှ ဝန်ထမ်းတစ်ဦး ဖြစ်သူ မမို့မို့ကျော်စွာ အကြီးတန်း လေယာဉ်မယ်နှင့် မြဝတီ သတင်းစာ အဖွဲ့က သွားရောက်
တွေ့ဆုံ မေးမြန်းခဲ့ သည်များ ကို ပြန်လည် တင်ပြလိုက်ပါသည်။

မေး။ အဲဒီနေ့က ကြုံတွေ့ ခဲ့ရတာလေးကို ပြန်ပြော ပေးပါဦး။

ဖြေ။ အဲဒီနေ့က ခရီးစဉ် ကတော့ ပထမပိုင်းမှာ ပုံမှန် အနေအထား လေးပါပဲ။ ဟဲဟိုး လေဆိပ်ကို စဆင်း နေတဲ့အထိ ထူးခြားတဲ့ အရိပ်အယောင် မတွေ့ရ သေးပါဘူး။ လေယာဉ်ဟာ ချောချော မွေ့မွေ့ပဲ ဆင်းနေပါတယ်။ အဲဒီလို ဆင်းနေတုန်း မှာပဲ ဝုန်းဆိုတဲ့ အသံကြီး စကြားရတဲ့ အတွက် ပုံမှန် အခြေအနေတော့ မဟုတ်တော့ဘူး။ ထူးခြားမှု တွေရှိလာပြီ ဆိုတာ ကျွန်မ အပါအဝင် ခရီးသည်တွေ အားလုံး သိလိုက် ကြပါတယ်။ ဆက်တိုက် ဆိုသလို တုန်ခါမှု လှုပ်ရှားမှုတွေ ဖြစ်လာတဲ့ အတွက် ခရီးသည်တွေနဲ့ အတူ ကျွန်မတို့ လေယာဉ် ဝန်ထမ်းတွေလည်း စိုးရိမ်မှုတွေ ဖြစ်ပေါ် ခဲ့ပါတယ်။ ကျွန်မတို့ လေယာဉ် အမှုထမ်းတွေ အနေနဲ့ ကတော့ လေယာဉ်ပေါ်မှာ မတော်တဆ မှုတွေ ဖြစ်လာရင် ဘာတွေ လုပ်ကိုင် ဆောင်ရွက်ရမယ် ဆိုတာ သင်ကြား လေ့ကျင့်ထားတဲ့ အတွက် စိတ်အေးအေး ထားပြီးတော့ အကောင်းဆုံး ဆောင်ရွက်နိုင်ဖို့ စိတ်ထဲမှာ ထားလိုက်ပါတယ်။ ခရီးသည် တွေကို စိုးရိမ်စိတ် မကြီးကြဖို့နဲ့ လှုပ်လှုပ်ရှားရှား မဖြစ်အောင် နေဖို့ ပြောပါတယ်။ အဲဒီအချိန်မှာ လေယာဉ် ပြတင်းပေါက် အချို့ ပွင့်ထွက်သွားပြီး မီးခိုးတွေ ဝင်လာတဲ့ အတွက် တစ်ယောက်နဲ့ တစ်ယောက် မမြင်ရတဲ့ အပြင် အသက် ရှူရခက်တဲ့ အနေအထားကို
ရောက်သွား ပါတယ်။ ကျွန်မတို့ အနေနဲ့ အရေးပေါ် အခြေအနေမှာ ခရီးသည်တွေကို ဘယ်လို ဝန်ဆောင်မှု ပေးရမယ်ဆိုတာ သင်ကြားထား တဲ့အတွက် အဲဒီအတိုင်း ဆောင်ရွက်ဖို့ စတင် လုပ်ဆောင် နေကြပါတယ်။ ဒါပေမဲ့ လေယာဉ်ဟာ ရပ်တန့်မှု မရှိသေး တဲ့ အပြင် အပြင်ဘက်က မီးခိုးတွေ၊ မီးတောက် မီးလျှံတွေ မြင်နေရပြီး လေယာဉ်ရဲ့ အနောက်နဲ့ အလယ်က အရေးပေါ် အပေါက်တွေ မဖွင့်နိုင်တဲ့ အတွက် လေယာဉ်ရဲ့ အရှေ့ပိုင်းကို တွားသွား ကြဖို့ ခရီးသည်တွေကို သတိပေးတဲ့ အပြင် ကျွန်မ ကိုယ်တိုင်လည်း လေယာဉ်ရဲ့ အရှေ့ပိုင်းကို သွားပါတယ်။

မေး။ ဒီနေရာမှာ တစ်ခုလောက် ဖြတ်မေးချင်ပါတယ်။ လေယာဉ်ရဲ့ ဘယ်နေရာမှာ တာဝန် ထမ်းဆောင် နေတယ် ဆိုတာလေး သိချင်ပါတယ်။
နောက်တစ်ခုက ဘာကြောင့် လေယာဉ်ရဲ့ အရှေ့ပိုင်းကို တွားသွား ခိုင်းတယ် ဆိုတာလေး သိချင်ပါတယ်။

ဖြေ။ ကျွန်မတို့ လေယာဉ် အမှုထမ်း စုစုပေါင်း လေးယောက် ဖြစ်ပါတယ်။ ကျွန်မက လေယာဉ်ရဲ့ အနောက်ပိုင်းမှာ တာဝန်ကျပါတယ်။
လေယာဉ်အနောက် ပိုင်းက ခရီးသည် တွေနဲ့ အနီးဆုံး နေရာမှာ ကျွန်မ ထိုင်ပါတယ်။ လေယာဉ် ထဲမှာ စောစောက ပြောသလို မီးခိုးတွေ ဝင်လာတဲ့ အတွက် မမြင်ရတဲ့ အပြင် အသက်ရှူရ ခက်နေပါတယ်။ ဒါပေမဲ့ မီးခိုး ထုဟာ အောက်ခြေမှာ ပါးတဲ့အတွက် လေးဘက်ထောက် တွားသွားခိုင်း ရတာ ဖြစ်ပါ တယ်။ အဲဒီအချိန် မှာ လေယာဉ်ရဲ့ အရေးပေါ် ထွက်ပေါက် အချို့ဟာ ခရီးသည် အချို့က ဖွင့် လိုက်တဲ့ အတွက် ပွင့်သွားပြီး
ဘေးကင်းစွာ မြေပြင်ကို ဆင်းနိုင်မယ့် လေယာဉ် အရှေ့ပိုင်းကို သွားခိုင်းရတာ ဖြစ်ပါ တယ်။ လေယာဉ်ရပ် သွားတဲ့ အခါ မှာ လေယာဉ်ရဲ့ အရှေ့ပိုင်း ထွက်ပေါက် ကနေ ခရီးသည် အားလုံးနီးပါး ဘေးကင်းစွာ ဆင်းသွားနိုင်ပါတယ်။ ကျွန်မလည်း လိုက်ဆင်း ခဲ့ပါတယ်။

မေး။ မြေပြင်ကို နောက်ဆုံးမှ ဆင်းခဲ့တယ်လို့ သိရပါတယ်။
အောက်ရောက်တဲ့ အခါ တွေ့ရတဲ့ မြင်ကွင်းနဲ့ ရာသီဥတု အခြေအနေ ကိုရော ပြောပြပေး နိုင်မလား။

ဖြေ။ ဟုတ်ပါတယ်။ ကျွန်မက လေယာဉ်ရဲ့နောက်ဆုံးပိုင်းမှာ တာဝန်ထမ်းတဲ့ အတွက် ခရီးသည်တွေ အားလုံး ဆင်းသွားပြီးတဲ့ အခါကျမှ လိုက်ဆင်းတာ ဖြစ်ပါတယ်။ မြေပြင် ရောက်ပြီး မကြာမီ မှာတော့ ခရီးသည် တွေရော၊ အနီးအနားက ကူညီဖို့ ရောက်လာကြတဲ့
ဒေသခံ တွေရော၊ ကျွန်မတို့ရဲ့ အဲပုဂံက လေဆိပ် ဝန်ထမ်းတွေရော၊ တပ်မတော် သားတွေ ရော၊ အခြားအဖွဲ့ အစည်းပေါင်းစုံက လူတွေ အများအပြားပဲ တွေ့ရပါတယ်။ ရာသီဥတုက လည်း ပုံမှန်လို့ပဲ ကျွန်မ ထင်မိပါတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ ကျွန်မ ကိုယ်တိုင်က မတော်တဆ မှုကြီးကို ကိုယ်တိုင်ကြုံတွေ့ ခဲ့ရပြီးတော့ ကျွန်မတို့ရဲ့ ခရီးသည်တွေ အတွက်ပဲ စိတ်ပူပန် နေတဲ့အတွက် မြေပြင်မှာ ကျွန်မသတိ မထားမိတာတွေ ရှိကောင်း ရှိနိုင် ပါတယ်။

မေး။ အခုဖြစ်ပျက် ခဲ့ရတဲ့ မတော် တဆမှုနဲ့ ပတ်သက်ပြီးတော့ အဲပုဂံ ဝန်ထမ်း တစ်ယောက် အနေနဲ့ မိဘပြည်သူ များကို ဘာများ ပြောချင်ပါသလဲ။

ဖြေ။ ဒါဟာ ဖြစ်ခေါင့်ဖြစ်ခဲ မတော်တဆ မှုကြီး တစ်ခုပါ။ အလွန်ပဲ ဝမ်းနည်းကြေ ကွဲမှုတွေ ဖြစ်ရပါတယ်။ ကျွန်မတို့ အနေနဲ့လည်း ကျွန်မတို့ရဲ့ ခရီးသည်တွေ အတွက် အကောင်းဆုံးလို့ မဟုတ်တောင် အတတ်နိုင်ဆုံး အစွမ်းကုန် ဝန်ဆောင်မှုတွေ ပေးခဲ့ကြပါတယ်။ ကျွန်မတို့နဲ့ အတူ ကျွန်မတို့ရဲ့ ခရီးသည်တွေကို ကူညီ ပေးကြတဲ့ ဒေသခံတွေ၊ တပ်မတော် သားတွေ၊
နိုင်ငံ့ဝန်ထမ်း တွေကို အများကြီးပဲ ကျေးဇူးတင်ပါတယ်။ အထူး သဖြင့်တော့ အခုလို အရေးပေါ် အခြေအနေ ဖြစ်လာချိန်မှာ တည်တည် ငြိမ်ငြိမ်နဲ့ ကျွန်မတို့ရဲ့ ခရီးသည်တွေကို အကောင်းဆုံး ဝန်ဆောင်မှု ပေးနိုင်အောင် သင်ကြားပေးခဲ့တဲ့ ကျွန်မတို့ရဲ့ လူကြီးတွေ ကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်မ အနေနဲ့တော့ အဲပုဂံမှာ ဆက်လက် တာဝန်ထမ်းဆောင် ပြီးတော့ ကျွန်မတို့ရဲ့ ခရီးသည်တွေအတွက် အကောင်းဆုံး ဝန်ဆောင်မှုတွေ ဆက်လက် ပေးသွားဦးမှာ ဖြစ်ပါတယ်။

သတင်းစာမှ





Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati
Links to this post
black-box ဆိုတာ ဘာလဲ?

လေယာဉ်မတော်တဆဖြစ်မှုများ ဒါမှမဟုတ် လေယာဉ်ပျက်ကျမှုများမှာ မှတ်တမ်းတင်နိုင်ဖို့အတွက် black-box ကိုသုံးပါတယ်… black-box မှာ အဓိက အစိတ်အပိုင်းနှစ်မျိုးပါပါတယ်… ပထမ တစ်ခုကတော့ Flight Data Recorder (FDR)လို့ခေါ်တဲ့ ပျံသန်းမှု အချက်အလက်များကိုမှတ်သားပေးနိုင်တဲ့recorder ပါ… နောက်တစ်ခုကတော့Cockpit Voice Recorder (CVR) လို့ခေါ်ပါတယ်…ဒါကတော့ လေယာဉ်ပေါ်မှာ တာဝန်ထမ်းဆောင်ကြတဲ့လေယာဉ်မှုးနဲ့တကွအခြား အမှုထမ်းများရဲ့ စကားပြော ဆက်သွယ်မှုများကို မှတ်သားပေးတဲ့recorderပေါ့…

Black-box = FDR + CVR

ဒေတာအချက်အလက်တွေကို ဘယ်လိုသိမ်းမလဲ

သိမ်းပေးမယ့်ပစ္စည်းက နှစ်မျိုးရှိပါတယ်… magnetic tape နဲ့solid-state device ပါ… ဒီနှစ်မျိုးထဲက တစ်မျိုးမျိုးသုံးနိုင်ပါတယ်… magnetic tape တွေကတော့ခံနိုင်ရည် သိပ်မရှိပဲပျက်စီးလွယ်ပါတယ်… solid-statedevice ကတော့ ပိုပြီးခံနိုင်ရည်ရှိသလို အချက်အလက်တွေကိုသိမ်းဆည်းရာမှာလဲ ပိုပြီး မြန်ပါတယ်… black-box ကသိမ်းပေးမယ့် အချက်အလက်အချို့ကအောက်ပါအတိုင်းဖြစ်ပါတယ်…


ပျံသန်းမှုအရှိန်နှုန်း(Acceleration) ပျံသန်းမှုအမြန်နှုန်း(AirSpeed) ပင်လယ်ပြင်မျက်နှာပြင်အမြင့် (Altitude) လေယာဉ်တောင်ပံအနေအထား(Flap Setting) ပြင်ပအပူချိန် (External Temperature) လေယာဉ်တွင်းအပူချိန် (Cabin Temperature) ဖိအား(Pressure) အင်ဂျင် စွမ်းဆောင်မှုအနေအထား(Engine Performance)

ဒါတွေကတော့black-box ကသိမ်းမယ့် ဒေတာအချက်အလက်အချို့ပါ.. ကြီးမားတဲ့ လေယာဉ်ကြီးတွေမှာ ဒီလိုမျိုးအချက်အလက်ပေါင်း ၇၀၀ကျော်ကိုblack-box ကမှတ်သားမှာပါ… black-box မှာ on-board generatorပါပါတယ်.. အဲဒါနဲ့ ပါဝါပေးမှာဖြစ်ပြီးDCပေးရင် 28V နဲ့ AC ပေးရင်115V

Black-box ကိုတီထွင်ခဲ့သူAustralia နိုင်ငံသားDavid

CVR (cockpit voice recorder) ဒီrecorderလေးကတော့အထက်မှာ ပြောခဲ့တဲ့အတိုင်းပဲ လေယာဉ်အမှုထမ်းတွေရဲ့ စကားပြောဆိုဆက်သွယ်မှုကိုမှတ်သားပေးမယ့်အပြင် လေယာဉ်တွင်းမှာရှိတဲ့အခြားအသံတွေကိုလဲ မှတ်တမ်းတင်မှာပါ… ဒီdevice လေးထဲမှာ မိုက်ခရိုဖုန်းများပါဝင်ပြီး သိမ်းရင်digital format နဲ့ သိမ်းပါတယ်… တစ်ခါတစ်လေ အသံကတိုးနေနိုင်တဲ့အတွက်ထပ်ချဲ့ (amplify) လုပ်ပြီးမှသိမ်းမှာပါ…storage device က magnetic tape ဆိုရင် မိနစ် ၃၀ သာ သိမ်းနိုင်မှာဖြစ်ပြီး solid-state ဆိုရင်တော့၂နာရီစာ သိမ်းမှာပါ… သိမ်းနိုင်တဲ့ ဒေတာပြည့်ပြီးတိုင်း နောက်ထပ်အသစ်သိမ်းမယ့် ဒေတာများကို overwrite(ဖျက်ပြီးအသစ်တွေကို ထပ်သိမ်း)နည်းကိုသုံးမှာပါ…

Flight Data Recorder (FDR) ဒီဟာကတော့ပျံသန်းမှုစနစ်တစ်ခုလုံးရဲ့မှတ်တမ်း အချက်အလက်တွေကိုသိမ်းမှာပါ… ခလုပ်လေး(switch လေး) တစ်ခုရဲ့အဖွင့်အပိတ်ကအစ မှတ်တမ်းတင်သွားမှာဖြစ်ပါတယ်… လေကြောင်းဥပဒေအရ မှတ်တမ်းတင်သိမ်းမယ့် ဒေတာအမျိုးအစား(parameter)က အနည်းဆုံး ၈၈ခု အထိရှိရမယ်လို့သိရပါတယ်…FDR device မှာတော့ solid-statedevice သုံးမယ်ဆိုရင်dataသိမ်းတာ ပိုမြန်မယ့်အပြင်၂၅နာရီကြာတဲ့ အတိုင်းအတာ ထိ သိမ်းဆည်းမှတ်တမ်းတင်နိုင်မှာပါ…

black-box ရဲ့ကြံ့ခိုင်မှု လေယာဉ်တစ်စီးရဲ့ အရေးပေါ် အခြေအနေ (သို့) ပျက်ကျတဲ့ အခြေအနေတွေမှတ်တမ်းတင်တဲ့ တစ်ခုတည်းသော အရာကblack-box ပါ… လေယာဉ်ပျက်စီးခဲ့လို့ အခြားအစိတ်အပိုင်းတွေ ဘယ်လိုပဲ သဲလွန်စ ရှာမရအောင် ပျောက်ပျက်သွားပါစေ… black-box ကတော့ မှတ်တမ်းတင်ပြသနိုင်တဲ့ တစ်ခုထဲသော ပစ္စည်းအဖြစ်နဲ့ ကျန်ခဲ့ရပါမယ်…ဒါကြောင့်FDR နဲ့CVR တို့ကို crash-survivable memory units (CSMUs)လို့ ခေါ်ကြပါတယ်…

black-box တွေကိုလေယာဉ်ထုတ်လုပ်ပေးတဲ့ စက်ရုံတွေကပဲ တစ်ခါတည်းတပ်ဆင်ပေးလိုက်တာပါ… အများသောအားဖြင့်လေယာဉ်ရဲ့အမြီးပိုင်းမှာ ထားလေ့ရှိပါတယ်… ကျွမ်းကျင်သူများ အဆိုအရ လေယာဉ်အမြီးပိုင်းကအပျက်အစ်ီးအနည်းဆုံး အပိုင်းဖြစ်တယ်လို့သိရပါတယ်… ဒါပေမယ့် လေယာဉ်အမျိုးအစာပေါ် လိုက်ပြီး blak-box ထားတဲ့ နေရာအနည်းငယ်ကွဲလေ့ရှိပါတယ်… အထိအခိုက်အနည်းဆုံးဖြစ်နိုင်တဲ့နေရာတွေမှာပဲ တပ်ဆင်ကြတာပါ…

ဒါကြောင့်black-box ဟာ လေယာဉ်မတော်တဆမှုတွေ ဖြစ်ပြီးတိုင်း ဖြစ်ရတဲ့ အကြောင်းအရင်း(root cause) ကိုစုံစမ်းစစ်ဆေးနိုင်ဖို့အတွက် တစ်ခုထဲသော အရာအဖြစ် လေယာဉ်တိုင်းမှာ အသုံးပြုနေကြတာပဲဖြစ်ပါတယ်…

လေယာဉ်ပျက်စီးမှုတစ်ခုအပြီးတွင်တွေ့ရသော black-box (အဆိုပါ black-box ကို ကျွမ်းကျင်သူများက စစ်ဆေးမှာ ဖြစ်ပါတယ်)


Copy From မြန်မာ Express

Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati
Links to this post




 လူတိုင်း လွတ်လပ်စွာ ဖန်တီးနိုင်သည် ဖန်တီးပိုင်ခွင့်ရှိသည်။ သို့သော် ဤသို့ အမြင်မတော်အောင် ကိုယ့်နိုင်ငံ သိခ္ခာကျအောင် ဖန်တီးကြသည်ကို သင် ထောက်ခံနိုင်ပါသလော။ ဘုန်းကြီးသင်္ကန်းပတ်ပုံ ပေါ်ပြီးနောက်မှာတော့ ဘုန်းကြီးနဲ့ ဘီလူး တင်ဆက်မှုအသစ်ထပ်ထွက်လာပါပြီ။ အနုပညာသည် ခံယူချက်ပေါ် လုပ်ရပ်ပေါ်မူတည်၍ ကောင်းသည် ဆိုးသည်ကွဲပြားသွားပေလိမ့်မည်။

Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati
Links to this post

Join Free