မသေချာ ခြင်းတွေ နဲ့ မနက်ဖြန်

ကောင်လေးက သူ့ချစ်သူကောင်မလေးဆီ sms ပို့လိုက်တယ် …

Boy ။ ။ Hi Baby!! .. နေကောင်းရဲ့လား?? ငါတော့ ဒီနေ့ အရမ်းပျော်နေတယ်!!

Girl ။ ။ နေဦး, ခဏနေမှ sms ပို့ရအောင် … ငါဒီမှာ Thesis အတွက် ခေါင်းရှုပ်နေလို့

Boy ။ ။ အဲ့ဒါကို နောက်မှလုပ်လို့မရဘူးလား? ငါ နင့်ကို အရမ်းလွမ်းနေလို့ …

Girl ။ ။ မရဘူး … ဒါကို အပြီးလုပ်ရမှာ …

Boy ။ ။ ကျေးဇူးပြုပြီး တောင်းဆိုတာပါ … ဒါကို နင် နောက်နေ့ပြီးအောင် လုပ်နိုင်မှာပါ …

Girl ။ ။ ဘာလဲ?? နင်က ငါ့အခြေအနေကို နားလည်မပေးတော့ဘူးလား … ငါ့မှာလည်း ငါ့ဘ၀နဲ့ငါရှိသေးတယ် … အခုလောလောဆယ်တော့ ငါတယောက်ထဲ နေပါရစေ … SMS ဆက်မပို့နဲ့တော့ … ဒါဘဲ!!

Boy ။ ။ Sorry Baby … I love you … အရမ်းချစ်တယ် … နောက်မှပဲ SMS ထပ်ပို့လိုက်တော့မယ်နော် …Bye

------------------------------------------------------------

Boy ။ ။ ည ရှစ်နာရီ ရှိနေပီ … ငါနင့်ဆီ SMS မပို့ဘဲ အကြာကြီး မနေနိုင်ဘူး … ငါနင်နဲ့ စကားတွေပြောချင်တယ် …

Boy ။ ။ ငါ့ SMS တွေ Reply ပြန်မလုပ်ဘူးနော် … နင့် Thesis အတွက်လုပ်နေတာ ပြီးသွားပြီလား ??

Boy ။ ။ ကျေးဇူးပြုပြီး Reply လုပ်ပါကွာ .. ငါ စိတ်ပူလာပီ!!
Boy ။ ။ ဆယ်နာရီတောင်ထိုးသွားပီ … ငါနင့်ဆီ SMS ပို့နေတာ နှစ်နာရီတောင်ရှိနေပီ … နင်ငါ့ကို Reply လေး တစ်ခုတောင် မလာဘူးနော် … ငါနင့်ကို အရမ်းလွမ်းတယ် … အရမ်းလည်းချစ်တယ်!!

Boy ။ ။ @_@ နင်နေနိုင်လိုက်တာနော် … ဘာပဲဖြစ်ဖြစ် နင့်ဘေးမှာငါ အမြဲရှိနေမှာပါ … ငါနင့်ကိုအရမ်းချစ်တယ်!!

Girl ။ ။ ငါ့ဆီ SMS မပို့နဲ့တော့လို့ ငါမှာထားတယ်မှတ်လား … ငါ Thesis ပြီးတဲ့အချိန် Reply ပြန်လုပ်မှာပေါ့ … နင်ဒါကို နားမလည်ဘူးလား?? ငါမအားဘူးဆိုတာကို လက်ခံပေးဖို့ အဲ့ဒီလောက်တောင် ခက်ခဲနေလား?? နင့်အတွက် မနက်ဖြန်ဆိုတာ မရှိတော့သလိုပဲ … သိပ်ပြီးတော့ Over ဖြစ်မနေနဲ့ .. နင် အိပ်ပျော်အောင် အိပ်သင့်နေပီ!!

Boy ။ ။ နင့်အတွက် အနှောင့်အယှက်ဖြစ်သွားလို့ ငါတောင်းပန်ပါတယ် … နင်အိပ်စေချင်ရင် ငါအိပ်ပါတော့မယ် … Good Night Baby … အရမ်းချစ်တယ်!! နင့်ကိုယ်နင်လည်း အမြဲတမ်း ဂရုစိုက်နော် … ငါနင့်ဘေးမှာနေပြီး အမြဲတမ်း လမ်းပြပေးနေမှာပါ ... ငါတကယ်ကိုပဲ နင့်ဘေးမှာပဲ ရှိနေမှာပါ … နင့်ကို ဘယ်တော့မှ ထားခဲ့မှာ မဟုတ်ဘူး !!


*နောက်တစ်နေ့*
-------------------


Girl ။ ။ နင်နိုးနေပြီလား?? မနိုးသေးရင် ထတော့လေ!! ငါမနေ့ညက ပြောခဲ့မိတာတွေ အတွက် တောင်းပန်ပါတယ် … ငါတကယ်ကို အလုပ်တွေရှုပ်နေလို့ပါ… မနက်စာထစားတော့နော်, ငါလည်း ကျောင်းသွားရတော့မယ် …

Girl ။ ။ မထသေးဘူးလား?? အတန်းချိန်နီးနေပြီလေ … နင်နိုးရင် ငါ့ကို reply ပြန်လုပ်ဦး!!

Girl ။ ။ Hey!! ဘာလို့ခုထိ reply မလုပ်သေးတာလဲ?? နေ့လည်စာစားချိန်တောင် ရောက်နေပြီ … နင်ဘာလို့ အတန်းမတက်တာလဲ?? နင် Ph Bill ကုန်နေပြီလား?? ကျေးဇူးပြုပြီး ငါ့ကိုဆက်သွယ်စမ်းပါဟာ …

Boy ။ ။ သမီးချစ်သူက သူ့ကိုချစ်တဲ့သူတွေ အားလုံးကိုထားခဲ့ပြီ … သူနေမကောင်းတာ သမီးမသိဘူးလား?? သူ့ကို သုံးနှစ်ပဲနေရတော့မယ်လို့ ဆရာဝန်ကပြောထားတယ်လေ … မဟုတ်ပါစေနဲ့လို့ အန်တီတို့လည်း ဆုတောင်းခဲ့ကြတာပဲ သမီးရယ် .. ဒါပေမယ့် သူ့နှလုံးက အလုပ်ကောင်းကောင်း မလုပ်နိုင်တော့ဘူးလေ … ဒီနေ့မနက် အန်တီသူ့ကိုနိုးတဲ့အခါ သူအသက်မရှိတော့ဘူး သမီးရယ် …

ဒါကတော့ သမီးအတွက်ဆိုပြီး သူရေးခဲ့တဲ့ message လေးပါ … သူကိုယ်တိုင်တော့ မပို့နိုင်ရှာတော့ဘူးပေါ့ကွယ် ..

“နင့်ကိုယ်နင် အမြဲဂရုစိုက်ပါ … ငါဘယ်ဘ၀ကိုပဲရောက်ရောက် ငါပျော်ပါတယ်…ကျေးဇူးပြုပြီး ငါ့အတွက် မငိုပါနဲ့!! ငါ့ကျန်းမာရေးအခြေအနေကို နင့်ကိုမပြောပြခဲ့တဲ့အတွက် တောင်းပန်ပါတယ် .. နင် thesis အတွက် အလုပ်တွေရှုပ်နေတော့ ငါ့ကိစ္စကြောင့် နင်စိတ်အနှောင့်အယှက်ဖြစ်မှာစိုးလို့ပါ .. ငါနင့်ကို မစိုးရိမ်စေချင်ဘူး … နောက်တစ်နေ့မနက်မှာ မနိုးထနိုင်တော့မှာ စိုးလို့ ငါညတွေဆို အိပ်ရမှာ ကြောက်တယ် .. အိပ်ပျော်သွားခဲ့ရင်လည်း နောက်တစ်နေ့မနက်မှာ နင့်ကိုတွေ့ခွင့်ရပါစေ .. နင်နဲ့အတူရှိခွင့်ရပါစေလို့ ငါအမြဲဆုတောင်းတယ် … ငါနင့်ကိုအရမ်းချစ်တယ် .. ဒီနေ့အတွက် နင်နဲ့စကားအများကြီးမပြောရလို့ ငါအရမ်းဝမ်းနည်းတယ် … ဒါပေမယ့် ငါနင့်ကိုနားလည်ပါတယ် … နင် thesis မပြီးလို့မဖြစ်ဘူးလေ .. ငါနင့်ကိုအရမ်း အရမ်းချစ်တယ် … အမြဲတမ်း ကြံ့ကြံ့ခိုင်ခိုင်နဲ့ ရပ်တည်သွားမယ်လို့ ငါ့ကိုကတိပေးပါ .. ငါအခုနင့်ဘေးမှာ ရှိနေတယ်…အမြဲတမ်းလည်း ရှိနေမှာပါ …”


◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆


ကြိုမမြင်နိုင်တဲ့ မနက်ဖြန်မှာ ပြောင်းလဲမှုတွေ အများကြီး ဖြစ်သွားနိုင်တဲ့အတွက် သင်ချစ်တဲ့သူကို တတ်နိုင်သမျှ အရာအားလုံးထက် ပိုပြီး ဦးစားပေးသင့်ပါတယ် ...



Credit to Aung Kyaw Tun

  
Copy from ရွှေသတင်းသစ်
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

One Response to this post

  1. YaWai on August 12, 2014 at 5:53 PM

    I cant believe I found this just now: http://clashofclanshelper.com/ - you receive free Clash of Clans gems instantly! I just tried that! (Sbc2pDns49)

Leave a comment

Join Free