(မ.......) တစ်ယောက် လမ်းလျှောက်ရင်းဖြင့် လက်ပတ်နာရီကို ကြည့်လိုက်တော့ မနက် ၁၀ နာရီ ထိုးပြီဖြစ်သဖြင့် ဆေးကဒ်အတွင်းမှ လက်ကျန် ဆေးတစ်လုံးကို ထုတ်သောက်လိုက်သည်။ ဆေးနှစ်လုံးသာ ပါသည့် ဆေးကဒ်က ကုန်သွားပြီဖြစ်သဖြင့် လွှင့်ပစ်လိုက်တော့သည်။
သူမသောက်လိုက်သည့် ဆေးသည် ပျိုရွယ်သူ များအကြား အသိများသည့် Ecee2 ဟု ခေါ်သော သန္ဓေ တားဆေးဖြစ်သည်။ ထိုဆေးကို အရေးပေါ်သန္ဓေ တားဆေးအဖြစ် လူသိများပြီး လိင်ဆက်ဆံပြီး ၇၂ နာရီ အတွင်းသောက်ပါက ကိုယ်ဝန်မရပေ။ မနေ့ည ၁၀ နာရီက ပထမဆေး တစ်လုံးကို သောက်ပြီးပြီဖြစ် သည့် အတွက် နောက် ၁၂ နာရီအကြာ မနက် ၁၀ နာရီတွင် ထိုဆေးကို သူမသောက်  လိုက်ခြင်းဖြစ်သည်။ ယမန်နေ့ နေ့လယ်ပိုင်းကတော့ သူမနှင့် သူမ၏ ချစ်သူတို့ ယနေ့ခေတ်တွင် လက်မထပ်မီ လိင်ဆက်ဆံခြင်း ကိစ္စကလည်း မဆန်းတော့ပြီဖြစ်သည်။ "ရည်းစားဖြစ်ပြီး ၃ လလောက်ကြာရင် အဲ့ဒီ ကိစ္စက သူ့အလိုလို ပါလာတော့ပါပဲ။ ဒါကို ရည်းစားထားဖူးတဲ့ လူတိုင်း သိပါတယ်" ရည်းစား ၇ ယောက်ထားဖူးသည့် အသက် ၂၅ နှစ်အရွယ် အမျိုးသမီးက လိင်ကိစ္စကို ရည်ညွှန်း၍ ပြောပြသည်။ သူမကိုယ်တိုင်လည်း Ecee2 ၁၅ ကဒ်ခန့် သောက်ဖူးကြောင်း ဆက်ပြောသည်။ ယခုအခါ ဟိုတယ်၊ တည်းခိုခန်းများ နေရာအနှံတွင် ရှိနေခြင်းကြောင့်လည်း ယနေ့ခေတ် သမီးရည်းစားများ ၏ ဆက်ဆံရေးမှာ လင်မယားပုံစံ ဖြစ်လာပြီဖြစ်သည်။ 
နိုင်ငံခြားတွင်တော့ ချစ်သူဖြစ်သည်နှင့် လိင်ဆက်ဆံခြင်းသည် လွန်ခဲ့နှင့် ရာစုနှစ်များစွာ ကတည်းက ရှိနေခဲ့သည့် ယဉ်ကျေးမှုဖြစ်သော်လည်း မြန်မာပြည်တွင်တော့ ယခုအချိန်အထိ လူကြီးများက လက်မ ခံကြသေးပေ။ လူငယ်ပိုင်းတွင်လည်း တရားဝင် အသိအမှတ် မပြုသေးပါ။ သို့ရာတွင် မြန်မာပြည်၌လည်း ချစ်သူဖြစ်သည်နှင့် လိင်ဆက်ဆံခြင်း တဆက်တည်း ပါလာမည်ကို ဆယ်ကျော်သက်များက အလိုလို လက်ခံထားကြသည်။ တိုးတတ် လာတယ်ပဲပြောမလား။ ယဉ်ကျေးမှုတွေ ပျက်သွားပြီပဲ ပြောမလား။ ဒီခေတ် သမီးရည်းစားတွေ လိင်ဆက်ဆံတာကို လက်ခံရတော့မှာပါ" အယ်ဒီတာတစ်ဦးက မှတ်ချက်ပြု သည်။ ခေတ်၏ ပြောင်းလဲလာမှုနှင့် အတူ သမီးရည်းစားအချင်းချင်းလိင်ဆက်ဆံခြင်းကို လူငယ်များတွင် သာမက အသက် ၄၀ ခန့် လူကြီးပိုင်းတွင်ပါ တွေ့လာရသည်။
"ကျနော်တို့ ဟိုတယ်ကိုတော့ အသက်ကြီးပိုင်းစုံတွဲတွေ တော်တော်လာတယ်" ဟု ရန်ကုန်မြို့ ဆိတ်ငြိမ်ရပ် ကွက်အတွင်းမှ ဟိုတယ်တွင် လုပ်ကိုင်သည့် ကိုရဲက ဆိုသည်။ သူတို့သည် အချိန်ပိုင်း လာရောက် သူများဖြစ်သည်။ လူကြီးပိုင်းများအတွက် မိမိကိုယ်ပိုင် အလုပ်အကိုင်နှင့် ပြဿနာ မရှိနိုင်သော်လည်း ကျောင်းနေအရွယ် မိန်းကလေးများ တည်းခိုခန်းနှင့် ဟိုတယ်များသို့ သွားရောက်နေခြင်းကလည်း မိဘများ အတွက် ရင်ပူစရာဖြစ်နေသည်။ တက္ကသိုလ် တတ်နေသော ကျောင်းသူ၊ ကျောင်း သားများ အခြင်းခြင်း ချစ်ကြိုက်ပြီး လိင်ကိစ္စ ပါလာသည်ကလည်း မဆန်းတော့ပါ။
အရှေ့ပိုင်း တက္ကသိုလ်မှ သင်တန်းရေးရာ ဌာနမှူးက ကျောင်းသူကျောင်းသား အချင်းချင်း စာသင်ခန်း အလွတ်များထဲတွင်ပင် လိင်ဆက်ဆံမှုများ ရှိကြောင်း ယမန်နှစ်က ထုတ်ဖော်ပြောဖူးသည်။ ယင်း ဆရာက "မိန်းကလေးက အကွဲတွေ ၀တ်ထားတယ်။ အကောင်တွေက လုပ်ချင်ရာလုပ်ပဲ။ အဲ့လို လုပ်နေတုန်း ဖမ်းမိတာ ခဏခဏပဲ။ ဒါကြောင့် အ၀တ်အစားတွေကို လုံလုံခြုံခြုံဝတ်ဖို့ စည်းကမ်းထုတ်ထားတာ" ဟု ဆိုသည်။
ဒဂုံတက္ကသိုလ်တွင် ကျောင်းတတ်ရောက်ခဲ့ဖူးသူ သတင်းထောက်တစ်ဦး "( ) တည်ခိုခန်းက ကျနော် တို့ကျောင်းသားတွေ ပိုက်ဆံတွေနဲ့ ဆောက်ထားပေါ့" ဟု ပြောသည်။ ယင်းတည်းခိုခန်းသည် ယခင်က သစ်သား အဆောက်အဦးသာ ဖြစ်သော်လည်း ကျောင်းသူကျောင်းသားများ အသွားပြီးနောက်ပိုင်းတွင် ယခုကဲ့သို့ ကွန်ကရစ် တိုက်နှင့် ဖြစ်လာကြောင်း ယင်းက ပြောပြသည်။ ထို့အတူ အတန်းပြီးချိန်နှင့် စာသင်ခန်း အလွတ်များ ကလည်း စုံတွဲများအတွက် လွတ်လပ်စွာ ကျက်စားရာနေရာ များ ဖြစ်နေကြောင်း ယင်း သတင်းထောက်ကဆိုသည်။ ကြည်မြင်တိုင်မြို့နယ်အတွင်းရှိ ဟိုတယ်တွင် အလုပ်လုပ်ကိုင်သူ အခြား တစ်ဦးကတော့ "အဖြူ၊ အစိမ်း ၀တ်ထားတဲ့ ကျောင်းသားနဲ့ ကျောင်းသူ စုံတွဲနှစ်တွဲ လာဖူးတယ်" ဟုဆို သည်။
စန်းစန်းကတော့ အသက် ၂၇ နှစ်အရွယ် ကုမ္ပဏီ ၀န်ထမ်းတစ်ဦးဖြစ်သည်။ သူမကတော့ သူမရည်းစားနှင့် နောက်တစ်နှစ်ခန့်အကြာတွင် လက်ထပ်မည်ဖြစ်သည်။ ထိုကဲ့သို့ လက်ထပ်မည်ဖြစ်သည့် အတွက်လည်း လိင်ကိစ္စကို လိုက်လျောလိုက်ခြင်းဖြစ်ကြောင်း ပြောသည်။ သူမ၏ သူငယ်ချင်းများတွင်လည်း လိင်မထပ်မီ အတူနေခြင်းများရှိကြောင်း ဆိုသည်။ မင်္ဂလာဆောင်ရန် အခက်အခဲရှိနေသော လူများအနေဖြင့် ယခုကဲ့သို့ လက်မထပ်သေးမီ အတူနေခြင်းကလည်း ရသေ့စိတ်ဖြေ တစ်ခုဖြစ်လာသည်။
ရန်ကုန်မြို့တွင် သမီးရည်းစား ချိန်းတွေ့ရန် ပန်းခြံများ၊ အပန်းဖြေ စရာနေရာများ ရှားပါးလာခြင်း လူငယ် တို့ကို ဟိုတယ်များသို့ သွားလာစရာ လမ်းစဖြစ်နေသည်။ ထို့အတူ ဘာသာတရား၏ အဆုံးအမမှာလည်း ယခင်ကလောက် မရှိတော့ သဖြင့် သမီးရည်းစားများ ဘုရားသွား၊ ကျောင်းတတ် ပြုမှုလည်း ရှားပါးလာ သည်။ "ရုံးပိတ်ရက်နဲ့ အခါကြီး ရက်ကြီးတွေမှာ အခန်းပြည့်တယ်။ ကြားရက်တွေကတော့ ဧည့်သည် အ၀င် နည်းတယ်" ဟု ကြည်မြင်တိုင်မြို့နယ်မှ တည်းခိုခန်း မန်နေဂျာက ဆိုသည်။ ထိုသို့ ပိတ်ရက်များ နည်းတူ ချစ်သူများနေ့ဟု ခေါ်သည့် Velintine Day ကလည်း မိန်းကလေးများကို ပန်းဦးချွေရာ နေ့တပင်။ တည်းခိုခန်းနှင့် ဟိုတယ် တို့၏ ဈေးနှုန်းများမှာလည်း ၃၀၀၀၊ ၅၀၀၀၊ ၁၀၀၀၀၊ ၂၀၀၀၀၊ ၃၀၀၀၀ ကျပ်ခန့် အထိရှိသဖြင့် လက်လှမ်းမီသော ဈေးနှုန်း များလည်းဖြစ် သည်။ နေရာတိုင်း လိုလိုတွင် အချိန်ပိုင်း တည်းခိုနိုင်သည်။
ထို့ပြင် အပြာကားများ၊ စာများကို ယခင်အချိန်များကလို မဟုတ်တော့ဘဲ အင်တာနတ်တွင်ဖြစ်စေ၊ လက်ကိုင်ဖုန်း အတွင်းဖြစ်စေ ထည့်သွင်းကြည့်ရှုနိုင်လာခြင်းက ကာမစိတ်ကို အချိန်မရွေးနိုးဆွပေး လာပြီဖြစ် သည်။ နိုင်ငံခြားတွင်တော့ သားသမီး အသက် ၁၈ နှစ်ပြည့်နှင့် လွတ်လပ်စွာနေထိုင် ခွင့်ပေး ထားသော်လည်း မြန်မာနိုင်ငံတွင်တော့ သားသမီး အိမ်ထောင် မကျမချင်းသည် မိဘအုပ်ထိန်းမှု လက်အောက်တွင် သာရှိသေးသည်။ သို့ရာတွင်တော့ တစ်နယ်တစ်ကြေးမှ လာရောက် အလုပ်လုပ် ကိုင်သူများ အနေဖြင့်တော့ ၁၈ နှစ် မပြည့်ခင်ကတည်းက မိဘ လက်မှ လွတ်ပြီဖြစ်သည်။
ထိုသို့နယ်မှ လာရောက်အလုပ်လုပ်ကိုင်သူများအနေဖြင့် အဆောင်များတွင် နေကြပြီး အဆောင်၏ အုပ်ချုပ်မှုမှာလည်း သတ်မှတ်ချိန်တွင်း ပြန်မအိပ်ပါက တံခါးပိတ်လိုက်မည်သာဖြစ်သည်။ "ဆယ်နာရီ အဆောင် ပိတ်ချိန်ပါ။ ပြန်မလာလဲ ကိစ္စမရှိပါဘူး။ ကိုယ့်သားသမီးမှ မဟုတ်တာ။ သူ့လွတ်လပ်ခွင့်နဲ့ သူပေါ့" ဟု လမ်းမတော်မြို့နယ်အတွင်းရှိ အဆောင်ဖွင့်ထားသည့် အမျိုးသမီးကြီးက ပြောသည်။ ရုံးပိတ်ရက် များတွင် သူမအဆောင်ရှိ အမျိုးသမီးအချို့မှာ အမျိုးအိမ်တွင် သွားအိပ်သည်ဟု အကြောင်းပြကာ ပြန်မလာ တတ်ကြောင်း တဆက်တည်းပြောသည်။ ယခင်ခေတ်ဟောင်းက အဆောင်များသည် မိဘကိုယ်တိုင် အဆောင် သို့ လာအပ်၊ သားသမီး၏ အဆိုးအကောင်းများကို မိဘထံသို့ အဆောင်မှူးက အစီရင်ခံ၊ အဆောင်များကလည်း စည်းကမ်းတင်းကြပ်။ ထိုခေတ်သည် ကျန်ခဲ့ပြီဖြစ်သည်။
ထို့အတူ နယ်မှ အလုပ်လာရောက်လုပ်ကိုင်သူများနှင့် ကျောင်းလာတတ်သူ အမျိုးသမီးအချို့မှာ ရည်း စားနှင့် တအိမ်ထဲ အတူနေခြင်းများလည်း ရှိလာသည်။ "နှစ်ယောက်အတူတူအိမ်ငှားနေလိုက်တော့ ပြီးတာ ပဲလေ။ အဓိက ကတော့ မိဘတွေ မသိဖို့ပဲ။ ဒါပေမဲ့ တကယ်ယူဖို့တော့ လိုတာပေါ့" နယ်မှလာသူ အမျိုးသမီးတစ်ဦးနှင့် အိမ်ငှားနေထိုင်သူ အသက် ၂၅ နှစ်အရွယ် ရန်ကုန်သား ကိုပြည့်စုံကပြောသည်။ သို့ရာတွင် သူတို့ အမှန်တကယ် တရားဝင် လက်ထပ်မည့် ရက်ကိုတော့ သူတို့ကိုယ်တိုင် မသိသေးကြောင်း ဆိုသည်။ ထိုသို့သော အခြေအနေကြောင့် လူငယ်လူရွယ်များအဖို့ လက်မထပ်မီ အတူအနေခြင်း ဆိုသည်မှာ မဆန်းတော့ ပြီဖြစ်သည်။ ထိုသို့ အတူနေခြင်းနှင့်အတူ ကိုယ်ဝန်မရအောင် လုပ်ကိုင်ရသည်မှာ လည်း နည်းလမ်းတစ်ခုဖြစ်သည်။
ရန်ကုန်မြို့နေ့ သမီးရည်းစားများ၏ အခြေအနေမှာ Ecee2 များ ရောင်းအားကောင်းနေခြင်းက လိင်ကိစ္စကို မီးမောင်း ထိုးပြလိုက်ခြင်းပင်ဖြစ်သည်။ Ecee2 ဖြန့်ဖြူးသူတို့၏ အဆိုအရ တစ်လလျှင် ကဒ်ရေ ၃၀၀၀၀ ခန့် ရှိပြီး သန္ဓေတားဆေး နောက်တစ်မျိုးဖြစ်သည့် Pill 72 ကတော့ ကဒ်ရေ ၁၅၀၀၀ ခန့်ရှိသည်။ လက်လီဆေး ဆိုင်များတွင်တော့ တစ်ရက်လျှင် ကဒ်ရေ ၅ ကပ်မှ ၁၅ ကဒ်ရှိကြောင်း ဆိုကြသည်။ ရန်ကုန်မြို့တွင် တရားဝင်ဆေးဆိုင်ပေါင်း ခန့်ရှိသည်။ ထို့ကြောင့် ရန်ကုန်မြို့တွင် တလလျှင် အရေးပေါ် တားဆေး သုံးဆွဲကြသူပေါင်း ၅ သောင်းကျော်ရှိမည်ဖြစ်သည်။
ဆေးပညာအရ အမျိုးသမီး ရာသီမလာမီ တစ်ပတ်၊ လာပြီး တစ်ပတ်အတွင်း လိင်ဆက်ဆံပါက ပုံမှန် အားဖြင့် ကိုယ်ဝန်မရတတ်ဟု ဆိုထားသည်။ ကြားရက်များတွင် လိင်ဆက်ဆံမိပါက Ecee2 ကဲ့သို့ အရေးပေါ် သန္ဓေတားဆေးကို သောက်ရန် လိုမည်ဖြစ်သည်။ အချို့က လိင်ဆက်ဆံတိုင်း ကွန်ဒုံးအ သုံးပြုကြသော်လည်း များသောအားဖြင့်တော့ ကွန်ဒုံးကို ပြည့်တန်ဆာများနှင့် ဆက်ဆံမှသာ အသုံးပြုကြ သည်။ ဆရာဝန်များက သန္ဓေတားဆေးတိုင်းကို အားပေးခြင်းမပြုဘဲ ကွန်ဒုံးသုံးခြင်းသာလျှင် လုံခြုံစိတ်ချ ရကြောင်းပြောသည်။ ထို့ပြင် အရေးပေါ် တားဆေးများမှာ ရာနှုန်းပြည့်ကာကွယ်ပေးနိုင်ခြင်း မရှိဘဲ ၇၉%မှ ၈၅% ထိသာ ကာကွယ်ပေးနိုင်သည်ဟု ဆရာဝန်တို့က ပြောသည်။
"သမီးရည်းစားဆိုပေမဲ့ ဘယ်လို ပိုးတွေ ရှိမလဲ မပြောနိုင်ဘူးလေ။ ဒါကြောင့် ကွန်ဒုံးကို လိင်ဆက်ဆံတိုင်း သုံးတာ အကောင်းဆုံးပါပဲ။ ကိုယ်ဝန်လဲမရ၊ ရောဂါလည်း မရတော့ဘူးပေါ့" နေဆေးခန်းမှ ဆရာဝန်က ပြော သည်။ သို့ရာတွင် လူငယ်တို့၏ အဆိုအရ အလွှာခြားရင် ကမ္ဘာခြားသလို ခံစားရတယ် ဟုဆိုကာ မိမိချစ်သူနှင့်တော့ ကွန်ဒုံး အသုံးပြုမှု နည်းပါးကြသည်။ "ကိုယ်ရည်းစားနဲ့ကတော့ စိတ်ချရတယ်လေ။ ဒါကြောင့် ကွန်ဒုံး မသုံးဘူး" ဟို အသက် ၂၀ အမျိုးသားက ပြောသည်။ သို့သော် မိန်းကလေး ကိုယ်ဝန် မရအောင် မည်ကဲ့သို့ လုပ်ဆောင်သည်ကိုတော့ သူမသိကြောင်းပြောသည်။
ရည်းစားနှင့် လိင်ဆက်ဆံသည့် အကြိမ်ရေများသည့် အမျိုးသမီးများကတော့ တားဆေးထိုးခြင်းနှင့် တစ် လဆေးသောက်ခြင်းတို့ကို ပြုလုပ်ကြသည်။ များသောအားဖြင့် တစ်လတားဆေးကို အသုံးပြုကြသည့် အတွက် ဆေးခန်း များတွင် တစ်လခံ ထိုးဆေးမှာ အမြဲလိုလိုပြတ်လေ့ရှိကြောင်း ကမာရွတ်မြို့နယ်ရှိ နေ တံဆိပ် ဆေးခန်းတစ်ခုက ဆိုသည်။ " တစ်လဆေးက ရွှေထက်တောင်ရှားတယ်" ယင်းဆေးခန်း ဆရာဝန် က ပြောသည်။ သုံးလခံဆေးများမှာ ရာသီလာခြင်း မရှိသည့်အတွက် အသုံးပြုမှုနည်းပါးသည်။
တစ်လခံ သောက်ဆေး OK ကတော့ ကျပ်ငွေ ရာဂဏန်းဖြင့် အလွယ်တကူရသဖြင့် အသောက်များကြ သည်။ သို့ရာတွင် နေ့စဉ် အချိန်မှန်မှန်သောက်ရခြင်းကို အမျိုးသမီးများက မကြိုက်ကြပေ။ ထို့ပြင် သောက် ဆေးကြောင့် ဗိုက်အခေါက်ထူကာ ဗိုက်ပူလာကြောင်း ပုံမှန်သောက်သည့် အမျိုးသမီးများက ဆိုသည်။ ယခုနောက်ပိုင်းတွင် ခန္ဓာကိုယ်အတွင်း ပစ္စည်းတစ်ခုခုထည့်ထားခြင်းဖြင့် သန္ဓေတားနိုင်ကြောင်းလည်း သိရသည်။ အချို့ကလည်း မိန်းမကိုယ်အတွင်း သန္ဓေတားပစ္စည်းကို ထည့်ထားကြသည်။
အရေးပေါ်တားဆေးသည် မုဒိမ်းကျင့်ခံရသော အမျိုးသမီးများအတွက် ရည်ရွယ်ကာ ထုတ်လုပ် ထားခြင်ြး ဖစ်သော်လည်း ယခုအခါတွင် အမျိုးသမီးများအတွက် မရှိမဖြစ်အရေး ပါလာပြီဖြစ်သည်။ အရေးပေါ် တားဆေးကို တစ်ဘ၀လုံးတွင် ၇ ကြိမ်ထက် ပိုမိုသောက်မိပါက သားအိမ်ကို ထိခိုက်ပြီးကလေးမရခြင်းနှင့် သားအိမ်ကင်ဆာကဲ့သို့ ရောဂါများကို ရရှိစေကြောင်း ဆရာဝန်များက ဆိုကြသည်။ တားဆေးများမှာ ဆိုးကျိုးများစွာ ရှိသော်လည်း ဆေး မသောက်ခြင်းကြောင့် ဖြစ်ပေါ်လာမည့် အခြားဆိုးကျိုးတစ်ခုကိုတော့ လူတိုင်း ကြောက်ရွှံ့ကြသည်။
"ယူပြီးလို့ ကလေးရတာ ပြဿနာမရှိဘူး။ ကလေးရလို့ မင်္ဂလာဆောင်လိုက်ရရင် ခွေးဖြစ်ပြီ။ ဒီခေတ်မှာ ကလေးတစ်ယောက်အတွက် ကုန်ကျစရိတ်က နည်းတာမဟုတ်ဘူး" ဟု အသက် ၂၄ နှစ်အရွယ် မနေခြည်က ဆိုသည်။ ဆေးမသောက်ခြင်းကြောင့် ကိုယ်ဝန်ရရှိလာပါကလည်း တနည်းနည်းဖြင့် ဖျက်ချကြ သည်။ ယခင်ခေတ်ကကဲ့သို့ အရပ်လက်သည်ဖြင့် ထီးရိုးကို သားအိမ်ထဲ ထည့်မွှေခြင်း မဟုတ်တော့ဘဲ ဆေး ထိုးခြင်း၊ ဆေးသောက်ခြင်းနှင့် လေဆုတ်ပြွှန်ဖြင့် ဖျက်ချခြင်း တို့ကို ပြုလုပ်နိုင်သော်လည်း အန္တရာယ် ကတော့ ရှိနေဆဲဖြစ်သည်။
မည်သို့ဆိုစေ လိင်ဆက်ဆံခြင်းသည် ရှက်စရာကောင်းသည်ဟု လူတိုင်းက ဆိုကြသော်လည်း ကျားမမရွေး ကြိုက်နှစ်သက်သော ကိစ္စဖြစ်ကိုတော့ ကမ္ဘာကြီးတွင် လူဦးရေတိုးပွားလာခြင်းက သက်သေတည်လျက် ရှိသည်။ သိပ္ပံအယူအဆကလည်း လိင်ကိစ္စသည် လူတို့၏ အခြေခံလိုအပ်ချက်ဖြစ်သည်ဟု ဆိုသည်။ နောင်နှစ်များစွာ မကြာမီ မြန်မာပြည်၌လည်း သမီးရည်းစားများ လိင်ဆက်ဆံသည့် အလေ့အထကို လက်မ ခံခြင်ဘဲ လက်ခံလာရတော့မည်ဖြစ်သည့်အတွက် သမီးရှင်များအနေဖြင့် စိုးရိမ်နေကြရပြီဖြစ်သည်။
ယောင်္ကျားလေးများအနေဖြင့်လည်း ယနေ့အချိန်အထိ အပျိုစင်ကိုသာ အိမ်ထောင်ပြုလိုသည့် စိတ်ရှိကြေ သ်ာလည်း အပျိုစင်ဘ၀ကို ယောင်္ကျားလေးများကပင် ယူသွားခြင်းဖြစ်သည်။ နောက်မျိုးဆက် တစ်ခု တွင်တော့ ယောင်္ကျားလေးများ အပျိုစင်ကို တန်ဖိုးထားတော့မည်မဟုတ်ပေ။ ထို့အတွက် လက်မထပ်မီ လိင်ဆက်ဆံခြင်းမှာ သာမန်ကိစ္စတစ်ခုသာ ဖြစ်သွားပါလိမ့်မည်။ လိင်မထပ်မီ လိင်ဆက်ဆံခြင်းကို ပိတ် ပင်ကြမည်လား၊သို့မဟုတ် လက်ခံနားလည်ပေးမည်လားကတော့ အငြင်းပွားပွယ် ကိစ္စတစ်ခု အဖြစ် နောက်ဆယ်စုနှစ် တစ်စုကျော်ထိ ဆက်ရှိနေဦးပါမည်။
စန်းစန်းတစ်ယောက် ဆေးနှစ်လုံးသောက်ပြီးပြီဖြစ်သည့်အတွက် သူမကိုယ် သူမ စိတ်ချသွားပြီဖြစ်သည်။ မနေ့က ရုံးပိတ်ရက်တွင် သူမရည်းစားနှင့် ချစ်ရည်လူးခဲ့သည်များကို စိတ်ကူးယဉ်နေပါလိမ့်မည်။ ညနေတွင် ရုံးဆင်းချိန်တွင် သူမရည်းစားနှင့် ရိုးရိုးသားသား တွေ့ကြမည်ဖြစ်သည်။ သူမသည် ယနေ့ခေတ် မိန်း ကလေး တစ်ဦးဖြစ်သည်။
From : ..စင်္ကာပူဖီးလ်


Credit to myanmar express
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati


ဆယ်စုနှစ်ပေါင်းများစွာ အဂတိလိုက်စားတဲ့ အစိုးရအုပ်ချုပ်ရေး ကြောင့်သာမက၊ မလုံလောက် တဲ့ နိုင်ငံတကာ အကူအညီ အထောက်အပံ့ပေးရေး အနေအထား အောက်က မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစနစ်မှာ ၀မ်းနည်းစရာ ကောင်းလောက်အောင် ချို့တဲ့အားနည်းတဲ့ ပြဿနာတွေ ရှိနေပါတယ်။ နောက်ဆုံး ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့က ဦးဆောင်တဲ့ ကလေးတွေအတွက် အာဟာရထောက်ပံ့ရေး အစီအစဉ်က တဘက်တလမ်းကနေ ဒီပြဿနာကို ဖြေရှင်းရတဲ့အထဲမှာ ပါဝင်လာပါတယ်။ ဒါပေမဲ့ လိုအပ်ချက်တွေ အကြီးအကျယ် ရှိနေတယ်ဆိုတဲ့အကြောင်း AP သတင်းကို အခြေခံပြီး မမိုးဖြူ တင်ပြထားပါတယ်။

ရိုးသားစင်ကြယ်တဲ့ မျက်နှာလေးတွေ ပိုင်ဆိုင်ထားကြပေမဲ့ နံရိုးတွေ ပေါ်နေအောင် ပိန်လှီနေတဲ့ ခန္ဓာကိုယ် ပိုင်ရှင်လေးတွေကတော့ မြန်မာနိုင်ငံရဲ့ ဆင်းရဲတဲ့ လူနေ ရပ်ကွက်တွေမှာ တွေ့ရတဲ့ ကလေးလေးတွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတ၀ှမ်းမှာ ထောင်သောင်းချီတဲ့ ကလေးငယ်တွေဟာ အာဟာရချို့တဲ့တဲ့ ဝေဒနာ ခံစားနေကြရ ပါတယ်။ စုစုပေါင်း ကလေးဦးရေရဲ့ သုံးပုံတပုံကျော်က အာဟာရ ချို့တဲ့လို့ ကြီးထွားမှု နှေးကွေးတဲ့ ဝေဒနာ ခံစားနေကြရတာပါ။ အဂတိ လိုက်စားမှုနဲ့ အစိုးရ စီမံ အုပ်ချုပ်ရေး ချွတ်ချော် မှားယွင်းမှုတွေ ပေါင်းလိုက်တဲ့အခါ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ လူထုကျန်းမာရေး စောင့်ရှောက်မှု အညံ့ဖျင်းဆုံး တိုင်းပြည်တွေထဲမှာ ရှေ့ဆုံးက ပါလာပါတယ်။ အတိအကျ ပြောရရင် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ရဲ့ အညံ့ဆုံး လူထုကျန်းမာရေး စောင့်ရှောက်မှုစနစ် ရှိတဲ့ နိုင်ငံစာရင်းမှာ မြန်မာက ဒုတိယ စွဲပါတယ်။

ဒီလို အခြေအနေမှာ မြန်မာနိုင်ငံက ကလေးတွေကို အကူအညီပေးနေတဲ့ အဖွဲ့တခုက ယူနီဆပ်ဖ် (UNICEF) လို့ခေါ်တဲ့ ကမ္ဘာ့ကလေးငယ်များ ရန်ပုံငွေအဖွဲ့ ပါ။ ဧရာဝတီ မြစ်ဝကျွန်းပေါ်မှာ တွေ့ရတဲ့ ယိုယွင်းပျက်စီးနေတဲ့ ကျေးလပ်ကျန်းမာရေး စောင့်ရှောက်မှုဌာန တခုကို ကြည့်ရင် နှစ်ပေါင်းများစွာ ကမ္ဘာကြီးက မေ့ထားကြတဲ့ မြန်မာနိုင်ငံက ကျန်းမာရေး စောင့်ရှောက်မှုရဲ့ ဆင်းရဲချို့တဲ့ ညံ့ဖျင်းမှုတွေကို တွေ့ရမှာဖြစ်ပါတယ်။ လျှို့ဝှက်တဲ့ မြန်မာစစ်အာဏာရှင် အစိုးရဟောင်းက စစ်အသုံးစရိတ် တခုကိုပဲ ဦးစားပေးပြီး တိုင်းပြည် လူထုအရေးအတွက် သုံးစွဲ ဆောင်ရွက်ရမယ့် ကိစ္စတွေကို ရာစုနှစ် တ၀က်လောက်ကြာအောင် လစ်လျူရှု ထားခဲ့တာပါ။

၂၀၀၈ ခုနှစ်က ကျန်းမာရေးဘက်မှာ လူတယောက်အတွက် ပျမ်းမျှ တဒေါ်လာ ဒါမှမဟုတ် ကျပ် ၈၀၀ ထက် နည်းပြီးတော့ မြန်မာအစိုးရက သုံးစွဲခဲ့ပါတယ်။ ဒါဟာ ကမ္ဘာပေါ်မှာ ကိုယ့်ပြည်သူအတွက် ကျန်းမာရေး စောင့်ရှောက်တဲ့နေရာမှာ အဖျင်းဆုံး ကျန်းမာရေးစနစ်လို့ ပြောရမှာပါ။ အခုလို ငွေကြေးဆေးဝါး အထောက်အပံ့ ချို့တဲ့လှပေမဲ့ ကိုယ်တတ်နိုင်သမျှ ကျန်းမာရေး စောင့်ရှောက်မှုပေးဖို့ စိတ်ပိုင်းဖြတ်ထားတဲ့ အမျိုးသမီးတချို့ကတော့ ဆင်းရဲသားတွေကို နေ့စဉ် ဆေးကုသပြီး ကျန်းမာရေး စောင့်ရှောက်မှုတွေ လုပ်ပေးနေပါတယ်။ သူတို့တွေဟာ ရရာ ယာဉ်တစီးကို တား စီး၊ ဒါမှမဟုတ်လည်း လမ်းလျှောက်ပြီး လူနာတွေဆီအရောက် သွားကြရပါတယ်။ အမျိုးသား အာဟာရ ကျန်းမာရေးအဖွဲ့နဲ့ ပေါင်းပြီးတော့ ၂၀၁၂ ခုနှစ် မေလတုန်းက ယူနီဆပ်ဖ် က ဧရာဝတီ၊ သာပေါင်း မြို့နယ်မှာ ခြောက်လနဲ့ သုံးနှစ်ကြား ကလေး ၃ ထောင်လောက်ကို အာဟာရ ထောက်ပံ့ရေး လုပ်ငန်း စခဲ့ပါတယ်။

ဒီဆေးခန်းလေးမှာရှိတဲ့ ၁၀ ယောက်မပြည့်တဲ့ သူနာပြုတွေဟာ ရွာပေါင်း ၁၅ ရွာက လူ ၃ ထောင်လောက်ကို လှည့်ပြီးတော့ ဆေးကုရတာပါ။ သန်ကောင် အပါအ၀င် ရောဂါ ပိုး အန္တာရာယ်နဲ့ ကြုံနေရတဲ့ ဒီဒေသမှာ ကလေး မီးဖွားပေးတာ၊ ကာကွယ်ဆေး ထိုးပေးတာ အပြင် ၀က်သက်၊ ငှက်ဖျားနဲ့ အာဟာရ ချို့တဲ့ တဲ့ ရောဂါတွေကိုပါ သူတို့ စောင့်ရှောက် ကုသပေးရတာပါ။ ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင် အမေတွေမှာ သွေးအားနည်း ရောဂါ အဖြစ်များတာကြောင့် ဆီးဖြူကွင်း ရွာ ကျန်းမာရေး လုပ်သားတွေက နှစ်လနဲ့ သုံးနှစ်ကြား ကလေးငယ်တွေကို အာဟာရ အားဖြည့်တာတွေ ဝေငှရပါတယ်။ မြစ်ဝကျွန်းပေါ်မှာ ဖြစ်လေ့ရှိတဲ့ ရေလွှမ်းမိုးမှုက သွေးအားနည်း ရောဂါ ဖြစ်စေတဲ့အကြောင်း တခုပါလို့ ယူနီဆပ်ဖ် က အဟာရဆိုင်ရာ အထူးကုဆရာဝန် ဒေါက်တာ ကျော်ဝင်းစိန်က အခုလို ပြောပါတယ်။

“တကိုယ်ရည် သန့်ရှင်းမှုနဲ့ ရေသန့်ရှင်းမှု လိုအပ်တဲ့ ပြဿနာတွေ ရှိပါတယ်။ ဒီဒေသမှာ ရေကြီးတာကလည်း မကြာခဏ ဖြစ်တတ်ပါတယ်။ ရေသန့်ရဖို့ အခက်အခဲ ရှိတဲ့အခါ တကိုယ်ရည် သန့်ရှင်းဖို့ ခက်သလို ကူးစက်ရောဂါ ပိုးတွေ ရှိလာပြီး သွေးအားနည်း ရောဂါ လည်း ဖြစ်လာပါတယ်။”

ဆင်းရဲလွန်းလို့ အစား ၀အောင် မစားရတာ၊ အမေနို့ မတိုက်နိုင်တာ စတဲ့ ပြဿနာတွေကြောင့် အာဟာရ ချို့တဲ့လာတယ် လို့လည်း သူက ရှင်းပြပါတယ်။

“အဓိက အချက်ကတော့ သုံးခု ရှိပါတယ်။ နံပါတ် တစ်၊ အစားအစာ မလုံလောက်တာ။ နံပါတ် နှစ်၊ ရောဂါ ပျံ့ပွားတာ။ နံပါတ်သုံး ကတော့ အရေးကြီးဆုံးပါပဲ။ မြန်မာနိုင်ငံမှာ ကလေးကို မိခင်နို့ တိုက်နှုန်းက သိပ်နည်းပါတယ်။ ဖြည့်စွက် အာဟာရ ကျွေးတာကလည်း အရမ်းနည်းပါတယ်။ ဒါကြောင့် ကလေးတွေမှာ အာဟာရ ချို့တဲ့ကြပါတယ်။”

ယူနီဆပ်ဖ် ရဲ့ ဖြည့်စွက် အာဟာရထုပ်ထဲမှာ ဗိုက်တာမင်နဲ့ သတ္ထုဓာတ်တွေ ပါတာကြောင့် သံဓာတ်နဲ့ တခြား လိုအပ်တဲ့ အာဟာရ ချို့တဲ့မှုတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ခုလို ဖြည့်စွက် အာဟာရထုပ်တွေ ဝေပေးပြီးတဲ့အခါ အာဟာရ နည်းလို့ ကလေးတွေ နေမကောင်းဖြစ်တဲ့နှုန်း သိသိသာသာ ကျသွားပါတယ်။ ဒါပေမဲ့လည်း ကလေးတွေ အာဟာရ မပြည့်တဲ့ပြဿနာ ကို ဖြေရှင်းနိုင်ဖို့ အရေးကြီး လိုသေးတယ်၊ ဖြည့်စွက် အာဟာရ ရဖို့နေနေသာသာ၊ ပုံမှန် ထမင်း နှစ်နပ်စားဖို့တောင် မနည်း ရုန်းကန်နေကြရတာပါလို့ ဆရာဝန်တယောက်က ခုလို ရှင်းပြပါတယ်။

“အဓိက ကတော့ အာဟာရ ပြည့်ဝအောင် သားငါး၊ အသီးအရွက် အဲဒါတွေ သူတို့ မစားနိုင်ဘူး။ အာဟာရ ပြည့်ဝဖို့ထက် စားရေးဝတ်ရေး နေရေးက အဓိက အခက်အခဲ ရှိတယ်။”

၂၀၀၉ ခုနှဟ်တုန်းက အိမ်နီးချင်း ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ လာအို နိုင်ငံက ပြည်သူ တဦးချင်း ဟာ နိုင်ငံတကာ အကူအညီ ၂၄ ဒေါ်လာကနေ ဒေါ်လာ ၅၀ လောက် ရနေတဲ့အချိန်မှာ မြန်မာနိုင်ငံမှာ က ၇.၅ ဒေါ်လာလောက်ပဲ ရခဲ့တာပါ။ အခုတော့ အဲဒီ မြန်မာနိုင်ငံဟာ ကိုယ့်ဖာသာ ပိတ်ထားခဲ့တဲ့ တံခါးကို ဖွင့်လိုက်ပါပြီ။ နိုင်ငံတကာ စီးပွားရေး ပိတ်ဆို့မှုတွေ ဖြေလျှော့ပြီး အမေရိကန် သမ္မတ အိုဘားမားလည်း အလည်အပတ် ရောက်လာခဲ့ပါပြီ။ ဆိုတော့ မြန်မာနိုင်ငံရဲ့ သမိုင်း စာမျက်နှာသစ် တကယ် စပြီး လူထုလည်း ကျန်းမာရေး စောင့်ရှောက်မှု ပိုရလာမယ်လို့ မျှော်လင့်ရပါတယ်။


Copy From VOA Burmese
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati



မြန်မာလူမျိုးတို့၏ ဗီဇ စိတ်ရင်းသည် အလွန် ယဉ်ကျေးသည်။ ရိုးသားသည်။ သနားကြင်နာ တတ်သည်။ ရိုင်းပင်းကူညီ တတ်သည်။

ှူဒါန်းချင်သည်။ ပေးကမ်း စွန့်ကြဲချင်သည်။ လမ်းဘေးမှာ အရိပ်ရ သစ်ပင် စိုက်သည်။ သောက်ရေချမ်းစင် တည်သည်။

သာလာယံဇရပ် ဆောက်သည်။ ရေတွင်းတူးသည်။ စတုဒီသာ ကျွေးသည်။ ဒီလို လုပ်တာတွေဟာ မိမိ၏ကိုယ်ကျိုးအတွက် မဟုတ်၊ အယုတ်အလတ် အမြတ်မရွေး လူသားအားလုံး အတွက်သာဖြစ

်သည်။ မြန်မာတို့၏ ဗီဇစိတ်ရင်းသည် အလွန်ကောင်းသည်။ မွန်မြတ်သည်။

မြန်မာလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု စရိုက်တွေထဲက လမ်း ဘေးမှာ အရိပ်ရ သစ်ပင် စိုက်ခြင်း၊ သာလာယံ ဇရပ် ဆောက်ခြင်း၊ ရေတွင်းတူးခြင်း၊ ရေကန် တူးခြင်းတွေသည် လူသားတွေ အတွက် သာမက တိရစ္ဆာန်တွေ အတွက်ပါ ရည်ရွယ်တာဖြစ်သည်။ လူသား နှင့် သတ္တဝါများ အရိပ်ခို နားကြပါစေ၊ ရေသောက်ကြပါစေ ဆိုသည့် ရည်ရွယ်ချက်ဖြစ်သည်။

ဒီစေတနာကို နက်နက်နဲနဲ ခံစား နားလည် ကြည့်ပါက ပြုလုပ် တည်ဆောက်သူတို့၏ စိတ်ရင်း စေတနာကို သိ နိုင်သည်။ အလွန်လေးစား ကြည်ညိုစရာ ကောင်းသည်။

ကျွန်တော်ငယ်ငယ် အရွယ်၊ လွန်ခဲ့သည့် နှစ်ပေါင်း ခြောက် ဆယ်ကျော်က ကျွန်တော်တို့ ဒေသမှာ တစ်နေရာမှ တစ်နေရာသို့ ခရီး သွားလျှင် ခြေလျင်သွားကြရသည်။ အဆင့်အမြင့်ဆုံး ယာဉ်ရထားက နွားလှည်းဖြစ်သည်။ အင်္ဂလိပ်မင်း ဖောက်လုပ် ခဲ့သည့် မော်တော် ကားလမ်းသည် ရောင်စုံသူပုန်တို့ အုပ်စိုးရာ နယ်မြေအတွင်း ကျ ရောက်နေသည့်အတွက် မော်တော်ယာဉ် အသွားအလာ မရှိတော့ဘဲ နွားလှည်းပဲ သွားလို့ရသည့် လမ်းဖြစ်ခဲ့သည်။

အဲဒီလမ်းကိုပဲ ဒေသခံ ရဟန်းရှင်လူ ပြည်သူများ အသုံးပြုခဲ့ကြရသည်။ မြို့ကိုသွားကြသည့် ဈေးရောင်း ဈေးဝယ်၊ ကျွဲ၊ နွားကုန်သည်နှင့် အလှူအတန်းပွဲလမ်း သဘင်က ပင့်ဖိတ်လို့ကြွကြသည့် ရဟန်းသံဃာတော်များပါ ခြေ လျင်ကြွကြရသည်။

အမြော်အမြင် ကြီးမားသည့် အင်္ဂလိပ်မင်း အစိုးရနှင့် ရှေးခေတ် မြန်မာလူကြီးများက လမ်းဘေး ဝဲယာမှာ အရိပ်ရ သစ်ပင်ကြီးတွေ စိုက်ခဲ့ကြသည်။ ကုက္ကိုပင်ကြီးတွေ၊ ပိတောက်ပင်ကြီးတွေ ဖြစ်သည်။ အသီးနှင့် အပွင့်ပါ စားသုံးလို့ ရသည့် သရက်ပင်ကြီးတွေနှင့် သော် ကပင်တွေ၊ လက်ပံပင်တွေပါ စိုက်ခဲ့ကြသည်။ ဆောင်းအဝင်၊ နွေ အကူး ရာသီတွေမှာ ရဲရဲနီအောင် ပွင့်ကြသည့် သော်က၊ ပေါက်နှင့် လက်ပံတွေ ကောက်ယူလို့ မကုန်၊ စားသုံးမကုန် ရှိခဲ့ကြသည်။ ဖွေး ဖွေးဖြူသည့် သခွပ်တွေ ပင်လုံးညွတ် ပွင့်ကြသည်။ ခရီးသွား ရဟန်း ရှင်လူများ အရိပ်ခို နားနေလို့ရသည့် သစ်ပင်ကြီးတွေ ရှိခဲ့တာကို မှတ် မိသေးသည်။

ရွာနှင့်ဝေးသည့် နေရာက လမ်းဘေးမှာ သာလာယံ ဇရပ် ဆောက်ထားကြသည်။ အမိုးနှင့် အကာသုံးဖက်သာ ရှိသည့် အဆောက်အအုံဖြစ်သည်။ ပျဉ်ခင်း၊ ပျဉ်ကာပြီး သွပ်မိုးထားသည်။

ခရီးသွားများ အိပ်စက် နားနေလို့ ရအောင်အထိ ရည်ရွယ်ပြီး ဆောက် ပေးထားတာဖြစ်သည်။ ဇရပ်အနီးမှာ ရေချိုတွင်း တူးပေးထားသည်။ ကျောက်ဂွေချပြီး စက်သီးတပ်ကြိုးဖြင့် ဆွဲခပ်လို့ရသည့် ရေပုံးပါ အသင့် ပြုလုပ် ပေးထားသည်။

သာမည စေတနာမဟုတ်၊ မိမိအကျိုး မပါ၊ မောပန်းလာသူတွေ နားကြပါစေ၊ ရေအေးအေး သောက်ကြပါ စေဆိုသည့် စေတနာသာဖြစ်သည်။ မြန်မာဆိုတာ တကယ်စိတ်ရင်း စေတနာ ကောင်းခဲ့သည့် လူမျိုးဖြစ်သည်ဆိုတာကို သက်သေပြခဲ့ သည့် သာဓကတွေဖြစ်သည်။

အဲဒီလို ဗြဟ္မစိုရ် တရားဖြင့် နေထိုင်ခဲ့ကြသည့် မြန်မာလူမျိုး တို့ရဲ့ ကောင်းမွန်တဲ့ ဗီဇစရိုက်တွေကို အာဏာရှင် အုပ်ချုပ်သူ တစ်စု က စနစ်တကျ ဖျက်ဆီးပစ်တာ ခံခဲ့ရသည်။ မိမိတို့ အာဏာတည်မြဲ ဖို့၊ မိမိတို့ ချမ်းသာဖို့ အတွက် ထင်ရာစိုင်းသည့် အုပ်ချုပ်သူ အာဏာ ရှင်က သူလုပ်ချင်တာလုပ်သည့် စီးပွားရေးစနစ်ကို စမ်းသပ် လုပ်ကိုင် ခဲ့သည်။

တိုင်းပြည် ဆင်းရဲပြီး ပြည်သူတွေ စရိုက် ပျက်ခဲ့ရသည်။ ပြည် သူတွေဆင်းရဲပြီး စားဝတ်နေရေး ကျပ်တည်း လာသည့်အခါ အကျင့် စာရိတ္တ ပျက်လာသည်။ အမြီးကျက် အမြီးစား၊ ခေါင်းကျက် ခေါင်း စား၊ ဘယ်သူသေသေ ငတေမာလျှင် ပြီးရော စိတ်တွေ မွေးလာကြသည်။
မွန်မြတ် ကောင်းမွန်သည့် ဗီဇစရိုက်တွေကို ဖျက်ဆီး ခံလိုက်ရ သည့်အခါ ရိုးသားခဲ့ကြသည့် ပြည်သူတွေဟာ သူခိုး၊ ဓားပြတွေ ဖြစ်လာသည်။

လမ်းဘေးက အရိပ်ရ သစ်ပင်ကြီးတွေ ခုတ်လှဲ ခံရ သည်။ သာလာယံဇရပ်က ပျဉ်ခွာ၊ သွပ်ခွာ၊ တိုင်ချွတ် ယူကြသည်။ ရေချို တွင်းထဲ အမှိုက်ပစ် ထည့်သည်။ စိတ္တသုခ ရေချမ်းစင်က သောက်ရေ အိုးနှင့် သောက်ရေခွက်ကို အိမ်မှာသုံးရန် ယူသွားကြသည်။ ပြည်သူ့ ဝန်ထမ်းတွေက ပြည်သူ့ဝန်ကို မထမ်းတော့ဘဲ တိုင်းပြည်ဘဏ္ဍာကို ခိုးကြသည်။

ပြည်သူ့အသက်နှင့် အိုးအိမ်ကို ကာကွယ်ရမည့် လက် နက်ကိုင်အဖွဲ့က ဓားပြအကြီးစားတွေ ဖြစ်သွားကြသည်။ နှမြောစရာ ကောင်းလိုက်တာ၊ ရှက်စရာ ကောင်းလိုက်တာ၊ တိုင်းပြည်အတွက် နစ်နာလိုက်တာဟု တွေးမိပါသည်။ အစဉ်အလာ ကောင်းခဲ့သည့် မိကောင်းဖခင် သားသမီးတွေနဲ့ ဖွဲ့စည်းထားခဲ့တဲ့ ဝန်ထမ်းအဖွဲ့ အစည်းတွေနှင့် ပြည်သူတွေရဲ့ ဗီဇစရိုက်ကောင်းတွေကို အာဏာရှင် က သူ့အာဏာတည်မြဲဖို့အတွက်၊ သူလုပ်ချင်တာ လုပ်ဖို့အတွက် စနစ်တကျ ဖျက်ဆီးပစ်တာ ခံခဲ့ရသည်။

မိမိအုပ်ချုပ်မည့် တိုင်းပြည်မှာ လူတော်တွေ၊ ပညာတတ်တွေ မရှိမှ တိုင်းပြည်ကို အုပ်ချုပ်ရတာ လွယ်ကူသည် ဆိုသည့် အတွေး အခေါ် ရှိသည့်အတွက် လူတော်တွေ ကိုယ့်တိုင်းပြည်မှာ ကိုယ်မနေ နိုင်အောင် လုပ်ပစ်ခဲ့သည်။ ပညာရေးကို အဆင့်အတန်း မရှိအောင် လုပ်ပစ်လိုက်သည်။ ငါးနှစ်မျှ အသည်းအသန် ကြိုးစားရသည့် ဝိဇ္ဇာ ဘွဲ့ကို ကျောင်းပြေးရင်း သုံးနှစ်မျှ နေရုံဖြင့် ဘွဲ့ပေးလိုက်ပြီး ကျောင်း နှင့် ဝေးကွာသွားအောင် လုပ်ပစ်ခဲ့သည်။ ကျောင်းသားတွေ စုစည်း မရအောင်၊ အလှမ်းဝေးသည့် ဒေသတွေမှာ ပြန့်ကျဲနေအောင် စနစ် တကျ ဆောင်ရွက်ခဲ့သည်။

အစိုးရ ဝန်ထမ်းတွေ နိုင်ငံရေး မလုပ်လျှင်ပြီးရော ကျန်တာ လုပ်ချင်တာလုပ် ဆိုသည့် သဘောဖြင့် လွှတ်ပေးထားပြီး မျက်စိ မှိတ်နေသည်။ အကျင့်ပျက် ဝန်ထမ်းတွေ ဖြစ်အောင် တမင်လွှတ် ကျောင်းထားခဲ့သည်။ စားချင်သလို ဝင်စား၊ ဆွဲစားတာကို သိနေခဲ့ သည်။ ကြည့်နေခဲ့သည်။ နိုင်ငံရေး လုပ်လျှင်ဖြစ်စေ၊ မိမိကိုအာခံ လျှင်ဖြစ်စေ၊ စားမှု၊ ဝါးမှုတွေဖြင့် အရေးယူနိုင်အောင် စနစ်တကျ မှတ်တမ်း တင်ထားပြီးဖြစ်သည်။ အာဏာရှင်ကို အာခံသည့်နေ့မှာ အကျင့်ပျက်မှုဖြင့် အရေးယူ ခံရတော့မည်ဖြစ်သည်။ အကျင့်ပျက်နေ သည့် ဝန်ထမ်းသည် အာဏာရှင် အကြိုက် လိုက်လုပ်ပေးနေရတော့ သည်။

ကျက်သရေ မင်္ဂလာရှိသည့် ဒီမိုကရေစီ နိုင်ငံရေးအရုဏ်ဦး ကာလမှာပင် မြန်မာတို့၏ မွန်မြတ် ကောင်းမွန်သည့် ဗီဇစရိုက်တွေ ငုပ်လျှိုးနေရာမှ ခေါင်းထောင်ထလာပြီဟုယူဆရသည့် မင်္ဂလာ သတင်းတစ်ပုဒ်ကို ကြားသိ လိုက်ရသည်။ မြန်မာ့စိတ်ရင်းက ဒီ အတိုင်းသာ ဖြစ်သည်လို့ ယုံကြည်သည်။

၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၅ ရက် ကြာသပတေးနေ့ နံနက် က မလွှကုန်းဘူတာပလက်ဖောင်းပေါ်မှာ အသက် ၁၉ နှစ်သာရှိ သေးသည့် မခင်သန္တာဌေးကလေးမီးဖွားသည်။ ခင်သန္တာဌေးသည် ဆင်းရဲနွမ်းပါးသူဖြစ်သည်။ အဘွားအိုနှင့်အတူနေရသူဖြစ်သည်။ ခင်ပွန်းကလည်း နေ့စေ့လစေ့ဗိုက်ကြီးသည်ဇနီးကိုထားခဲ့ပြီး ပိုက်ဆံ ရှာဖို့ ခရီးထွက် နေရသည်။ ဗိုက်ကြီးသည်ကလည်း ကြုံရာကျပန်း လုပ်ပြီး ပိုက်ဆံရှာရန် သွားဖို့ အတွက် ရထား စောင့်နေစဉ် ဗိုက်နာ လာတာ ဖြစ်သည်။

ဗိုက်ကြီးသည် မိန်းကလေး ဗိုက်နာလို့ ငိုညည်း နေသည့်အခါ ခရီးသည် အမျိုးသမီးတွေနှင့် ဈေးသည် အမျိုးသမီးတွေက ဝိုင်းအုံ လာကြပြီး ဖေးမ ကူညီကြသည်။ ကလေးထွက်ချင်လို့ ရေမြွှာပေါက်ပြီ ဆိုသည့်အခါ ရရာ အဝတ်တွေဖြင့် ပတ်ကာပြီး မီးနေခန်းလေးဖြစ် အောင် ပလက်ဖောင်းပေါ်မှာပင် လုပ်လိုက်ကြသည်။ အတွေ့အကြုံ ရှိသည့် ဈေးသည် ဒေါ်မြမြကြည်က ဦးဆောင်ပြီး မခင်သန္တာဌေး၏ သမီးဦးလေးကို မွေးဖွားပေးလိုက်ကြသည်။ ဘူတာရုံက လက်မှတ် ရောင်း ဝန်ထမ်း ကိုနိုင်ဝင်းက ကရုဏာကြေး အလှူခံရာ ခရီးသည် တွေနှင့် ဈေးသည်တွေက ထည့်ဝင် လှူဒါန်းကြတာ ၅၃၀၀၀ ရသည်။ မိခင် မခင်သန္တာဌေးနှင့် မွေးကင်းစ သမီးလေးတို့ကို အိမ်တိုင်ရာရောက် လိုက်ပို့ လိုက်ကြသည်။ အဲဒါမြန်မာ့စိတ်ရင်းဖြစ်သည်။

မြန်မာလူမျိုးတို့၏ ပင်ကို စိတ်ရင်းကောင်း၊ ဗီဇစရိုက်ကောင်း တွေသည် အာဏာရှင်၏ စနစ်တကျ ဖျက်ဆီးခြင်း ခံရလို့ နှစ်ပေါင်းငါးဆယ်မျှ ပျက်စီး နေခဲ့ရသော်လည်း ဒီမိုကရေစီ အနံ့အသက် ရလာသည်နှင့်တစ်ပြိုင်နက် သက်ဝင် လှုပ်ရှားလာတော့သည်။ သင်း သတ်ခံထားရသည့် မြန်မာ့စိတ်ရင်းကောင်း၊ ဗီဇစရိုက်ကောင်းတွေ ခေါင်းထောင်ထလာပြီး မသေသေးဘူး ဆိုတာကို မခင်သန္တာဌေး၏ အဖြစ်က သက်သေ ပြလိုက်တာဖြစ်သည်။

မြန်မာနိုင်ငံကို တစ်ခါမျှ မလာဖူးသည့် အမေရိကန် သမ္မတ လာတော့မည် ဆိုသည့် သတင်းကို ကြားကာမျှဖြင့် မြန်မာတို့၏ စိတ် ရင်းကောင်းတွေပြန်ပေါ်လာတာ များလား လို့တောင် တွေးတော စရာ ဖြစ်နေသည်။

သမ္မတအိုဘားမား မရောက်မီ လေးရက်အလိုမှာ မခင်သန္တာဌေး ကိစ္စ ပေါ်ပေါက် ခဲ့တာဖြစ်သည်။

တိုက်ဆိုက်မှု ဖြစ်နိုင် သော်လည်း နှစ်ပေါင်းငါးဆယ်မျှ သင်းသတ် ခံခဲ့ရသည့် မြန်မာ့ဗီဇ စိတ်ရင်း မသေသေးတာ ကတော့ သေချာသည်။

အဏ္ဏဝါစိုးမိုး

Copy From The Voice Weekly Facebook Page
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

ဖွံ့ဖြိုးရန် အသင့်ဆုံး နိုင်ငံတွေ ထဲတွင် ပါဝင်သည်မှာ ကြာမြင့် လှပြီး ယခုချိန်ထိ မဖွံ့ဖြိုးသေးသော နိုင်ငံမှာ မြန်မာနိုင်ငံ ဖြစ်သည်။ မည်သည့်အခါတွင် မြန်မာနိုင်ငံ ဖွံ့ဖြိုးမည်လဲ။

အောင်မြင်ရန် အလားအလာ အင်မတန်ကောင်းသော နိုင်ငံ အဖြစ် လွန်ခဲ့သော နှစ်ခြောက်ဆယ်ကျော် ကတည်းက မြန်မာနိုင်ငံ သည် စာရင်းပေါက် အင်းပေါက် ဖြစ်ခဲ့သည်။ လွတ်လပ်ရေး မရမီ၊ ရပြီးစက ရေးသား ထုတ်ဝေခဲ့သော ဖွံ့ဖြိုးရေး၊ နိုင်ငံရေး စာအုပ်များကို ကြည့်လိုက်လျှင် အာရှဒေသမှ အလားအလာ အင်မတန် ကောင်းသော နိုင်ငံဟု မြန်မာနိုင်ငံကို ဟောကိန်း ထုတ်ကြသည်ကို မြင်တွေ့ရမည်။မြန်မာနိုင်ငံသည် မကြာမီ ရှေ့ရောက်လာမည့် နိုင်ငံ၊ ထွန်းပေါက်မည့် နိုင်ငံ။

သို့သော် လွတ်လပ်ရေးပင် ရမည် မကြံသေး။ မမျှော်လင့်ဘဲ ဗိုလ်ချုပ်တို့ လုပ်ကြံခံခဲ့ရသည်။ အားလုံး ကြိမ်မီး အုံးသလို ပူဆွေး သောကရောက်ကြ၊ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ကုန်ကြသလို၊ တောက်တခေါက်ခေါက် သေနတ်တပြင်ပြင်နှင့် လက်တုံ့ပြန်မည် ဆိုသူ ကလည်း တကဲကဲ။ ပျော်မည်မှ မကြံသေး ရင်ဝ ဆို့စရာ ကြုံရသည် ကိုး။ သို့နှင့် တထိတ်ထိတ် တလန့်လန့်နှင့်ပင် လွတ်လပ်ရေး ရခဲ့သည်။
လွတ်လပ်ရေး ရသည်နှင့် အိမ်ကြက် အချင်းချင်း သဲကြီးမဲကြီး ခွပ်ပွဲကြီး စခဲ့သည်။ အင်္ဂလိပ်နှင့် ဂျပန်ကို တိုက်ရာတွင် ကျောချင်းကပ် ခဲ့သော ရဲဘော်ရဲဘက်တို့၏ သေနတ်ပြောင်းဝများ အချင်းချင်းဘက် သို့ လှည့်ကြပြီ။ အမှန်တွင် လွတ်လပ်ရေး မရခင်ကတည်းက တောခို သည့် အဖွဲ့က တောခိုခဲ့ပြီ။ လွတ်လပ်ရေးလည်း ရရော ခက်ဖွယ်ရယ်ကြုံ လက်နက်ကယ် စုံအညီနှင့်။ ဝါဒ အခြေခံသော အလံဖြူ၊ အလံနီ ကွန်မြူ နစ်များ၊ တောခိုရဲဘော်များ၊ လူမျိုးရေး အခြေခံသော KNDO ကဲ့သို့ အဖွဲ့များနှင့် သိုက်သိုက်မြိုက်မြိုက်။ အလံစုံ၊ အရောင်စုံ လွန်းသော ကြောင့် ရောင်စုံ သူပုန်ဟု ကင်ပွန်းတပ် ရသည်အထိ။

သောင်းကျန်းသူ တပ်များ ရန်ကုန် အနီးတစ်ဝိုက်ကို ထိုးစစ်ဆင်နေပြီး တစ်နိုင်ငံလုံး တွင် အခရာ ကျသောမြို့ကြီးများ ကျကုန် သောကြောင့် ရန်ကုန်မြို့ကို သာ အစိုးရသည့် ရန်ကုန်အစိုးရ (Yangon Government) ဟု နိုင်ငံခြား သတင်းစာများက ထေ့ငေါ့ ခံရသည့် အခြေဆိုက်သည်။နောက်ပိုင်း လက်နက်ကိုင် ဆန့်ကျင်မှုများ တဖြည်းဖြည်း အရှိန်ကျ သွားပြီး တည်ဆောက်ရေးဘက် ဦးလှည့် လာနိုင်လာတော့ နာမည်ကြီး တည်ဆောက်ရေး အကြံ ပြည်တော်သာ စီမံကိန်းနှင့် တိုးပြန်သည်။လူတစ်ကိုယ် တိုက်တစ်လုံး၊ ကားတစ်စီး၊ လခရှစ်ရာ (ထိုစဉ်က လခရှစ်ရာ) ရစေမည် ဆိုသော ဧရာမ ရည်မှန်းချက်နှင့်။ အကြောင်း ကြောင်းကြောင့် ထိုစီမံကိန်းလည်း အကြီးအကျယ် ကျရှုံးကာ ပြည်တော် မသာနိုင်ဘဲ အောင်ဖျာ လိပ်ရသည်။

၁၉၄၈ နှင့် ၁၉၆၂ ကြားကာလကို ရုတ်တရက်ကြည့်လျှင် ရွှေခေတ်ဟု ထင်ရသည်။ ဒီမိုကရေစီရှိ၊ သတင်းစာ လွတ်လပ်ခွင့်လည်း ရှိသည်။ သို့သော် ခေတ်က ပေးလာသော အခွင့်အရေးကို ရအောင်ယူ၊ တိုးတက်အောင် မလုပ်ဆောင် နိုင်ခဲ့ကြ။ ပြည်တွင်း လက်နက်ကိုင် ဆန့်ကျင်မှုများ၊ အာဏာရ ပါတီတွင်း အကွဲအပြဲများကြောင့် နိုင်ငံ တည်ဆောက်ရေးတွင် ချို့ယွင်း ခဲ့သလို နိုင်ငံတွင်း လူသား အရင်းအမြစ် အားနည်းခြင်းကို မကုစား နိုင်ခဲ့သောကြောင့်လည်း ပါသည်။

၁၉၆၀၊ ၇၀၊ ၈၀တို့တွင်လည်း မြန်မာနိုင်ငံသည် အာရှမှ အလားအလာ အကောင်းဆုံး နိုင်ငံများ စာရင်းတွင် ပန်းပန်လျက်။ တော်လှန်ရေး ကောင်စီနှင့် ဆိုရှယ်လစ် လမ်းစဉ် ပါတီ နှစ်ခု ပေါင်းထား သော ထိုကာလ ၁၉၆၂-၁၉၈၈ သည် ဖွံ့ဖြိုးရေး အရ တည်တည် ငြိမ်ငြိမ်နှင့် ထိုးဆင်းနေသောကာလဟု သတ်မှတ်ရမည်။ နိုင်ငံကို တံခါးပိတ် လိုက်ခြင်းကြောင့် အကောင်းရော အဆိုးပါ ဝင်မလာတော့။ အကောင်းဝင်မလာခြင်းကများပြီး ပြည်တွင်းတွင်လည်း တော်သူ အပြတ် ရှင်းဝါဒကြောင့် ကြိုးစားလိုစိတ် ပျောက်ကွယ်ကာ ဘက်ပေါင်းစုံတွင် ချွတ်ခြုံ ကျခဲ့သည်။ ဆိုရှယ်လစ် နိုင်ငံ တည်ထောင်ရေး ဆိုပြီး ဟစ်ကြွေး ခဲ့သော်လည်း ထိုစနစ်မျိုးကိုသာ ဆိုရှယ်လစ် စနစ်ဟု ခေါ်ရလျှင် ဆိုရှယ်လစ် စနစ် နာမည်ပျက် ရရုံသာ ရှိကြောင်း လာရောက် လေ့လာ သွားသော ဆိုရှယ်လစ်နိုင်ငံ ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့က မှတ်ချက် ပြုသွားကြောင်း ကြားခဲ့ရသည်။ အားလုံး သာတူညီမျှ တိုးတက်ရ မည်ဆိုသော ဆိုရှယ်လစ်စနစ်၏ ရည်မှန်းချက်နှင့် တစ်စိတ်တစ်ပိုင်း ကိုက်ညီပြီး လူတန်းစား မညီမျှမှု နည်းသော်လည်း အားလုံး တိုးတက် ခြင်းမဟုတ်၊ အားလုံးမွဲကြရသော ညီမျှမှုမျိုး ဖြစ်နေသည်။ ဖွံ့ဖြိုးမှု အနိမ့်ဆုံး နိုင်ငံများ စာရင်းသို့ ထိုခေတ်တွင်ပင် မြန်မာနိုင်ငံ တရားဝင် ရောက်ရှိခဲ့သည်။

ထိုသို့ဖြင့် ၁၉၈၈ တွင် ဆိုရှယ်လစ် အစိုးရ ဝုန်းခနဲ ဒိုင်းခနဲ ပြုတ်ကျသွားကာ တပ်မတော် အစိုးရ တက်လာသည်။ တံခါးတစ်ဝက် တစ်ပျက် လှစ်ဟလိုက်ရာ စီးပွားရေး နှစ်အနည်းငယ် တက်ခဲ့သော် လည်း နောက်ပိုင်းတန့်ကာ ပြန်လည် ကျဆင်းသွားခဲ့သည်။ စီမံခန့်ခွဲမှု အားနည်းရသည့် အထဲ ပြည်ပမှ အရေးယူ ပိတ်ဆို့မှုများက ဘူးလေးရာ ဖရုံဆင့်၊ နူရာဝဲစွဲ လဲရာသူခိုးထောင်း။ ပညာရေးပိုင်းတွင် လူများများ ပညာသင်နိုင်အောင် (Mass Education) ကြိုးစားမှု မြင်တွေ့ရသော် လည်း အရည်အသွေး ထိုးကျသွားသည်။ ကျန်းမာရေးတွင်လည်း ထိုနည်းလည်းကောင်း။ စီးပွားရေး အခွင့်အလမ်း အချို့ တက်လာသော် လည်း စီးပွားရေး လည်ပတ်ပုံမှာ မူမမှန် ပုံပျက်ပန်းပျက်။ ငွေကြေး ဖောင်းပွမှုမြင့်မား၊ ဈေးနှုန်းများ ကပြောင်းကပြန်၊ စီးပွားရေး ရေခံ မြေခံ ညံ့ဖျင်းသည်။ မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံမှာမူ အလားအလာ အကောင်းဆုံး နိုင်ငံများထဲတွင် ပါနေဆဲ။

မြန်မာနိုင်ငံ မမောနိုင် မပန်းနိုင် အလားအလာကောင်းများ ဆက်လက် ပိုင်ဆိုင် နေဆဲတွင် မြန်မာလောက် အလားအလာ မကောင်း ဟု အထင်ခံရသော နိုင်ငံများ၊ တန်းတူ အလားအလာကောင်း နိုင်ငံများ သည် ဖြတ်တက်သွားခဲ့ပြီ။ ပြိုင်တူလောက် လွတ်လပ်ရေး ရခဲ့သောတောင်ကိုရီးယားနှင့် ၁၉၆၀ လောက်အထိ မတိမ်းမယိမ်းသာ။ ယခုမူ တောင်ကိုရီးယားကို ယှဉ်တွေးရန် ဝေးစွ၊ ခေါင်းထဲတွင် ထည့်စရာ မလို တော့လောက်အောင် ဟိုးအဝေးကြီးတွင် ရောက်နေခဲ့ပြီ။

၁၉၉၀ ခန့်က ပြိုင်တူနီးနီး တံခါး ဖွင့်ခဲ့သော ဗီယက်နမ် အာရှ၏ ပဉ္စမကျားဟုပင် တင်စားခံနေရပြီ။ ဗီယက်နမ် ဆိုသည်မှာ အမေရိကန်နှင့်ဖြစ်သော စစ်ကြောင့် ကြေမွခဲ့ပြီး သန်းချီသေခဲ့သည်။ ရဲရဲတောက် တပ်နီများနှင့် ကမ္ဘာ့ လူဦးရေ အများဆုံး ကွန်မြူနစ် နိုင်ငံဖြစ်ခဲ့သော တရုတ်နိုင်ငံ ၁၉၈၀ လောက်တွင် စပြောင်းလိုက်သည်မှာ နှစ် ၃၀ လောက်နှင့် နိုင်ငံသား သန်းရာချီပြီး ဆင်းရဲတွင်းထဲမှ ဆွဲထုတ် လိုက်နိုင်သည်။ ခမာနီ မတရား ညှဉ်းပန်း သတ်ဖြတ်သောကြောင့် အပြစ်မဲ့ပြည်သူ တစ်သန်းလောက် သေကျေကာ ပညာတတ် မျိုးဆက် တစ်ဆက် ပျောက်ခဲ့သလို နိုင်ငံ ကြေမွခဲ့သည့် ကမ္ဘောဒီးယား ကဲ့သို့ နိုင်ငံပင် ကျွန်တော်တို့၏ ရှေ့တွင်ရောက်နေပြီ။ လာအိုကဲ့သို့ ကုန်းတွင်းပိတ် နိုင်ငံ ပိစိကွေးပင် ကျွန်တော်တို့ထက် သာသည်။ အဝေးပြေး လမ်းမကြီးများ ဖြောင့်လှဖြူးလှသလို လက်ကိုင်ဖုန်းများကို မြန်မာငွေ သုံးလေးထောင်လောက်နှင့် ကျွန်တော် မှတ်မိသလောက် လွန်ခဲ့သော ခြောက်နှစ် ခုနစ်နှစ်လောက် ကတည်းက ကိုင်နေခဲ့ကြသည်။

၂၀၁၁ တွင် မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး စတင်ခဲ့သည်။ တဖြည်းဖြည်းနှင့် အရှိန်ရလာပြီး တကယ်ပြောင်းပြီဟု ပြည်တွင်း ပြည်ပ အသိအမှတ် ပြုလာခဲ့သည်။ အလားအလာ အကောင်းဆုံး နိုင်ငံအဖြစ် တစ်ကမ္ဘာလုံးက တစ်ခဲနက် ဟစ်ကြွေး လာကြသလို အူလှိုက်သည်းလှိုက် စိတ်ဝင်တစား ပူးပေါင်း ဆောင်ရွက် ချင်လာ ကြသည်။ စိတ်ပျက် အားလျော့ရသော ဘဝမှ မြန်မာတို့ စိတ်အားတက် ရသည်၊ မျက်နှာပွင့် ဝင့်ကြွား လာနိုင်သည်။ သို့သော် ယခင်ကာလများကဲ့သို့ ”အလားအလာ ကောင်းသည်” နှင့်ပင် ရပ်သွား ဦးမည်လား။ အခွင့်ကောင်းတွေကို ယခင်ကလိုပင် လက်လွှတ် ကြရဦးမည်လား။ ထူးမခြားနား ဇာတ်ခင်းကြဦးမည်လား။

မြန်မာနိုင်ငံတွင် လုပ်ဆောင်စရာများက များပြားလှသည်။ အနှစ်နှစ် အလလက မရှင်းခဲ့သည့် ပြဿနာများ၊ အသစ်မွှေးခဲ့သည့် မီးများ၊ နိုင်ငံတကာတွင် ပြောင်းလဲသွားသော အခြေအနေများကြောင့် ပြဿနာသစ်များ၊ ရည်မှန်းချက် ကြီးကြီးများနှင့် ချက်ချင်းလက်ငင်း နေ့မဆိုင်း ညမဆိုင်း လုပ်ရမည့် အလုပ်များက တောင်လိုပုံ။ လုပ်စရာ တွေက များလှသည့် အထဲ လုပ်မည့်သူ၊ လုပ်နိုင်သူမှာလည်း ပညာရေး ယိုယွင်း ခဲ့သောကြောင့်ရော၊ လူတော် အများအပြား အပြင်ထွက်သွား သောကြောင့်ရော နည်းလွန်း လှသည်။ လူသားရင်းမြစ် မဟုတ်သော ငွေကြေးကဲ့သို့ အရင်းအမြစ်မှာလည်း ပြတ်လပ် နေသည်။

အရင်းအမြစ် ပြဿနာကြောင့် လုပ်ဆောင်စရာ အားလုံးကို တစ်ပြိုင်တည်း မလုပ်နိုင်သည့်အတွက် ဦးစားပေး လုပ်ရမည့်အရာများ ရွေးရဦးမည်။ တစ်ခါ ဦးစားပေးစရာ ရွေးလိုက်လျှင်ပင် ဦးစားပေးများ ကိုယ်တိုင်က အင်မတန်မှ များနေသေးသည်။ ထို့ကြောင့် ဦးစားပေး များ အနက်တွင်မှ အလွန့်အလွန် အရေးကြီးသော ဦးစားပေး အရာများ ကို သေသေချာချာရွေးပြီး အရင်ဆုံး ဆောင်ရွက်ရမည်။ “သစ်တစ်ပင်စိုက်ရန် အကောင်းဆုံး အချိန်မှာ လွန်ခဲ့သော နှစ်နှစ်ဆယ်။ ဒုတိယ အကောင်းဆုံး အချိန်မှာ ယခု” “The best time to plant a tree is twenty years ago. The second best time is now”ဟူသောစကားပုံသည် မြန်မာ့ အခြေအနေနှင့် ကိုက်ညီလှသည်။

မြန်မာနိုင်ငံကို တည်ထောင်ရန် အကောင်းဆုံး အချိန်မှာ လွတ်လပ်ရေးရပြီး စလွန်ခဲ့သော နှစ်ခြောက်ဆယ်ကျော်က။ ဒုတိယ အကောင်းဆုံး အချိန်မှာ ယခုဖြစ်သည်။ မြန်မာနိုင်ငံသားတို့ စောင့်ဆိုင်း ခဲ့ရသည်မှာ ကြာမြင့်လှပြီ။မြန်မာနိုင်ငံ တည်ထောင်ရန် တတိယ အကောင်းဆုံး အချိန်သို့ မရောက် စေလိုတော့။


Copy From The Voice Weekly Web Page
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

အားကြီးစိတ်ညစ်ပါတယ်ဗျာ


၂၉-၁၁-၂၀၁၂ ရက်နေ့ အချိန်က နေ့လယ် ၂ နာရီ လောက်ရှိပါပြီ။ ဆောင်းပါးတစ်ပုဒ် ရေးရတာ တကယ်တော့ အချိန်ဘာမှ မကြာပါဘူး။ အလွန်ဆုံး တစ်နာရီကျော်ကျော်ပေါ့ ခင်ဗျား။

အဲ ... ဒါပေမဲ့ အချက်အလက် ရှာဖွေရတာပါပဲ။ စာရေးတဲ့ဆီ မှာ အချက်အလက် ရှာရတာ သိပ်ခက်ပါတယ်။ အချိန်ယူရပါတယ်။

ဒီအပတ်တော့ အမေရိကန်ပြည်ထောင်စုရဲ့ Foreign Policy

မဂ္ဂဇင်းကြီးက ရွေးချယ်တဲ့ ကမ္ဘာ့အမြင့်ဆုံး တွေးခေါ်ပညာရှင်ကြီး များ စာရင်း (the list of 100 global thinkers for 2012
) မှာ မြန်မာ နိုင်ငံက သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် တို့ကို အဆင့် (၁) ပုဂ္ဂိုလ်နှစ်ဦး အဖြစ် ရွေးချယ် သတ်မှတ်လိုက်တဲ့ အကြောင်းကို ဆောင်းပါး ရေးမလို့ပါပဲ။

ဒီဆောင်းပါးကို ရေးဖို့အတွက် Foreign Policy မဂ္ဂဇင်း အကြောင်းကို (အင်တာနက်) ထဲမှာ အသေးစိတ် ရှာဖတ်ရတယ်။

ဒီဆုရဖူးတဲ့ နာမည်ကြီး ပုဂ္ဂိုလ်တွေ အကြောင်းကို လေ့လာရ တယ်။

နောက် ... ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဆုရ တဲ့အပေါ်မှာ ကမ္ဘာ့ စာနယ်ဇင်းကြီးတွေက ဘယ်လိုမြင်ကြတယ်ဆိုတာ တွေကို အချိန်ယူ ရှာဖွေ လေ့လာ ရပါတယ်။

အချက်အလက်တွေ စုပြီးပြီ။

စာရေးစားပွဲပေါ်မှာ ထိုင်ပြီး ၁၀ မိနစ်လောက်ပဲကြာပါလိမ့်ဦး မယ်။

မုံရွာကြေးနီတောင် စီမံကိန်းမှာ ဆန္ဒပြနေတဲ့ ရဟန်းတွေ နှင့် လူပုဂ္ဂိုလ်တွေကို ဘယ်လို နှိမ်နင်းလိုက်တယ် ဆိုတဲ့ သတင်းကြီး ထွက်ပေါ် လာပါတယ်။

ကျွန်တော်အလွန် စိတ်ညစ် သွားပါတယ်။

အဓိက စိတ်ညစ်သွားရတာကတော့ ဆန္ဒပြကြတဲ့ ရဟန်းတွေ၊ လူတွေအထဲက မီးလောင် ဒဏ်ခံရတဲ့ လူနာတွေ ပြဿနာပါပဲ။

အစိုးရအဖွဲ့ရဲ့ တရားဝင် သတင်းထုတ်ပြန်ရေး အဖွဲ့ရဲ့ အဆို အရ မီးလောင်စေတဲ့ ဖြိုခွင်း ပစ္စည်းတွေကို လုံးဝ မသုံးခဲ့ပါဘူးလို့ ကြေညာ ပါတယ်။

ခက်တာက အင်တာနက်ပေါ်မှာနှင့် ဒီဗီဒီ ရုပ်မြင်သံကြား သတင်းတွေမှာ မီးလောင် ခံထားရတဲ့ လူနာတွေကို ကိုယ့်မျက်စိနှင့် အတိအကျကြီး မြင်နေရတာပါပဲ။

တစ်ခုခုတော့ လွဲချော်နေပါပြီ။

ကျွန်တော်ကလည်း သမ္မတ ဦးသိန်းစိန်ကို အလွန် အောင်မြင် စေချင်ပါတယ်။ လွန်ခဲ့တဲ့နှစ် ဧရာဝတီမြစ်ဆုံမှာ တည်ဆောက်မယ့် ရေကာတာ ကိစ္စကို သူရပ်ဆိုင်းလိုက်တဲ့ အမိန့်ထုတ်ပြန် လိုက်တဲ့နေ့ ကစပြီး သူ့ကို အလွန် သဘောကျ ခဲ့ပါတယ်။ သူ့ကို ထောက်ခံတဲ့ ဆောင်းပါးတွေ အခွင့်အခါ သင့်တိုင်း ကျွန်တော် သစ္စာ ဂျာနယ်နှင့် Voice ဂျာနယ်တွေမှာ ရေးပေးခဲ့ပါတယ်။ အနည်းဆုံး ကျွန်တော်ရေး ပေးခဲ့တဲ့ ဆောင်းပါးတွေ ဆယ်ပုဒ်ကျော် ရှိနေပါပြီ။

ဒီနေ့လည်း တွေးခေါ်ပညာရှင် ၁၀၀ စာရင်းထဲမှာက နံပါတ် ၁ မှာ သူ့အမည် ပါခဲ့တာမို့ ကျွန်တော် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရတယ် ဆိုတဲ့အကြောင်း ဆောင်းပါး ရေးတော့မလို့။

စိတ်ညစ်လိုက်တာ ခင်ဗျား။

ဘာတွေဖြစ်ကုန် ပြီလဲ။

ဒီကြေးနီတွင်း ပြဿနာကို ကျွန်တော် ဆောင်းပါးတစ်ပုဒ် ရေး ပြီးပါပြီ။ ၃၀.၁၀.၂၀၁၂ ရက်နေ့ထုတ် သစ္စာ ဂျာနယ်မှာပါ။ ခေါင်းစဉ်က "ကြေးနီတွင်း ပြဿနာနှင့် အဖြေ" ...။ အာဏာပိုင် တွေကလည်း ဘယ်သူမှ ဂရုစိုက်ပြီး ဖတ်ခဲ့ကြပုံ မရပါဘူး။

သမ္မတကြီး ဦးသိန်းစိန်ဟာ ဒီနှစ်အတွက် နိုဘယ်လ်ငြိမ်းချမ်း ရေးဆုကြီး ကိုတောင် ရတော့မလို့။ ကပ်ပြီး လွဲသွားခဲ့တာပါ။ နောက် ဆုံးအဆင့် ရွေးချယ် ခံထားရတဲ့ ပုဂ္ဂိုလ် (၅) စာရင်းမှာ အထိ သူ့ အမည် ပါဝင်ခဲ့ပါတယ်။

ယခု Foreign Policy မဂ္ဂဇင်းက (the list of 100 global thinkers for 2012
) မှာ နံပါတ် (၁) ဖြစ်ရတာ ဟာလည်း ငြိမ်းချမ်း ရေးနှင့် ပတ်သက်ပြီး သူ့ရဲ့အောင်မြင်စွာ မြန်မာနိုင်ငံ အတွက် ဆောင်ရွက် နိုင်ခဲ့တာတွေကို ဂုဏ်ပြုပြီး ရွေးချယ် ခဲ့တာပါ။

ဒီမဂ္ဂဇင်းရဲ့ တာဝန် ရှိသူတွေက ပြောပါတယ်။ လွန်ခဲ့တဲ့ (၁) နှစ် အချိန်အတွင်းမှာ ဒီနေ့ကမ္ဘာကြီးမှာ စိတ်မချမ်းသာစရာ ဖြစ်ရပ် အမျိုးမျိုးနှင့် တွေ့ခဲ့ရတယ်။

အရှေ့အလယ်ပိုင်း ပြဿနာ။

အာရပ် ဒီမိုကရေစီ တော်လှန်ရေး ပြဿနာနှင့် ဒီတော်လှန်ရေးက ပေါ်ထွက်လာတဲ့ ဆိုးကျိုး ပြဿနာတွေ ...။

နောက် ... အီရန်နိုင်ငံရဲ့ အဏုမြူ စွမ်းအား ထုတ်လုပ်မှုနှင့် ပတ်သက်ပြီး တင်းမာမှုပြဿနာ ...။

နောက် ... မြောက်ကိုရီးယား ပြဿနာ ပေါ့ခင်ဗျား။

ဒီပြဿနာ ... ဒီစိန်ခေါ်မှုတွေကြောင့် ကမ္ဘာတစ်ခုလုံးကို လှမ်းကြည့်လိုက်ရင် ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး စိတ်ချမ်းသာစရာ နေရာ တစ်ခုမှ ပြစရာ မရှိတော့ သလို ဖြစ်ခဲ့ပါသည်။

အဲ ... ဒါပေမဲ့ ... မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင် ကူးပြောင်း မှုကတော့ အလွန်ညင်ညင်သာသာ ရှိပြီး ပြောင်းလဲသွားခဲ့ပုံ အဆင့်ဆင့် ကလည်း အလွန် လှပနေတဲ့ အတွက် ဒီအသွင် ကူးပြောင်းမှုကို ဦးဆောင်ခဲ့တဲ့ မြန်မာ ခေါင်းဆောင်တွေကို သူတို့ အလွန် ဂုဏ်ယူကြ တယ်။ အထူးသဖြင့် သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် ပေါ့ခင်ဗျား။

ဆိုလိုတာတော့ သူတို့ အတွက် လွန်ခဲ့တဲ့ တစ်နှစ် ဆိုတဲ့ အချိန် အတွင်းမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုနှင့် စံပြုစရာ နိုင်ငံ ဆိုလို့ မြန်မာနိုင်ငံပဲ ရှိပါတယ်တဲ့။

ဘယ်လောက် ဝမ်းသာစရာ ကောင်းပါသလဲ ခင်ဗျား။

နောက်ကျန်ပါသေးတယ်။
ICG လို့ အတိုကောက် ခေါ်တဲ့ (The International Crisis Group
) ဆိုတာ ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး ကမ္ဘာမှာ အလွန် နာမည်ကြီးလှတဲ့ အဖွဲ့အစည်း ခင်ဗျား။

အစိုးရနှင့် ကင်းလွတ်တဲ့ အဖွဲ့အစည်း၊ အမြတ်အစွန်းမဲ့ (Non-Profit)
အဖွဲ့အစည်း၊ ၁၉၉၅ ခုနှစ်မှာ ကမ္ဘာ့ဘဏ် ဒုတိယ ဥက္ကဋ္ဌ Mark Malloch Brown
ဦးဆောင်ပြီး စတင် ဖွဲ့စည်းခဲ့တဲ့ အဖွဲ့အစည်း ပါ။

ဒီအဖွဲ့အစည်းက အငြင်းအခုံ ဖြစ်နိုင်တဲ့ ကမ္ဘာ့ ပြဿနာတွေကို ငြိမ်းချမ်းစွာ ဖြေရှင်း နိုင်ဖို့အတွက် ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ ကမ္ဘာ့ ဘဏ်စတဲ့ ကမ္ဘာ့ဦးဆောင်အဖွဲ့တွေနဲ့ နိုင်ငံကြီးတွေကို အကြံဉာဏ် ပေးနေရတဲ့ အဖွဲ့ခင်ဗျား။

ဒီအဖွဲ့ကြီးက သမ္မတဦးသိန်းစိန်ကို ငြိမ်းချမ်းရေး ဗိသုကာကြီး အဖြစ် ဂုဏ်ပြုညစာစားပွဲ (Persuit of Peace Award Dinner
) ကို နယူးယောက်မြို့တော်ကြီးမှာ ၂၀၁၃ ခုနှစ် ဧပြီလ ၂၂ ရက်နေ့မှာ ကျင်းပပေးကြဖို့ အကုန် စီစဉ် ထားပြီးပါပြီ။

ဒီဂုဏ်ပြုညစာ စားပွဲကြီးက မြန်မာ့ ခေါင်းဆောင်ကြီး တစ်ယောက်ကို အမြင့်ဆုံး ဂုဏ်ပြုတဲ့ ကမ္ဘာ့ဧည့်ခံပွဲလို့ သတ်မှတ်လို့ ရနိုင်ပါတယ်။

မြန်မာနိုင်ငံ သမိုင်းမှာ ဘယ်ခေါင်းဆောင်မှ ဒီလောက်ကြီးမား တဲ့ အောင်မြင်မှုမျိုးကို မရခဲ့ဖူး ပါဘူး။

ဒုက္ခပါပဲ။

ဒီနေ့ ထွက်ပေါ်လာတဲ့ မုံရွာ ကြေးနီတောင်ရဲ့ ဆန္ဒပြ သမား တွေကို ဘယ်လိုနှိမ်နင်း ဖြိုခွဲ လိုက်တယ် ဆိုတဲ့ သတင်းကိုသာ ကြားကြရရင် ဒီအဖွဲ့ကြီးကို ဦးဆောင် နေတဲ့ ပုဂ္ဂိုလ်တွေ ဘယ်လို ခံစားကြရမှာလဲ။

ကျွန်တော့်လိုပဲ ဘယ်လိုပြောရမှန်း ... ဘယ်လို ဆက်လုပ်ရမှန်း မသိအောင်ကို စိတ်ညစ် ကြမှာပေါ့ခင်ဗျား။

စာရေးဆရာ တစ်ယောက်သာ ဖြစ်တဲ့ ကျွန်တော့် အတွက်က တော့ မိမိဆောင်းပါးကို တင်စား ပြောတဲ့ အသုံးအနှုန်းတွေကို လျှော့ချလိုက်ရုံဖြင့် ဖြေရှင်းလို့ ရပါတယ်။ အဲဒီပုဂ္ဂိုလ်ကြီးတွေ အတွက်ကျတော့ အလွန်ကြီးလှတဲ့ ဒုက္ခကြီးပါပဲ ခင်ဗျား။

နောက် ... သမ္မတအိုဘားမား။ နောက် ... နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်။

ဒီပုဂ္ဂိုလ်ကြီးတွေကလည်း သမ္မတဦးသိန်းစိန်ကို အလွန် လေးစားကြပါတယ်။ အလွန် အထင်ကြီး ကြပါတယ်။ အမျိုးမျိုး ချီးကျူး ခဲ့ပါတယ်။

မြန်မာပြည်ကို သူတို့ လာလည်ပြီး ပြန်သွားခဲ့ကြသေးတာမှ ရက်ပိုင်းပဲ ရှိပါသေးတယ်ခင်ဗျား။

သူတို့လည်း ဒီနေ့ပေါ်လာတဲ့ အရုပ်ဆိုးလှတဲ့ သတင်းကြီးကြောင့် ဘယ်လို ခံစားကြရမှာလဲ။

စိတ်ညစ် နေကြမှာတော့ သေချာတာပေါ့ ခင်ဗျား။

အဓိကရုဏ်းတွေကို နှိမ်နင်းတဲ့အခါ ရေအားနှင့် ရှင်းပစ်တာတို့၊ မျက်ရည်ယိုဗုံး သုံးတာတို့ (ရော်ဘာ) ကျည်ဆန်နှင့် ပစ်ခတ်တာတို့၊ နံပါတ်တုတ်နှင့် ရိုက်တာ တို့က ဘာမှ မဆန်းပါဘူး။

ဒီနေ့ ဆန်းကြယ်နေတာက ဆန္ဒပြတဲ့ သူတွေကို မီးလောင်တဲ့ ဝေဒနာ ရစေခဲ့တဲ့ ပြဿနာ။

ကျွန်တော် ထင်ပါတယ်။

မျှော်လင့်ပါတယ်။

တစ်ခုခု အမှား ရှိနေပါလိမ့်မယ်။

စောစောက တင်ပြခဲ့သလို သမ္မတ ဦးသိန်းစိန်အတွက် အလွန် အခြေအနေကောင်းတွေ ပေါ်နေ၊ ရနေတဲ့အချိန်မှာ ဒီအကျည်းတန်တဲ့ ဖြစ်ရပ် ဘာကြောင့် ပေါ်လာရသလဲ။

သမ္မတဦးသိန်းစိန် အမိန့် မရဘဲ၊ ခွင့်ပြုချက်မရဘဲ ဒီပြဿနာ ကြီး ပေါ်ပေါက်လာဖို့ဆိုတာလည်း အလွန်ခဲယဉ်းပါတယ်။

ကျွန်တော့်မှာတော့ အဖြေမရှိဘူးခင်ဗျား။

အုပ်ချုပ်မှု အာဏာပိုင်တွေမှာပဲ အဖြေရှိပါလိမ့်မယ်။

ဒီနေ့ကလည်း Information
Age (သတင်းခေတ်သစ်ကြီး) ဖြစ်နေတော့ ဘာမှလဲ ဖုံးကွယ်လို့ မရနိုင်ပါဘူး။

ဆေးရုံပေါ်က မီးလောင်တဲ့ ဝေဒနာ ခံစားနေရတဲ့ ပုဂ္ဂိုလ်တွေကို အင်တာနက်နှင့် တီဗီ (TV) တွေအပေါ်မှာ လူတိုင်းမြင်နေရပါတယ်။

ကျွန်တော် သမ္မတ ဦးသိန်းစိန်ကို အလွန် အားကိုးပါတယ်။ အလွန် အထင်ကြီးပါတယ်။ မြန်မာနိုင်ငံကို ကယ်တင်နိုင်မယ့် ပုဂ္ဂိုလ် အဖြစ် ဒီနေ့အချိန်အထိလည်း ရင်ထဲမှာ မှတ်ယူ ထားပါတယ်။

ကျွန်တော်ဟာ လေသူရဲ စစ်ဗိုလ် ဘဝက စာရေးဆရာ၊ သတင်းစာဆရာ ဖြစ်ခဲ့သူပါ။ စစ်တပ်နှင့် နီးစပ်မှု ရှိခဲ့သူပါ။ ဒီနေ့ မြန်မာ့တပ်မတော်နှင့် တပ်မတော်မှ ထွက်လာပြီးဖြစ်တဲ့ ခေါင်းဆောင် တွေ အထဲမှာ သမ္မတ ဦးသိန်းစိန် နေရာကို အစားထိုး နိုင်မည့်သူမှာ အလွန်ရှားလှပါတယ်။ မရှိတာတော့ မဟုတ်ပါဘူး။

အပြင်လောကမှာရော၊ တကယ် လက်တွေ့ နိုင်ငံကို ဦးဆောင် နိုင်တဲ့လူရှိပါသလား။

ကျွန်တော့် အထင်၊ အမြင်တွေကို ဘာမှ မပြောချင်တော့ပါ။

ဘုရားသခင် ...။

ဒီနေ့ မြန်မာနိုင်ငံကို ဒီမိုကရေစီ လမ်းပေါ်ကို တွန်းပို့ခဲ့တဲ့ စစ်ခေါင်းဆောင်၊ အရပ်ခေါင်းဆောင် အားလုံးကို စောင့်ရှောက်ပါ။

မြန်မာပြည်သူလူထု ကြီးကိုလည်း စောင့်ရှောက်ပါ။

ကျွန်တော့်ကိုလည်း စောင့်ရှောက်ပေးပါ။

ကျွန်တော်အားကြီး စိတ်ညစ် နေပါတယ်။



ဦးလှဝင်း (လေသူရဲတစ်ဦး)


Copy From The Voice Weekly Facebook Page
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

ဆရာကျော်ဝင်းရဲ့ ကမ္ဘာပြားပြီ ဆိုတဲ့ စာအုပ်ကို ဖတ်ခဲ့တဲ့ ၂၀၀၉ ခုနှစ်တုန်းကတော့ မြန်မာပြည်မပါလို့ တွေးခဲ့တာ ရှိပေမယ့် နှေးလွန်းလို့။  အခုတော့ ကမ္ဘာတကယ်ပြားသွားပြီ။ တစ်နေ့ တစ်နေ့ ဂျပန်က သူငယ်ချင်း၊ အမေရိကားက သူငယ်ချင်း၊ မန္တလေးက သူငယ်ချင်းတွေနဲ့ ပြောနေ ဆိုနေ လိုက်တာ၊ လူချင်းလည်း မသိ။ နေရာဌာန အကွာအဝေး ဆိုတာကို အင်တာနက်ကြီးက ချုံ့ချ ပစ်လိုက်တာ ဘေးချင်းကပ်ပဲ ရှိနေ သလိုလို။
ဟိုးတုန်းက သတင်းတွေဆိုတာ တီဗီမှာ လာသွားတာ ပြန်လိုချင်လို့ မရတော့။ လေထဲ ပျောက်သွားပြီ။ သတင်းစာတွေဆိုရင်တော့ တစ်ထပ်ကြီးစုထား။ တောင်ပုံရာပုံ။ နှစ်ချို့တော့မှ အဟောင်းဆိုင်မှာ ရောင်းစား။ အခုတော့ ဂူးဂဲထဲမှာ တစ်ချက် ခေါက်လိုက်တာနဲ့ ဘယ်နှနှစ်စာ လိုချင်သလဲ၊ အကုန်ရ။ အချိန်ဆိုတာကို ချုံ့ချပစ် လိုက်တဲ့ အင်တာနက်။ သူ့ကျေးဇူးကြောင့်ပဲ သတင်းအဟောင်းတွေကို ဆက်စပ် ဖတ်ကြည့်လိုက်တော့ ဇာတ်လမ်း တစ်ပုဒ်စာ ထွက်ပါရော လား။ တကယ်ပဲ ကမ္ဘာကြီးဆိုတာ ရွာကြီးပဲကိုး။ ဂေဟစနစ်နဲ့ ပတ်ဝန်းကျင် ဆိုတာ ဒိုမီနို သီအိုရီလို တစ်ဆက် တစ်စပ်တည်း ရှိနေ တာကလား။

ကမ္ဘာကြီး ပူနွေးလာတယ်လို့ ပြောကြတာ ကြားတော့ကြားဖူး နေတာပဲ။ အမေရိကန် ဒုတိယသမ္မတဟောင်း အယ်လ်ဂိုး ရိုက်ပြထား တဲ့ An Inconvenient Truth သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှု မှတ်တမ်းခွေ ကို ကြည့်ရတော့မှ ပဲ နည်းနည်း တီးမိ ခေါက်မိတာ။ ကမ္ဘာမြေ အပူချိန် ဒီဂရီဟာ ၀ ဒသမ ၆ စင်တီဂရိတ်နှုန်းနဲ့ တက်နေ ပါသတဲ့။ အလွယ် စဉ်းစားနိုင်တာကတော့ အပူချိန် များလာတော့ ရေအပြန့် ကျယ်လာတယ်။ မြောက်ဝင်ရိုးစွန်းက ရေခဲတွေ အရည် ပျော်လာတယ်။ ရေထုထည် များတော့ ပင်လယ်ရေ မျက်နှာပြင်က ၁၀-၂၀ စင်တီမီတာနှုန်းနဲ့ မြင့်တက် နေပါတယ်တဲ့။ ပင်လယ်ရေ မျက်နှာပြင် မြင့်လာတော့ ကုန်းမြေ ကျဉ်းသွားတာပေါ့။ တချို့ကျွန်းနိုင်ငံ သေးသေးလေးတွေဆို ၁၀ နှစ်ကနေ နှစ် ၅၀ အတွင်း ရေအောက် ရောက်သွားမယ်ဆိုပဲ။  လူဦးရေ သုံးသိန်းကျော်သာ ရှိတဲ့ မော်လဒိုက် ကျွန်းနိုင်ငံဆိုရင် ဆောက်တည်ရာ မရ ဖြစ်နေတာ ကြာပြီ။ ဘယ်ပြေး ရမှန်းလဲ မသိ။ ကြောက်စရာကြီးနော်။
ကမ္ဘာကြီး ဘာကြောင့် ပူနွေးလာသလဲ ဆိုတော့ ကာဗွန် ဓာတ်ငွေ့ ထုတ်လုပ်မှုတွေ များလို့တဲ့။ ကာဗွန်ဓာတ်ငွေ့ ဘယ်ကထွက် လဲဆိုတော့ စက်ရုံတွေ၊ ကားတွေကတဲ့။ နောက်ဆုံး စာရင်းချတော့ လူလုပ်တဲ့ ဘေးအန္တရာယ် ပါတဲ့။ ဘယ်လူတွေလဲဆိုတော့ စက်ရုံတွေ၊ ကားတွေများတာ ဘယ်သူရှိလဲ။ ကမ္ဘာ့ထိပ်သီး ကာဗွန်ထုတ်လုပ်မှု အများဆုံး သုံးနိုင်ငံ - အမေရိကန်၊ တရုတ်၊ အိန္ဒိယတဲ့။ တခြားသော ဖွံ့ဖြိုးပြီး ဖွံ့ဖြိုးဆဲ နိုင်ငံများလည်း ပါတာပေါ့။
ဒီပြဿနာကို ဖြေရှင်းဖို့ ကျိုတို ပရိုတိုကောဆိုတဲ့ စာချုပ် ကြီး ပေါ်လာပါရော။ စည်းကမ်းတွေ သတ်မှတ်၊ ကာဗွန်တွေ လျှော့ထုတ် ကြမယ်ပေါ့။ နိုင်ငံစုံ အစည်းအဝေးကြီးလုပ်ကြတယ်။ သဘောတူညီမှုတွေ ညှိနှိုင်းကြတယ်။ အစကတော့ ဟုတ်သလိုလိုပဲ။ နောက်တော့ မဟုတ်ဘူးဖြစ်ပြန်ရော။ ဘာလို့လဲဆိုတော့ အများဆုံး ထုတ်တဲ့ သုံးနိုင်ငံက လက်မှတ် မထိုးလို့။ နင်လျှော့ရင် ငါလည်း လျှော့မယ်နဲ့ အပြန်အလှန် လက်ညှိုးထိုးနေတာနဲ့ပဲ အဖြေမထွက်ဘူး တဲ့။ ကောင်းရော။
အားတက်စရာလေး ပြောလိုက်ဦးမယ်။ ကျွန်မတို့ရဲ့ မြန်မာနိုင်ငံ က ကာဗွန် ထုတ်လုပ်တဲ့ စာရင်းထဲမှာ နံပါတ် ၉၁။ လူတစ်ယောက်ချင်း ထုတ်တဲ့နှုန်းနဲ့သာ ပြန်တွက်ရင် နံပါတ် ၁၈၅။ တစ်ကမ္ဘာလုံး ထုတ်လုပ် မှုရဲ့ ၀ ဒသမ ၀၄ ရာခိုင်နှုန်းပဲ ရှိသတဲ့။ ကြွားချင်ရင် ကမ္ဘာပတ်ကြွားပေ တော့။ တို့များက သန့်သန့်ရှင်းရှင်း သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှု နည်းအောင် နေတဲ့ တိုင်းပြည်လို့။ လူသားတစ်မျိုးလုံးနဲ့ တောရိုင်း တိရစ္ဆာန်များကို တစ်ထောင့် တစ်နေရာကနေ စောင့်ရှောက်ပေးနေ တဲ့အကြောင်း ကမ္ဘာ့ဆူပါ ပါဝါ သုံး နိုင်ငံသားတွေ ရှေ့မှာ ခေါင်းကို မော့ပြီးပြောလို့ရတယ်။
အဲဒီလို ပင်လယ်ရေ မျက်နှာပြင် မြင့်တက်လာရင် ရေအောက် ရောက်သွားမယ်လို့ စာရင်းပြုစု ခံရတဲ့ နိုင်ငံ ရှစ်နိုင်ငံ ရှိပါတယ်။
(၁) မော်လဒိုက် ကျွန်းစုများ၊ (၂) ဘင်္ဂလားဒေ့ရှ်၊ (၃) ဖိလစ်ပိုင်၊(၄) အီဂျစ်၊ (၅) တူဗာလု၊ (၆) ပေါ်ပူဝါ နယူးဂီနီ၊ (၇) ဘာဘေးဒိုး၊ (၈) ကီရိဘာတီတို့ ပါတယ်။
ဒီအထဲကမှ ကျွန်မတို့ အိမ်နီးချင်းကြီးရဲ့ဒုက္ခကို ပြက်ရယ် မပြုချင်ပေမယ့် သူ့ပြဿနာ ဖြေရှင်းပုံ ဖြေရှင်းနည်းလေး တွေကိုတော့ အနီးကပ်နေရသူ ပီပီ သိထားဖို့ လိုပါတယ်။
ပင်လယ်ရေ တက်လာမှုကြောင့် တစ်ကမ္ဘာလုံး လူပေါင်း သန်း ၂၀၀၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား သန်း ၂၀ ဟာ ၂၀၅၀ မတိုင်ခင်မှာ ရွှေ့ပြောင်း နေထိုင်ရပါလိမ့်မယ်တဲ့။ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးက ဒီလိုမျိုး လူလုပ်တဲ့ ဘေးအန္တရာယ်ကို ခံစား ရတာမို့ အနောက် အုပ်စုထံက ဒေါ်လာ လေးဘီလီယံ လိုချင်ပါသတဲ့။ အတိုးနဲ့ချေးတာ မဟုတ်ဘူးတဲ့။ ဒီအတိုင်း အလွတ်ပေးရမှာတဲ့။ တောင်းပုံလေးက သင်းတယ်နော်။
ဒါ့အပြင် ဒီလို ဒုက္ခရောက်တဲ့ လူတွေကို လက်ခံဖို့ ဗြိတိန် နိုင်ငံက ဗီဇာတံခါးကို ဖွင့်ပေးသင့် သတဲ့။ ဥရောပနဲ့ အမေရိကန် ကလည်း ဒီသန်းနဲ့ ချီတဲ့ ဘင်္ဂါလီတွေကို တာဝန် ယူသင့် တာတဲ့။ သိပ်ရယ်ရတာပဲ။ ဒါတွေက ၂၀၀၉ ခုနှစ် ကတည်းက တောင်းဆိုနေ ခဲ့တာ။ ရသွားလား မရသွားလားတော့ မသိ။
ဒီလောက်ဆိုရင် ၂၀၁၂ ရခိုင် အရေးအခင်း ပြဿနာ ထဲကို ဘာလို့များ တစ်ကမ္ဘာလုံးက စိတ်ဝင်စား၊ အာရုံစိုက်၊ ကရုဏာ တွေသက်ပြီး စုတ်တသပ်သပ်နဲ့ တက်တက်ကြွကြွကြီး ဝင်ရောက် ကူညီ ချင်နေသလဲ ဆိုတာကို ဆက်စပ်လို့ ရလောက်ပါပြီ။
OIC ရယ်၊ BBC , VOA, RFA, Irrawaddy, DVB တို့အပြင် လက်သည် တရားခံတွေ ထဲမှာ ရေကြီးတာလည်း ပါသကိုး။ ဒါကြောင့် လည်း အန်တီစုက ဘင်္ဂလားဒေ့ရှ် ကလည်း နယ်စပ်ကို တာဝန်ယူ သင့်ကြောင်း ပြောလိုက်တာနဲ့ ဆတ်ဆတ်ခါ ထွန့်ထွန့်လူး ဖြစ်ကုန်ကြ တာပဲ။
သူ့လူသန်း ၂၀ ကို နဂိုကမှ ဘယ်ပို့ရမှန်း မသိရတဲ့ အထဲနော်။ တရုတ်ကြီးလိုပဲ တစ်အိမ်ထောင် ကလေးတစ်ယောက် အမိန့် ထုတ်လိုက်ပြီးရော။
နောက်ခံအကြောင်းတွေ အများကြီး ရှိနေတဲ့ ရခိုင်၊ ဘင်္ဂါလီ အရေးကို လူမျိုးစု နှစ်စု မကျေမနပ် သတ်ဖြတ်ကြခြင်းလို့ လွယ်လွယ် ကလေး လက်ခံဖို့ မသင့်ပါဘူး။ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲ ရေးလို့ အကျယ်ကြီး အော်နေပေမယ့်လည်း အနောက်ဘက် စည်းရိုး ပေါက်သွားတာကတော့ ငြင်းလို့မရတော့ပါ။ လက်နက်ကို လက်နက် ချင်းတိုက်တာ ထင်သာမြင်သာ ရှိလှပေမယ့်လည်း လူကိုလူချင်း
ဖိသတ်နိုင်တဲ့ အနေအထားမျိုးမှာ ကျည်ဆန်ကလည်း အသုံးဝင်လိမ့် မယ် မဟုတ်ပါဘူး။
လတ်တလော သတင်းကောင်းကတော့ အာဆီယံ အဖွဲ့ကရော၊ ဧည့်သည်တော်ကြီး အိုဘားမားကပါ နိုင်ငံသားဖြစ်ခွင့် ဆိုတာကို ဝင်ရောက် စွက်ဖက်လို့ မရပါဘူးလို့ ပြောသွားပါတယ်။ နားလည် သလောက်ကတော့ ဘင်္ဂါလီတွေကို လူ လူချင်း ကူညီမှုတော့ ပြုရမယ်။ နိုင်ငံသားပေးတာ မပေးတာကတော့ မြန်မာတွေသာ ဆုံးဖြတ်နိုင် တယ်လို့ ဆိုပါတယ်။ နိုင်ငံသား ဥပဒေကို ပြင်ပါလို့ သူတို့မှာ ပြောခွင့် မရှိပါဘူးတဲ့။
အချုပ် ဆိုရရင်တော့ ရခိုင်အရေးဟာ မြန်မာ တစ်မျိုးသားလုံး အရေးမို့ သွေးအေးနေလို့ မဖြစ်တော့ပါကြောင်း။
သန္တာဝင်း



Copy From The Voice Weekly Web Page
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

ဘယ်နေရာမှာ သံဃာတော်တွေ တစ်ခုခုဖြစ် ပွဲဆူအောင် ပါလိုက်တတ်သည့် မန္တလေးမြို့မှ ဆူပူသူ သံဃာတော် အချို့သည် ကိုယ့်မန္တလေးမြို့အတွင်း  အမျိုးဘာသာ သာသနာနှင့် ယဉ်ကျေးမှုကို ကာကွယ် စောင့်ရှောက်ရန်တော့ စိတ်မ၀င်စားကြ။ ငယ်ရွယ်သော သံဃာတော်များ ရှိသလို၊ ကြီးသည် အထိ သံဃာမစစ်သော သံဃာများ ရှိနေသည်ကိုလည်း မန္တလေး တစ်ပတ်ပြည့်အောင် ပတ်စရာ မလိုတွေ့ နိုင်သည်။

ဘာသာခြားတို့၏ အပြစ်ဆို၊ လက်ညှိုးထိုးစရာ နေထိုင်ပြောဆိုမှုများလည်း မမြင် ချင်ယောင် ဆောင် ၍ ပင် မရ။ အရှင် ဘုရားတို့ ဘာသာရေး သာသနာရေး မလုပ် ချင်ပါက ယဉ်ကျေးမှုကို ကာကွယ် ထိန်းသိမ်းရန်၊ အမျိုးေ ကာင်း သား သမီးများကို ကာကွယ်စောင့်ေ ရှာက်ရန်၊ လူငယ် များကို စိတ်ဓာတ်ကောင်း မွန်စေရန် ဆိုသော ရည်ရွယ် ချက်များဖြင့် သုဓမ္မာ ဇရပ်များတွင် ထမင်း မစား ရေမသောက် ငုတ်တုပ်ထိုင် ဆန္ဒပြနိုင် ပါတယ်။ အရှင် ဘုရားတို့ မန္တလေးမှာ ဒီလို မှောင်ရိပ်ခိုပြီး မကောင်းမှုတွေ ဖြစ်နေတာကို သွားေ ရာက် ဆောင် ရွက်ေ ပးကြပါ။
မန္တလေးမြို့၏ အထင်ကရ နေရာများ ထဲတွင် သုဓမ္မာ ဇရပ်တန်း တွေ သည်လည်း ပါဝင် ပေသည်။ သမိုင်း ဝင် အမွေ အနှစ်များ ဖြစ်သောကြောင့် နို င်ငံတော်မှ ပြုပြင် ထိန်း သိမ်း ခဲ့ကြ သည်။  နိုင်ငံခြား ခရီး သွား များသ ည် လည်း ထိုနေရာသို့ လာရောက်၍ လေ့လာနေသည် ကိုလည်း တွေ့မြင်နေကြရသည်။ နန်းမြို့ ကြီးနှ င့် ကျုံး ၊ေ ကျာက်တော်ကြီး၊ ကုသိုလ်တော်၊ မန္တလေးတောင်တို့ဖြင့် သုဓမ္မဇ ရပ်တန်းသည် အလွန် ပနံ သင့်လှပေ သည်။ 

ယခုအခါ ထိုနေရာတွင် အအေးဆိုင်များ ၏ကြီစိုးရာဇုန် တစ်ခုလို ဖြစ်နေသည်။ သက်ဆိုင်ရာမှ လည်း မျက် ကွယ်ပြု ထားသည် ဟုထင် သည်။ အများသူငါ၏ ထမင်းလုတ်ကို ပုတ်ခြင်းမျိုး မဟုတ်ပေ။  အရှိန် အ ဟုန်မြင့် ဖွံ့ဖြိုး တိုး တက်လာသောအချိန်တွင် အမျိုးသားရေးနှင့် ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းရန် မှာနိုင်ငံ သူနိုင် ငံသား အားလုံး၏ တာဝန်ပင်ဖြစ်သည်။
ရိုးရိုး သားသားဖြင့် မိသားစု ဝမ်းရေးကို ဈေးရောင်း၍ ဖြေရှင်းနေကြ သည်ကို ဂုဏ်ယူမိ ပါသည်။ ရိုးရိုး သား သား ဖွင့်လှစ် ရောင်းချနေလျှင် သုဓမ္မ ဇရပ်များနှင့် အအေး ဆိုင်များမှာ အလွန် ပင်နှစ်လိုဖွယ်ဖြစ် သည်။ အခုေ တာ့ ခြုံတွေကြားမှာ ထီးတိုင် ပုတွေနှင့် ကာရံ ထားကြပြီး အတွဲများ သီးသန့် ထိုင်ရန် ပြုလုပ်မြူ ဆွယ် ၍ ရောင်းချနေခြင်းမျိုးမှာ မဖြစ်သင့်ပေ။  ယဉ်ကျေးမှု အမွေအနှစ်များနှင့် ဗုဒ္ဓအမွေအနှစ်များ ထွန်းကား ရာ နေရာ တွင် ဤသို့သော အမြင်မတင့် စရာများ မရှိသင့်ဘူးဟု ထင်သည်။ 
ဥပမာအနေဖြင့် ဖော်ပြပေးသော ပုံသာဖြစ်သည်
မန္တလေးမြို့တော်သူမြို့တော် သားများသည် လည်း မြင်တွေ့ကြ ရမည်မှာမလွဲပေ။  အထူး သဖြင့် မြောက်ြ ပင် တွင်နေ ထိုင်ကြ သူများ ပို၍ပင်မြင်တွေ့ကြ ရပေမည်။ ညမှောင် ရိပ်လေး သမ်းလာ လိုက်သည်နှင့် သမီး ရည်း စား အတွဲများသည် အလျှိုလျှိုအဖြိုင်ဖြိုင် လာရောက် နေထိုင်ကြပေတော့သည်။ ရိုးရိုး အတွဲရော၊ ဆန်းဆန်း အတွဲရော အလွယ်တကူပင် ကူးလူး နေကြတော့သည်။  ည(၁၀) နာရီရောက်သည့် တိုင် အမှောင် ထု ထဲတွင် အအေးသောက် နေကြသည်။ လူများ ကိုတော့ မတွေ့ရ။ ရပ်ထားသည့် ဆိုင် ကယ်နှ င့် စက်ဘီး တစ်ချို့သာမြင်တွေ့ နေကြရသည်။

ပို၍ ဆိုး သည်က မီးထွန်း မထားခြင်းပင်။ ဝန်ဆောင်မှုများမှာ လည်း အလွန်ကောင်း သည်။ ခြင်ဆေးခွေ များ ထွန်းပေးထား သောကြောင့်ဖြစ်သည်။

အသိမကြွယ်၊ စမ်းသပ်ချင်သော အရွယ်များသည် ထိုနေရာကို စမ်းသပ်ကွင်း တစ်ခုနှယ် အသုံးချနေကြ သည်။ မိဘ အများစု သည်လည်း သားသ မီးများ ကျုံးဘေး အအေးသောက် သွားမည် ဆိုလျှင် ယုံကြည် စိတ်ချ လွှတ် တတ်ကြသည်။ သို့ပေမယ့် သုဓမ္မ ဇရပ်တန်းကို မကျော်နိုင်ကြပေ။

ငယ်ရွယ်သူတွေကို အမှားထဲဇွတ် တိုးဝင်စေရန် သုဓမ္မဇရပ်တန်းကို အမှီပြုပြီး အအေးဆိုင်များ ဖွင့်လှစ်ေ နကြသူ များက ကာဗာပေးပြီးတွန်းပို့ သလိုဖြစ်နေတော့ မိဘမ်ားမွာေ သာကမီးေ တြ ဝေနေကြ ရတော့ သည်။  အမျိုးဂုဏ် နှင့်ယဉ်ကျေးမှု အမွေကို ဖျက်ပြီး နိုင်ငံ၏ မျက်နှာကို အိုးမဲ သုတ်နေသလို ခံစားနေကြ ရသည် ။နိုင်ငံတကာ မှေ လ့လာသူများ အများဆုံး ဝင်ထွက် သွားလာရာတွင် ဟန်ပြပြီး မဖွယ် မရာ ရောင်းချနေသော အအေးဆိုင်များ ဖယ်ရှား ရှင်းလင်းပြီး စနစ်တကျ အချိန် သတ်မှတ်ကာ မီးများ လင်း ထိန် စွာ ထွန်းပြီးရောင်း ချနိုင်လျှင် မိသားစု ဝမ်းရေး မခက်ခဲဘဲနှင့် မန္တလေး သည်လည်း မန္တလေးပင်ဖြစ် လာပေ လိမ့်မည်။

From: အောင်ကိုဦး
Copy From Myanmar Daily Star Group
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

ဒီနေရာလေးကို ဖြတ်သွားတိုင်း တွေ့နေရတာကတော့ လမ်းမဘက်ကို ဦးလှည့် ထားတဲ့ စုံတွဲတွေ၊ ကန် ဘက် ကို မျက်နှာမူ ထားတဲ့ စုံတွဲတွေ အပြည့် ရှိနေ တတ်တဲ့ နေရာလေးပါပဲ။ ရန်ကုန် တက္ကသိုလ်ကြီး သာ ဒီနေ ရာ မှာ အရင် လို ရှိလို့ကတော့ ဒီထက် ဆိုး တဲ့ မြင်ကွင်းတွေေ တာင် တွေ့နိုင်လေ မလားလို့ တွေး စရာ ပါ။ တစ်ခါက အတူ သွားဖူးတဲ့ ဆရာ တစ်ယောက်က ဒီနေရာဟာ အရှက် ကင်းမဲ့ဇုန်ပဲ။ ဘယ်နေ့များ ငါ့သ မီးလေး ဒီရောက်နေမလဲ ဆိုတာ တွေးပူနေ ရတယ်လို့ ဆိုဖူးခဲ့ပါတယ်။
အဆိုးဆုံးကတော့ ထိုနေရာကို ကျောင်းသား အရွယ် ကလေးငယ် များပင် ရောက် ရှိနေကြခြင်းပင်။ ပြီးခဲ့ သည့်နှစ် များကတော့ ဓာတ်ပုံ ရိုက်ပြီး ဂျာနယ် များတွင် ထည့်မည်။ မိဘ များကို ခေါ်ယူ အသိပေးမည်ဟု လုပ်ခဲ့ ဖူးသည်။ သို့ပေမယ့် အရင် အတိုင်း မပြောင်း လဲသေးဘဲ ရှိနေတုန်းပင်။
ထိုသတင်းနှင့် ပတ်သက်၍ ဧရာဝတီ တွင် တင်ထားသော သတင်းအား ထပ်ဆင့် ဖော်ပြ လိုက်ပါသည်။ ဓာတ်ပုံ များတွင် ကိုယ့်တူ၊ ကိုယ့်သား၊ ကိုယ့်သမီးများ ပါနေပါက နောင်တွင် ဆင်ခြင်နိုင်စေ ရန် ဆုံးမ ပါလေ။
===================================

ဒီနေမပူ မိုးမရွာလည်း  ထီးဆောင်းရသူတွေကတော့ ရန်ကုန်က စုံတွဲတချို့ ဖြစ်ပါတယ်။

ရန်ကုန်စုံတွဲများ ရောက်တတ်ကြ၊ ဆုံတွေ့တတ်ကြတဲ့ ရိုမန်တစ်ဆန်တဲ့နေရာထဲမှာ အင်းလျားကန်လည်း  ပါပါတယ်။


ကန်ဘောင်ပေါ်မှာ ပူးကပ်ထိုင်ကြတဲ့ အတွဲတွေရဲ့ လုံခြုံရေးအကာအကွယ်ကတော့  ဖွင့်ပြီး ခပ်အုပ် အုပ်ဆောင်းထားကြတဲ့ ထီးတွေပါပဲ။

"ဒီနေရာမှာ ဒီထီးက အရမ်း အရေးပါတာပဲ" လို့ ၂၅ နှစ်အရွယ် ကိုမိုးဇော်က ပြောပါတယ်။

စုံတွဲတိုင်း ထီးလိုအပ်တာတော့ မဟုတ်ပါဘူး။

ချိန်းတွေ့ချိန် သီးခြားကမ္ဘာလေး ဖန်တီးလိုသူတွေအတွက်တော့ အမှန်တကယ် လိုအပ်ပါတယ်။

ဒီအကြောင်း အင်းလျားကန်ဘောင်မှာ လမ်းလျှောက်ခဲ့သူ ဧရာဝတီ သတင်းထောက် လ၀ီဝမ်းကရေးထားပါတယ်။

မူရင်းသတင်းလင့်က http://www.irrawaddy.org/archives/20565 ဖြစ်ပါတယ်။

ဒီလို ပန်းခြံဥယျာဉ်တွေမှာပဲ စုံတွေတွေ ကျက်စားတာ မဟုတ်ပါဘူး၊ ဘုရားတွေမှာလည်း ချိန်းကြ တွေ့ကြပါတယ် တဲ့။

ဘုရားရင်ပြင်မှာ ထိုင်ကြတဲ့ စုံတွဲတချို့က ကျောက်ချထိုင်ရင်း နမ်းကြပြုကြလို့ ထင်ပါရဲ့ ရန်ကုန်မြို့ ဘုရားပရ၀ုဏ်တွေမှာ စုံတွေမထိုင်ရ ဆိုတဲ့ ဆိုင်းဘုတ်များ ထင်ထင်ရှားရှား ချိတ်ဆွဲထားတတ်ကြပါတယ်။

ထိုင်ရုံတင်ပဲဆိုရင်တော့ ဒီလိုဆိုင်းဘုတ်မျိုး ပေါ်မလာဘူးလို့ ယူဆရပါတယ်။

ဟုတ်ပါတယ် - ဘာသာရေးဆိုင်ရာနယ်မြေတွေကတော့ စုံတွဲတို့ရဲ့ လွတ်မြောက်နယ်မြေ မဖြစ်သင့်ပါဘူး။

သူတို့ဘက်ကလည်း နေရာ အခက်အခဲ ရှိနေပါတယ်။ ရန်ကုန်မှာရှိတဲ့ ပန်းခြံ၊ ဥယျာဉ် အရေအတွက်က ရန်ကုန်စုံတွဲအင်အားနဲ့ မမျှ ဖြစ်နေပါတယ်။

ရန်ကုန်မြို့မှာ ချစ်သူစုံတွဲတွေ တွေ့ဆုံနိုင်ရေးအတွက်သာမက အများပြည်သူ လည်ပတ် အပန်းဖြေဖို့ ပန်းခြံဥယျာဉ် ပိုမို လိုအပ်နေတာကတော့ အမှန်ပါပဲ။

ဒီအကြောင်းက ရန်ကုန်တိုင်းလွှတ်တော်မှာ ဆွေးနွေးဖို့ လိုအပ်မယ်လို့ ယူဆပါတယ်။ ပန်းခြံ၊ ဥယျာဉ် အရေအတွက် တိုးချဲ့ဖို့ ကျပြီ ဆိုရင်တော့ စုံတွဲများအတွက် သတင်းကောင်းပေါ့။

ချစ်သူများ တွေ့ဆုံဖို့ ထီးလည်း လိုအပ်သလို ပန်းခြံတွေလည်း အရေးတကြီး လိုအပ်နေပြီလို့ ဆိုနိုင်ပါတယ်။



Copy From OppositEye WEB
ညွှန်း - irrawaddy.org/archives/20565


Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati



နိုဝင်ဘာ ၂၈ ရက်(တန်ဆောင်မုန်း လပြည့်နေ့)က ၉၄ ရပ်ကွက်၊ ယုဇန ဥယျာဉ်မြို့တော် ဒဂုံဆိပ်ကမ်းမြို့နယ် NLD ရပ်ကျေးညီလာခံ
ကျင်းပခဲ့ရာ အောင်မြင်မှုမရှိဘဲ ပွဲပျက်ခဲ့သည်။


ယုဇန NLD ကွဲနေသည့် သတင်းတွေကကြား နေရသည်။
ညီလာခံမတိုင်မီ တစ်ရက် လူငယ် ကျား၊မ (၂)ဦး ဂျာနယ်တိုက်ကို ဖိတ်စာလာပို့သည်။

ထူးခြားသည်က ရပ်ကျေး/မြို့နယ်ကော်မရှင်က ဖိတ်ခြင်း မဟုတ်ဘဲ ကွဲနေသော အစုအဖွဲ့တစ်ဖက် က ပုဂ်္ဂိုလ်တစ်ဦးအမည်ဖြင့် ဖိတ်ကြား
ခြင်းဖြစ်သည်။

ညီလာခံစောင့်ကြည့်ရေး အဖွဲ့ဟုကင်ပွန်းတပ်ထားသည်။ ညီလာခံနေ့တွင်
ညီလာခံ မစတင် မီ ကွဲနေသော အစုတစ်စုမှ ပုဂ်္ဂိုလ်များ၏ အမည်စာရင်း
စာရွက်တွေ ဝေနေတာ တွေ့ရသည်။ ကော်မရှင်က ၎င်းစာရွက် များဝေခြင်းသည် တရားဝင် ကော်မရှင် က ဝေခြင်းမဟုတ်ဘဲ မိမိကြိုက်သူကိုသာ အဆိုပြု တင်သွင်းကြရန် ကြေညာသည် ကို ကြားရသည်။

ဂျာနယ်များသို့ ဖိတ်ကြားခဲ့သည့် ပုဂ်္ဂိုလ်ကလည်း မီဒီယာအချို့နှင့် ပွဲမစမီ အင်တာဗျူးနေသည်ကို တွေ့ရသည်။ ညီလာခံအပြင်အဆင်က အသွင်သဏ္ဍာန် ကောင်းသည်။လျို့ဝှက်ဆန္ဒပြုခန်းများ၊ မဲ ထည့်ရန် ပုံးများပါဝင်သည်။

ညီလာခံ စတင်ကျင်းပရာ ဖိတ်ကြားသူ သုံးရာကျော်၊ တက်ရောက်သူ
နှစ်ရာ့လေးဆယ် ကျော်ရှိ၍အထမြောက်ကြောင်းကြေညာကာ အဆိုပြုခြင်းကို ဆောင်ရွက်ရာတွင် တက်ရောက်လာသူများက လူ(၄၀)ကို အဆိုပြုခဲ့ကြသည်ကို အထဲကမှ ၁၁ဦး ကို မဲစနစ်ဖြင့် ရွေးချယ်ကြသည်။

ဤတွင် ပြဿနာက ၀င်လာသည်။ မဲလာထည့်ရန် အမည်ခေါ်ယူရာတွင် (၈)ယောက်တစ်တွဲ ခေါ်ရာ နှစ်ယောက် သုံးယောက်သာ ထလာကြသည်။

နောက်ဆုံးတွင် မဲပေးသည့် အစီအစဉ်ပြီးဆုံးပြီ ဖြစ်ကြောင်း ကြေညာ
လိုက်ရာ မဲမထည့် ရသေးသူများ ကျန်ရစ်နေသည်ဟု ဆိုကြ သည်။ အမည်များ မပါဝင်သဖြင့် ကျန် ရစ်ခဲ့ကြခြင်းဖြစ်သည်ဟု ဆိုကြသည်။

တစ်ယောက်တစ်ခွန်း ကန့်ကွက် ပြောကြားမှုများ ပြင်းထန်လာပြီး ကော်မရှင် တာဝန်ရှိသူများထံ ၀ိုင်းအုံလာကာ ၀ိုင်းဝန်း ပြောဆိုခဲ့ကြသည်။ ကော်မရှင် တာဝန်ရှိသူများက နေရာတွင် ပြန်ထိုင် ကြရန်၊ တစ်ယောက်တစ်ပေါက်
ပြောနေလျှင် ရှင်း၍မရကြောင်း၊ ငြိမ်သက်စွာနေပေးကြရန်၊မေတ္တာရပ်ခံ
ကြောင်း မဲထည့် လို့ရအောင် ရှင်းပေးမည်ဖြစ်ကြောင်း အကြိမ်ကြိမ်
မေတ္တာရပ်ခံခဲ့သော်လည်း လိုက်နာခြင်းမရှိသူက အများစုဖြစ်နေသည်။

မဲပေးရန် ကျန်ရစ်ခဲ့သူများတွင် အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိ
ကြောင်း လက်မှတ်မထိုးခဲ့သူများလည်း ပါဝင်နေသည်ကို တွေ့ရသည်။

ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် NLD ဒေါက်တာမျိုးအောင်က အခြေအနေကို ထိန်းသိမ်းသည့်အနေဖြင့် ““အမှားအယွင်း ရှိသွားတဲ့အတွက် အခု ဒီနေ့လုပ်တဲ့ပွဲက တော့
မအောင်မြင်ဘူး။သူတို့ အဆင့်ဆင့် တင်ပြပါမယ်။ (၇)ရက် ကြိုပြီး ဖိတ်ပါ မယ်။ ဒီထက်ပိုပြီး စနစ်ကျအောင် ဆောင်ရွက်ပါမယ်။ နောက်တစ်ပိုင်းက ဒီကိစ္စဖြစ်ရတာကို စုံစမ်းစစ်ဆေးရေး ကော်မရှင်နဲ့ ပြန်စုံစမ်းပြီး သင့်တော်တဲ့ အရေးယူမှုတွေဆောင်ရွက်ပေးဖို့ ကျွန် တော် တင်ပြပေးပါ့မယ်။ ကော်မရှင် ကိုယ်စား ကျွန်တော်ပြောပြခြင်းဖြစ်ပါ တယ်””ဟု မကျေမနပ်ဖြစ်နေသော NLD ပါတီဝင်များကို ပြောကြားခဲ့ရာ ပါတီဝင် များက အရေးယူပေးရန်နှင့် ညီလာခံ ကျင်းပရေးကော်မရှင်ကိုလဲလှယ်ပေးရန် ၀ိုင်းဝန်းအော်ဟစ်
ပြောကြားခဲ့ကြသည်။

ဒေါက်တာမျိုးအောင်အနေဖြင့် အဆိုပါစကားပြောကြားနိုင်ရန်အတွက် တက်ရောက်လာသော ပါတီဝင်များကို နားထောင်ပေးပါရန် အတန်ကြာ
မေတ္တာ ရပ်ခံပြီးမှ ပြောကြားခဲ့သည်ကို တွေ့ရသည်။

ဒေါက်တာမျိုးအောင် ပြောကြား အပြီးတွင် တက်ရောက်လာသူများက
ပြန်ရန် ပြင်ဆင်နေစဉ် မဲမပေးရသေးသူ များ လက်မှတ်လာထိုးကြပါဟု ဆိုကာ လက်မှတ်များစုဆောင်းမှု ပြုခဲ့ကြသည် ကိုလည်း တွေ့ရသည်။

အဆိုပါအချိန်တွင် ကိုသားလေးဆို သူက ခုံတစ်ခုံပေါ်တက်ကာ ““ဒီရွေး ကောက်ပွဲကတော့ လုံးဝယုတ်ညံ့စွာနဲ့ ပျက်စီးသွားပါပြီ။ အဲဒီတော့ ကျွန်တော် တို့က ဒါကို လက်ခံလို့မရတဲ့အတွက်ကြောင့်နောက်တစ်ကြိမ်
ရွေးကောက်ပွဲ ကို ပြန်ခေါ်ကြမယ်။ ခေါ်တဲ့အခါမှာ လည်း ကျွန်တော်တို့က သိသာမြင်သာ အောင်လို့ ဖြစ်နေရပါမယ်။ ကျွန်တော် တစ်ခု
ပြောချင်ပါတယ်။ ဒီနေ့မှာ ဘာ ဖြစ်လည်းဆိုတော့ရွေးကောက်ပွဲကို””ဟု
ပြောဆိုနေစဉ်မှာပင် ပင်နီဝတ်ပါတီဝင် တစ်ဦးက လူအုပ်ကို တိုးဝင်လာပြီး ကိုသားလေးပြောနေသော မိုက်ခွက်ကို လုယူလိုက်စဉ် ၀ရုန်းသုန်းကား
ဖြစ်ကာ ဆွဲကြလွဲကြ ခုံနှင့်ပစ်သူကပစ်၊ မိုက်လု သွားသူနောက် လိုက်သူကလိုက်၊ တား သူက တားဖြစ်နေကြစဉ် ပရိသတ်အတွင်း၌လည်း အပြန်အလှန်ထိုးကြိတ်ခြင်း အချို့ဖြစ်ပေါ်နေခဲ့သည်ကို တွေ့ရသည်။

ညီလာခံပျက်သွားပြီးနောက် ကော် မရှင်နှင့်ပါတီဝင်အချို့ကို ယင်းနေ့တွင် ပင် လိုက်လံမေးမြန်းခဲ့ရာ ၀င်ရောက်အရွေး ခံသည့် ဦးထွန်းဝက ““ဒီ ညီလာခံမှာ ပြည် သူတွေဟာ အချိန်ပေးပြီး လာတက်ပါ တယ်။ ကထိန်နေ့ကြီးတောင်မှ သင်္ကန်း လှူတာတို့ ကျောင်းသွားတာတို့ မပြုဘဲ နဲ့ ညီလာခံကို တက်ပါတယ်။ ညီလာခံ တက်ရောက်သူပေါင်းက (၂၄၄)ဦးရှိပါ တယ်””ဟု ပါတီဝင်ပေါင်းက (၈၉၄)ဦး၊ သူတို့ကြေညာချက်အရ (၃၃၀)ဖိတ် ပါတယ်။ (၃၃၀)အပေါ်မှာ သူတို့က ရာ ခိုင်နှုန်းတွက်လိုက်တော့ ၇၃.၉၃ ရာခိုင် နှုန်းဆိုတော့ အထမြောက်ကြောင်း ဖြစ်သွားတယ်။

အဆိုတင်သွင်းမှုနဲ့ ထောက်ခံ မှုပြုပြီးတဲ့အခါမှာ အမှုဆောင်လောင်း (၄၀)ဦးထွက်လာတာပေါ့။ ဒါက မဲပေး ပြီးရွေးရမယ့်အဆင့်ရောက်သွားပါပြီ။ အဲဒီလို မဲပေးပြီးရွေးမယ့်အချိန်ရောက် တော့ မသမာမှုစမြင်ရတယ်။ ဘယ်အချိန် က စမြင်ရလဲဆိုတော့ ကျွန်တော်လက် မှတ်ထိုးတဲ့စာရွက်က
ခေါ်တဲ့စာရွက် မဟုတ်တာကို တွေ့ရတယ်။ ကျွန်တော် အစည်းအဝေး
တက်တုန်းက သူတို့ attendance ယူတယ်။ ကျွန်တော် အဲဒါကို ဓာတ်ပုံရိုက်ထားတယ်။ ခေါ်တဲ့အခါကျ တော့ မဟုတ်တော့ဘူး။ စီနီယာအလိုက် မဟုတ်တော့တာသိတယ်။ ဘေးကို မေး ကြည့်တော့ ““ဟာ မင်းပျောက်ပြီ ထင် တယ်””တဲ့။ မကြာခင်ပဲ လုပ်ရင်းလုပ်ရင်း ကနေ ပါတီဝင်က ကုန်ပါပြီလို့ ကြေငြာ လိုက်တဲ့အခါကျတော့ ကျွန်တော်နောက် မှာ တို့ဘက်ကို ထောက်ခံပေးမယ့် ပါတီ ၀င်တွေက အများကြီးကျန်ပါ
သေးတယ်။ ရာချီကို ကျန်သေးတဲ့အခါကျတော့ မခံ မရပ်နိုင်ဖြစ်ပြီး
မေးမြန်းတဲ့အခါကျတော့ အဖြေက ထွက်ပေါ်မလာဘူး။ ကိုသားငယ်ဆိုတဲ့ ပုဂ်္ဂိုလ်ဟာ စာရင်းမှားတယ်လို့ ကြေညာလိုက်တဲ့အခါကျတော့
ပြည်သူ တွေဟာ ပိုပြီးတော့ မခံမရပ်နိုင်ဖြစ်လာ တာပေါ့။ မမှားသင့်တဲ့ စာရင်းပဲ။ ကော် မရှင်ဥက္ကဋ္ဌဟာ ဒီအမှားမျိုး လုံးဝမှားခွင့် မရှိဘူး။ ဘာနဲ့တူလဲဆိုရင် ကျွန်တော်လူ တစ်ယောက်ကို မှားပြီး သတ်မိရင်လည်း ပုဒ်မတပ်ရမှာပဲ။ ကော်မရှင်လည်း ထို နည်းလည်းကောင်းပဲ။ ဒီအမှားကို မှားပြီး လုပ်မိတာနဲ့ပဲ NLD ပါတီကို လုံးဝ ထိ ခိုက်သွားပြီ။ ကျွန်တော်တို့ ဥက္ကဋ္ဌကြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း တရား ဥပဒေစိုးမိုးရေးနဲ
အေးချမ်းသာယာရေး ဥက္ကဋ္ဌ တာဝန်ယူထားတယ်။ နိုင်ငံတော် ကပေးထားတာ။ ဒီညီလာခံရွေးကောက် ပွဲကလေးတောင်မှ တရားဥပဒေ
စိုးမိုးမှု မရှိဘူး။ ညီလာခံအေးချမ်းမှုမရှိဘူးဆိုလို့ ရှိရင် NLD ကို ဘယ်လောက်ထိခိုက် သွားလဲ။ ကျွန်တော်တို့ အဲဒါကို သိပ်ပြီး ၀မ်းနည်းတယ်။ ကော်မရှင်အပြစ်လို့ ကျွန်တော်မြင်တယ်။ ရဲရဲလည်းရင်ဆိုင် ရဲ တယ်။ ကော်မရှင်အမှား၊ ကော်မရှင် အပြစ်၊ တမင်ကလာမှားအောင် လုပ် ထားတယ်။ ဒါ ကျွန်တော့်အမြင်ပဲ ဒီစာရင်းကမဲထုတ်တုန်းက စာရင်းဆိုရင် လည်း အားလံုးပါလာရမယ်။ ၈၉၄ ယောက်စလုံး တက်ရောက်သူဆိုရင် လည်း ၂၄၄ စလုံးပါရမယ်။ ဘာကြား စာရင်းလဲ၊ ဒါက ၀င်လာရတာလဲ၊ လူ တွေ ရန်ဖြစ်အောင် သတ်ဖြတ်ကြအောင် ဒါက ဖန်တီးလိုက်တာပဲ။ ညီလာခံပျက် ပြားအောင် လုပ်လိုက်တာပဲ။ ဒါကို ကျွန်တော်တို့ပါတီပိုင်း
ကရော ဥပဒေပိုင်းက ရော ဆက်လက်ပြီး ဆောင်ရွက်သွားမှာ ပါ””ဟု
ပြောကြားခဲ့သည်။

NLD ဗဟိုသို့လည်း အချက်အ လက် ပြည့်ပြည့်စုံစုံကိုစာဖြင့် ဗီဒီယိုမှတ် တမ်းခွေပါထည့်သွင်းတင်ပြသွားမည်ဖြစ် ပြီး တိုင်း(သို့မဟုတ်) ဗဟိုမှ ကြီးကြပ်ကာ ညီလာခံ လာရောက်ကျင်းပပေးရန် တောင်းဆိုသွားမည်
ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

““ဒီမှာက လူတွေအချင်းချင်း နေရာ လုတဲ့အတွက်ကြောင့် ဖြစ်တာပါ။ ဟိုလူ တွေကျတော့ နေရာလုစရာမရှိပါဘူး။ မှန်မှန်ကန်ကန် လုပ်သွား
နိုင်ပါလိမ့်မယ် လို့ ကျွန်တော်တို့လည်း ယုံကြည်ထား တယ်””ဟု ၎င်းက
ပြောသည်။

ညီလာခံမအောင်မြင်သဖြင့် (၉၄) ရပ်ကွက်ညီလာခံကိစ္စကို ဆိုင်းငံ့
မထားစေလိုကြောင်း ၉၄ ယုဇနနေ ပြည်သူ များမှာ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် လူဦး ရေများပြားသောကြောင့် မဆိုင်းငံ့ထား သင့်ကြောင်းလည်း ၎င်းကပြောသည်။

ဝင်ရောက် အရွေးချယ်ခံခဲ့သည့် ကိုစိုင်းကျော်သူက ““ညီလာခံကျင်းပပြီဆို ရင် အခြားရပ်ကွက်တွေမှာရော၊ ညီလာ ခံရဲ့လုပ်ထုံးလုပ်နည်းအရရော၊ ညီလာခံ ကိုတက်ရောက်လာတဲ့ ပါတီဝင်အင်အား စာရင်းကို ညီလာခံ
မကျင်းပမီမှာ ကြိုပြီး ကြေညာရပါတယ်။ ဒါပေမဲ့ ညီလာခံ ကျင်းပပေးသွားတဲ့
ကော်မရှင်ကတော့ အဲဒီစာရင်းကို ကြိုတင်ကြေညာခြင်းမရှိဘူး။ အဲဒါကတော့ အားလုံး အသိပဲ။ ပရိသတ်အားလုံးလည်း အမြင်ပဲ။ အဲဒီလို ကြိုတင်ကြေညာခြင်းမရှိဘဲ သူတို့ဆီကို ၂၄၀ တက်ရောက်လာတဲ့
အခါကျတော့မှ သာလျှင် ၃၃၀ ဖိတ်ပါတယ်လို့ ကြေညာတာ။ အမှန်တကယ်က ညီလာခံကိုလာ ရောက် တက်ရောက်တဲ့စာရင်း၊ မကြေ ညာခင်မှာ ဘာကို ကြေညာပေးရမလဲဆို ရင် ညီလာခံကို ဖိတ်ကြားတဲ့ စာရင်းကို ကြေညာပေးရမှာပါ။ အဲဒါလဲ သူက ပထမပျက်ကွက်တယ်။ သူမှားတာဘာ ကြောင့်လဲဆိုတဲ့ အကြောင်းပြချက်က ကျွန်တော်တို့အတွက်
နောက်ထပ်စဉ်း စားစရာ အချက်တစ်ချက် ထပ်ထွက် လာတာပေါ့။ ညီလာခံနဲ့ ပတ်သတ်လို့ ဒီနေ့လုပ်သွားတာက လပြည့်နေ့။လပြည့် နေ့နဲ့ ပတ်သက်လို့ ညီလာခံကို ကျွန် တော်စာတစ်စောင်ရေးတင်ပါတယ်။ လပြည့်နေ့မှာ လုပ်လို့ရှိရင် ကထိန်ရှိ တယ်။ စတုဒိဿာရှိတယ်။ နိဗ္ဗာန်ဈေးရှိ တယ်။ ဒါကြောင့်မို့လို့ ပါတီဝင်တွေ စုံစုံ လင်လင်တက်ရောက်နိုင်ခြင်း
မရှိနိုင်ဘူး။ အဲဒီအခါမှာ ညီလာခံရဲ့ အနှစ်သာရ မပြည့်နိုင်ဘူးလို့ ကျွန်တော်စာရေးပြီး တင်ပါတယ်။ ကျွန်တော်ထင်တာက နောက်ကျပါ
သေးတယ်။ မြို့နယ် ကော်မ ရှင်က ဒေါက်တာဖြူဖြူခိုင်ပြောတယ်။ နောက် တိုင်းကော်မရှင်က ကိုသားလေး ကဒါကို အကြံပေးပြီးပြောတယ်။ ဒါပေမဲ့ အဲဒါကို သူတို့ပြင်ဆင်ခဲ့ခြင်းမရှိဘူး။ အဲဒီ နေ့ကို ဘာကြောင့်ရွေးပြီး သူတို့ကျင်းပ ရသလဲဆိုတာ စဉ်းစားဖို့တစ်ခုကောင်း တာပေါ့နော်။ အဲဒီမတိုင်ခင်ကကော ညီ လာခံနဲ့ပတ်သက်လို့ ဘယ်လို မဲပေးရ မယ်၊ ဘာကြောင့်မဲပေးရမယ်၊ ဘယ်သူ တွေကိုမဲပေးရမယ်၊ ညီလာခံကျင်းပ
ရခြင်းရဲ့ အနှစ်သာရနဲ့ ရဖို့ရည်ရွယ်ချက် က ဘာလဲဆိုတာ ညီလာခံ
ကော်မရှင်က ညီလာခံသာ ကျင်းပပြီးစီးသွားတယ်။ လုံးဝ ပြောကြား
ခဲ့ခြင်းမရှိဘူး။ သူတို့တွေ က တောက်လျှောက် ဆက်တိုက်ဆက် တိုက် တစ်ခုပြီးတစ်ခု မှားလာခဲ့တဲ့အချိန် ကျတော့ သူတို့ လုပ်ဆောင်ရမယ့်
အလုပ်တွေ မလုပ်ခဲ့ဘူး။ နောက် မလုပ်ရ မယ့်ရက်မှာလည်း လုပ်ခဲ့တယ်။ သူတို့ လုပ်ဖို့ အလုပ်တွေလည်း ညီလာခံထဲ ရောက်မှ ဘာကြောင့် ပျက်ကွက်သလဲ။ အဲလို ပျက်ကွက်တဲ့ကိစ္စတွေ ပေါ်လာပြီး ကာမှ
နောက်ထပ်အမှားကြီးတွေကို ဆက်တိုက်ဘာကြောင့် ကျူးလွန်သွား သလဲဆိုတာ စဉ်းစားစရာရှိလာတယ်။

NLDမြို့နယ်ညီလာခံကျင်းပရေး ကော်မရှင်အတွင်းရေးမှူးလည်းဖြစ်ပြီး ဦးသိင်္ခက ညီလာခံပျက်ခဲ့ရခြင်းနှင့်ပတ် သက်၍ ““ကျွန်တော်ပြောချင်တာက ကျွန် တော်က အခုလက်ရှိ မြို့နယ်ကော်မရှင် အတွင်းရေးမှူး ညီလာခံ
စည်းမျဉ်းအရ ကျွန်တော်တို့ (၉၄)ရပ်ကွက်ကို ရပ်ကျေး ကော်မရှင်တွေ
တောင် ကိုယ့်ရပ်ကွက်ကို ညီလာခံနဲ့ပတ်သက်ရင် တာဝန်မရှိဘူး။ အခြားရပ်ကွက်တွေကနေ ပြောင်းလဲပြီး တာဝန်အလှည့်ကျပေးထားတာ။ တကယ့် တကယ် တာဝန်ရှိတာက ဒီ(၉၄)ရပ်ကျေး ကို ဦးစီးကျင်းပပေးတဲ့ (၈၈)ရပ်ကွက် ညီလာခံကျင်းပရေးကော်မရှင်မှာပဲ လုံးလုံးလျားလျား တာဝန်ရှိတယ်။ အခု ဖြစ် သွားတဲ့ ကိစ္စမှာ သံသယဖြစ်ဖွယ်ရာတွေ အများကြီးတွေ့နေရတယ်။ မဲမပေးရ သေးတဲ့ လူတွေရဲ့ လက်မှတ်ကို လာထိုး ပါ၊ လာထိုးပါဆိုပြီး လှုံ့ဆော်တဲ့သူ့ရဲ့ လက်ထဲမှာလက်မှတ်
စုဆောင်းဖို့အတွက် စနစ်တကျ ချထားတဲ့ ဇယားနဲ့ စာရွက် တွေ အမြောက်အများပါလာတယ်။ ပါ လာတယ်ဆိုတဲ့ အနေအထားကလည်း ဒီလိုအနေအထားကို ဖြစ်မယ်လို့ ရည် ရွယ်ပြီးတော့မှ လုပ်တာလို့ သုံးသပ်လို့ရ တယ်။ နောက်တစ်ချက်က ဒီ ၈၈ ရပ် ကွက်ရပ်ကျေးကော်မရှင်
ကို ကျွန်တော် တို့ ကိုယ်တိုင်က ယခင်ကတည်းက သံ သယရှိနေတဲ့အထဲမှာ ပါတယ်။ ဘာ ကြောင့်လဲဆိုတော့ ကျွန်တော်တို့ကို အခု အတိုက်အခံ
လုပ်နေတဲ့ ဦးထွန်းဝတို့၊ ကို ကျော်သူတို့နဲ့ အမတန် ရင်းနှီးတဲ့ ပုဂ်္ဂိုလ် တွေမို့လို့ ဒီပွဲကြီးကို ကျွန်တော်တို့ကိုယ် တိုင်က လုံးဝ သံသယရှိတယ်။ တိုင်းက ဦးဘိုဘိုဦးက ဒီကိစ္စကို အချိန်မီ မြန်မြန် အစီအရင်ခံစာရေးတင်ပေးပါတဲ့””ဟု ပြောကြားခဲ့သည်။

၉၄ ရပ်ကွက် NLD ရပ်ကျေးကော် မရှင်ဥက္ကဋ္ဌလည်းဖြတ်ပြီး ၀င်ရောက် အ ရွေးချယ်ခံခဲ့သူ ဒေါ်ဝင်းဝင်းချိုက ““ရပ် ကျေးကော်မရှင်က ကိုယ့်ရပ်ကျေးမှာဆို ရင် ကျွန်မတို့က ပြည်သူပဲ၊ ဘာမှ ဒီမှာ လုပ်ပိုင်ခွင့်မရှိဘူး။ ကျွန်မတို့က ပါတီဝင် ကတ်ပြားတွေကို ပါတီဝင်တွေဆီ လက် ၀ယ်ရောက်ရှိအောင် ဖိတ်စာတွေ ဖိတ် ပေးရတယ်။ ကတ်ပြားတွေပို့ပေးရတယ်။ ညီလာခံဖြစ်မြောက်အောင် ကျွန်မတို့က အဆောက်အအုံတွေ၊ နေရာတွေ၊ ဧည့် သည်တွေ လာဖို့နေရာတွေ အားလုံးကို စီစဉ်ပေးရတာ။ ကိုယ့်ရပ်ကွက်ကျရင် ဘာမှ ၀င်ရောက်
စွက်ဖက်ခွင့်မရှိဘူး။ ၀င် ရောက်တော့ ရွေးချယ်ခံခွင့်ရှိတယ်။ ဖိတ် ကြားထားတဲ့ လူစာရင်းကို လာကြီးကြပ် တဲ့ (၈၈) ရပ်ကွက်ကော်မရှင်
လက်ထဲကို ထည့်ရတယ်။ တက်ရောက်လာတဲ့ လူ စာရင်းကိုလည်း
ပေးရတယ်။ သူတို့က တက်ရောက်လာသူ စာရင်းနဲ့ ဖိတ်ကြား ထားသူ စာရင်းနဲ့ ဘယ်နှစ်ရာခိုင်နှုန်းရှိ ရင် အောင်မြင်ပါတယ်ဆိုပြီး သူတို့က ကြေညာပြီးတော့ မဲထည့်ဖို့ခေါ်ပေးရ တယ်။ သူတို့ အကုန်စီမံခွင့်ပဲရှိတယ်။ ကျွန်မတို့ရပ်ကျေးကော်မရှင်နဲ့ဘာမှ စီမံခွင့်မရှိဘူး။ အပေါ်ကလည်းမူချထား တယ်။ ကိုယ့်ရဲ့ မဲရမှုကလည်း သူတို့ ပြောသမျှပဲနေရတယ်။ ရပ်ကျေး ကော် မရှင်တိုင်း အဲဒီအတိုင်းပဲ။
ဒီနေ့ ပွဲမှာ တက်ရောက်မယ့် လူ ၃ ရာကျော်အတွက် စာရင်းတွေ အကုန်ပေးလိုက်ရတယ်။ တက်ရောက်လာတဲ့ လူစာရင်းကိုလည်း (၈၈)ရပ်ကျေးကော်မရှင်လက်ထဲကို ထည့်ပေးရတယ်။ တက်ရောက်သူ လက် မှတ်ထိုး လက်ခံတဲ့သူတွေရှေ့မှာပဲ တစ် ခါတည်း ထည့်ပေးတာ။ လက်ခံတဲ့သူ တွေကလည်း တခြားရပ်ကွက်ကပဲ လာ ကူကြတာ။ အဲဒီ စာရင်းတွေ အပ်လိုက် တာနဲ့ ကျွန်မတို့နဲ့ဘာမှမဆိုင်တော့ဘူး။ ဘယ်သူ ရိုးသားတယ်၊ မရိုးသားဘူးဆို တာကတော့ ကျွန်မတို့ကတော့ ကိုယ့် ကိုယ်ကိုပဲ တာဝန်ယူတတ်တယ်။ ကိုယ့် တာဝန်ဖြစ်တဲ့ ပါတီဝင်တွေဆီကို ပါတီ ၀င်ကတ်တွေပို့ပေးတယ်။ တက်ပါမယ်ဆို တဲ့သူတွေဆီကို ဖိတ်စာပို့ပေးတယ်။ ဒီ ဘက်အပိုင်းမှာ မှားသလား၊ မှန်သလား ဆိုတာတော့ ကာယကံရှင်လုပ်တဲ့သူတွေ ပဲ သိမယ်။ မှားတာဆိုရင်လည်း (၈၈) ရပ်ကျေးက လုပ်တာပဲ မှန်တာဆိုရင် လည်း သူတို့လုပ်တာပဲ။ ညီလာခံမလုပ် ခင်မနေ့က ကိုစိုးမိုးကျော်သူ ဦးထွန်းဝနဲ့ ပါတီဝင် ၁၀ ဦးလက်မှတ်ရေးထိုးပြီး ညီ လာခံကို နောက်ရွှေ့ပေးပါဆိုပြီး စာလာ တင်တယ်။ ညီလာခံလုပ်မယ့်
ရက်ကို အထက်ကို ၁၀ ရက်ကြိုတင်ရတယ်။ ၈ ရက်လောက်ကြိုပြီး ချပေးတယ်။ ၇ ရက် ကြိုပြီး ဖိတ်စာဖိတ်ရတယ်။ ဒီလို အခြေ အနေမှာ နက်ဖြန်လုပ်ရမယ့်ပွဲမှာ ဒီနေ့ လာပြီး ဒီပွဲနောက်ဆုတ်ပေးပါဆိုပြီး လာ ဖျက်တဲ့ အပေါ်မှာ ကျွန်မတို့ လုံးဝ သံ သယရှိတယ်။ သူတို့အစီအစဉ်တကျနဲ့ ဒီပွဲကို ဖျက်ခိုင်းတဲ့ပုံစံမျိုးဖြစ်နေတယ်။ ညနေပိုင်းမှာ သူတို့က အစည်းအဝေး ရှိတယ်ဆိုပြီး မိုက်နဲ့လိုက်ကြေညာပြီး ခေါ်တယ်။ သူတို့ ဘာပြောတယ်
ဆိုတာ ကတော့ မသိဘူး။ အခုဖြစ်ပြီးတဲ့ အချိန် မှာလည်း မဲမထည့်ရသေး
တဲ့သူတွေကို လက်မှတ်လာထိုးလို့ သူတို့ ချပေးတဲ့ စာ ရွက်ဟာ Planဆွဲပြီးသား စာရွက်တွေ ဖြစ်နေခြင်းကို ထောက်ခြင်းအားဖြင့် သူ တို့ဟာဒါကို ကြိုတင်ကြံစည်ထားတာလို့ ကျွန်မတို့က စွပ်စွဲတယ်။ ရိုးရိုးသားသား မဲလာထည့်တဲ့သူဆိုရင် အဲဒီလို (စာရင်း ဇာယားကွက်
ချထားသော) စာရွက်မပါ လောက်ဘူး။ ပါလာစရာအကြောင်းလဲ မရှိဘူး။ အကြံအစည်ရှိလို့သာ ဒီစာရွက် ကို ယူလာတာလို့ထင်တယ်။ အဲဒါကျွန်မ အမြင်ပဲ။ ကျွန်တာကတော့ ရိုးသား တယ် မရိုးသားဘူးဆိုတာ (၈၈)ရပ်ကျေး ပဲသိမယ်။ ပါတီဝင် ၈ ရာကျော်ရှိတဲ့ အထဲက ၃ ရာကျော်ပဲဖိတ်တာက ပါတီ ၀င်ကတ်သွားပေးတဲ့အခါမှာ ညီလာခံ တက်ရောက်နိုင်ခြင်းရှိ၊ မရှိမေးတယ်။ တက်မယ်ဆိုတဲ့သူ စာရင်းကို ယူထား တယ်။ ၇ ရက်အလိုမှာ ဖိတ်စာပို့ပေး တယ်။ လပြည့်နေ့ လုပ်တယ်ဆိုတာက ဒီမှာ အလုပ်သမားတွေများ
တဲ့အတွက် အလုပ်ပိတ်ရက် ရွေးလိုက်ရတာ။ ကျန်တဲ့ ရပ်ကွက်တွေက ကြိုတင်ထားကြတော့ ကျွန်မတို့က စနေ၊ တနင်္ဂနွေရက်မျိုး မရ တော့ဘူး။ ဒါကြောင့်ပါ။ အချိန်ကိုလည်း ၁၂ နာရီလုပ်လိုက်တယ်။
မနက်ပိုင်း ဘုန်းကြီးကျောင်းသွား ဘာသွား ပဒေသာပင်ပို့ပြီးချိန် ၁၂ နာရီ ဆို အားကြပြီဆိုပြီးရွေးလိုက်တာ ဖိတ် ကြားတဲ့စာရင်းတွေ၊ ပါတီဝင်တွေက ကျွန်မတို့ဆီမှာပဲရှိတာမဟုတ်ဘူး။ ဒေါက် တာ ဖြူဖြူခိုင်အိမ်က ကွန်ပျူတာမှာလည်း ရှိတယ်။ ၂၅ ရက်ကလည်း ဦးကျော်သူ တို့က ဦးထွန်းဝအိမ်မှာလုပ်တဲ့ အစည်း အဝေးမှာ ပါတီဝင်တိုင်း အိမ်ကို ဖိတ်စာ နဲ့ ဖိတ်တယ်။ အဲဒါ NLD ပါတီက ကျွန်မတို့ ရပ်ကျေးကော်မရှင်မှအပလုပ် ခွင့်မပေးထားပါဘူး။ ဒါကိုကြည့်ရင် ဒီနေ့ စာရင်းတွေ ဘယ်ကထွက်နိုင်
ပါသလဲ။ ဘယ်ကရသလဲ။ ကျွန်မတို့တကယ်ပေး တဲ့ စာရင်းဟုတ်မဟုတ်
ဆိုတာ ကျွန်မ တစ်ယောက်တည်း ဆုံးဖြတ်လို့မရဘူး။ သူတို့လက်ထဲ
ရောက်မှ ကျွန်မတို့ ပေး ထားတဲ့ တကယ်စာရင်းဟုတ်မဟုတ်ကို
ကြော်ငြာတယ်၊ မကြော်ငြာဘူးဆိုတာ ကျွန်မတို့ မေးခွင့်လည်းမရှိဘူး။
သိခွင့် လည်းမရှိဘူး။ ကျွန်မတို့ကိုလည်း ဘာမှ မဖြေသွားဘူး။ အဲဒီ အဖြစ်အပျက်ဖြစ် ပြီးတာနဲ့ ၈၈ ရပ်ကျေးကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းစိန်လုံးဝ ကျွန်မကို အတွေ့အခံ ဘဲ ပျောက်သွားတယ်။ စာရွက်တွေလည်း သူတို့ပဲယူသွားတယ်။ ကျွန်မတို့ကိုဘာမှ မပြသွားဘူး။ အဲဒီအတွက် ကျွန်မတို့ ပေး ထားတဲ့ စာရင်းလား၊ သူတို့ဟာသူတို့ လုပ်ပြီး ယူလာတဲ့စာရင်းလားဆိုတာ ကျွန်မမပြောနိုင်ဘူး””ဟု ပြောကြားခဲ့သည်။

NLD ပါတီဝင်မဟုတ်သော်လည်း ညီလာခံသို့တက်ရောက်ခဲ့သည့်
ပြင်ပ ကျောင်းဆရာ ဦးကျော်သာ(ခ)မင်းတေဇက ““ကျွန်တော့်အမြင်
ကတော့ တာဝန်ယူပြီး ဆောင်ရွက်ရတဲ့ ပုဂ်္ဂိုလ်တွေက တာဝန်ပိုင်း
ဆိုင်ရာကို ကျေပွန်အောင် မထမ်းဆောင်လို့ ဖြစ်သွားတယ်လို့ထင် တယ်။ ဒါက ပါတီတွင်းရွေးချယ်ပွဲဖြစ်လို့ လက်ရှိလည်း ပါတီမှာ အရွေးချယ်ခံထား ရတဲ့ လွှတ်တော်ကိုယ်စားလှယ်လည်းရှိ တယ်။ ညီလာခံကို လွှတ်တော်ကိုယ်စား လှယ်ကိုယ်တိုင် တက်တယ်။ ညီလာခံမှာ လုပ်ငန်းပိုင်းဆိုင်ရာ အားနည်းချက် ကြောင့် ညီလာခံပျက်သလိုမျိုးဖြစ်သွား တယ်။ အဲဒီလို ဖြစ်သွားတဲ့ အပေါ်မှာ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မျိုးအောင်ကိုယ်တိုင်က နောက်တစ်ပွဲ ထပ်လုပ်ဖို့ ပြောလိုက်တယ်ဆိုရင်
respect ကတော့ ရှိရမယ်။ ပါတီဝင်အချင်းချင်း အောက်ခြေပဲဖြစ်ဖြစ်၊ အဲဒီမှာ အပြန် အလှန်လေးစားမှုသာရှိခဲ့မယ်ဆိုရင် ရုန်း ရင်းဆန်ခတ်
ဖြစ်စရာအကြောင်းမရှိဘူးလို့ ကျွန်တော်မြင်တယ်။ ကိုယ်စားလှယ်ကြီး
ပြောပြီးတဲ့နောက် အားလုံး လက်ခံသွား ပြီးတဲ့နောက်မှာ ထပ်ဖြစ်တဲ့ အဓိကရုဏ်း ကတော့ အချင်းချင်းအပြန်အလှန် လေး စားမှုတွေ အားနည်းနေတယ်လို့ ကျွန် တော်မြင်တယ်။ ကျွန်တော်တို့ပြည်သူ တွေက political knowledge အတော် လေး အားနည်းနေသေးတယ်လို့ ပြော ချင်တယ်။ NLDပါတီဝင်တွေ ပြောပြော နေတဲ့ အမေကို တကယ်ချစ်တယ်
ဆိုရင် ကော်မရှင်ကလည်း စေတနာပါပါ ဆောင်ရွက်မယ်၊ လူတွေလည်း စည်းနဲ့ ကမ်းနဲ့ လိုက်နာမယ်ဆိုရင်တော့ ဖြစ်စ ရာ အကြောင်းမရှိဘူးလို့ ကျွန်တော် ထင်တယ်။ ရွေးချယ်ခံတွေကလည်း ငါ နေရာရရှိရေးဆိုတဲ့ အတ္တကို ရှေ့တန်း တင်ပြီးတော့ သွားနေတဲ့အတွက်ကြောင့်ု မို့လို့လည်း
ဒီလို ထိန်းသိမ်းလို့မရတဲ့ အ နေအထားမျိုးဖြစ်သွားတယ်လို့ ထင် တယ်။ နိုင်ငံရေးနဲ့ပတ်သက်လို့ လုပ်စား မယ့်သူတွေဟာ တကယ်တမ်းသာ
စေတနာပါမယ်ဆိုရင် မလုပ်စားပဲနဲ့ ပြည်သူ အကျိုးပြုလုပ်ငန်းတွေကို ပွင်လင်းမြင် သာတဲ့ပုံစံမျိုးနဲ့ အားသွန်ခွန်စိုက်ကြိုးစား ပြီးတော့ အလုပ်လုပ်ပြီးတော့မှ အလုပ် ကပေးသော နေရာကို လက်ခံပါလို့
ပြောချင်တယ်။ အလုပ်ကပေးတဲ့ နေရာ ကို လက်မခံဘဲနဲ့ နေရာအတွက်ပဲ အ လုပ်လုပ်မယ်ဆိုရင်တော့ ဒီလိုပြဿနာ မျိုးတွေဟာ ဒီနေရာမှာမှ မဟုတ်ဘူး။ နေရာတိုင်းနေရာတိုင်း၊ ဒီပါတီမှ မဟုတ် ဘူး။ ပါတီတိုင်း ပါတီတိုင်း၊ ဒေသတိုင်း၊ ဒေသတိုင်းမှာတော့ ဖြစ်နေဦးမယ်လို့ ကျွန်တော်ထင်တယ်””ဟု ၎င်း၏ အမြင် ကို ပြောကြားခဲ့သည်။

အဆိုပါ ညီလာခံသို့တက်ရောက် ခဲ့သည့် ယုဇနဥယျာဉ်မြို့တော်နေ ဦးလှမိုးက ညီလာခံပျက်ခဲ့ရခြင်းအပေါ် ““ဒီဥစ္စာဖြစ်တာ ဒေါက်တာမျိုးအောင် NLD(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) ပြောပြီးပြီ။ ဒေါက်တာမျိုးအောင်ပြော ပြီးတဲ့အခါမှာ ထပ်ဖြစ်ရတဲ့အကြောင်းက အမှန်က သူတို့စည်းလုံးမှုမရှိတာ။ စည်းလုံးမှုမရှိတဲ့ အပိုင်း၊ ပါတီထဲမှာကွဲနေ တာ။ ကွဲနေတဲ့အခါကျတော့ တစ်ဖက် ကနေ အမြင်စောင်းပြီးတော့ ဒီဥစ္စာကို ထပ်ပြီးတော့ ဖွလိုက်တာပဲ။ ဒါပဲ။ ဒီချို့ ယွင်းချက်ကို ဒီအားနည်းချက်ကို ထပ်ပြီး မီးမောင်းထိုးပြ
လိုက်တော့ ကျန်တဲ့လူတွေ မထိန်းနိုင်ဘူး။ အဲဒါကနေ ပြဿနာက မမျှော်လင့်ဘဲ ဖြစ်သွားတာ””ဟု ၎င်း အမြင်ကို ပြောကြားခဲ့သည်။

သိုးထိန်း (မြန်မာပြည်သား)
Copy From Hot News Weekly Web Page
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Join Free