နင်က A3 စာရွပ်အလွတ်လေးဆိုရင်....
ငါက ခဲပန်းချီဆရာတစ်ယောက်ပေါ့...။
နင့်ကို ငါ့ အစွမ်းအစတွေနဲ့
လှပအောင် ပုံဖော်ဖို့ ငါကြိုးစားခဲ့တယ်...။
ခွဲခွာခြင်းကိုသာ အစကကြိုသိခဲ့ရင်
မခွဲခွာခင် နင့်ကိုငါ အစွမ်းကုန် ချစ်ခဲ့မိမှာ...။
ရောဂါဆိုတာ ဆေးသိရင်ပျောက်သတဲ့
ငါ့အတွက် နင်က ကင်ဆာပါပဲဟာ....။
ငါ့ကို လတ်စသတ်ခွင့် မပေးခဲ့တဲ့
နင့်ဘဝပန်းချီကားကို အခုချိန်
နင်ဘယ်သူ့ကို လတ်စ သတ်ခိုင်းနေသလဲဟင်...။
ညဆိုတာ မနက်မရောက်ခင်
အမှောင်ဆုံး အချိန်တစ်ခုပါ...။
ငါ့ဘဝ အမှောင်ဆုံးအချိန်တွေထဲမှာ
နင်က ပိုးစုန်းကြူးလေးပဲနော်...။
အခုငါ့ဘဝ မနက်ရောက်တော့
နင့်ကို ငါရှာမတွေ့တော့ဘူး....။
ခွဲခွာခြင်းရဲ့ နောက်ကွယ်မှာ
ပျောက်ကွယ်မသွားတဲ့ တွေ့ဆုံခြင်းတစ်ခု
ငါရရှိဖို့ မျှော်လင့်မိနေတယ်...။
အမှတ်တရက အမှတ်တမဲ့ကနေဖြစ်တာဆိုရင်
ငါ နင့်ကို ချစ်မိခဲ့တာကရော...
အမှတ်တရလား အမှတ်တမဲ့လားဆိုတာ
ငါဝေခွဲဖို့ အသိဥာဏ်မရှိသေးပါဘူး...။
သင်္ချာမှာပါတဲ့ အပေါင်းလက္ခဏာလို
ငါတို့ မတူညီတဲ့ နေရာတစ်ခုစီကလာလို့
အလည်မှာ ခဏဆုံရင်း....
အခုတော့ ငါတို့ မတူညီတဲ့နေရာနှစ်ခုကို
ကိုယ်စီထွက်ခွာသွားခဲ့ရပြီပဲ....။
ပျော့ညံ့တဲ့ ငါ့မှာ မပြောင်းလဲတာ
တစ်ခုရှိသေးတယ် သိလား....။
အဲ့ဒါကလေ နင့်ကို ချစ်တဲ့စိတ်လေ
ဒါကြောင့် တနေ့နေ့ ပြန်ဆုံခွင့်ရရင်..........။
ဒါက ကဗျာလဲမဟုတ်ဘူး စာလဲမဟုတ်ဘူး။ စိတ်ထဲရှိတာလေးတွေ ချရေးရင်းဖြစ်လာတဲ့ စာလေးတစ်ပုဒ်ပါ။
ငါက ခဲပန်းချီဆရာတစ်ယောက်ပေါ့...။
နင့်ကို ငါ့ အစွမ်းအစတွေနဲ့
လှပအောင် ပုံဖော်ဖို့ ငါကြိုးစားခဲ့တယ်...။
ခွဲခွာခြင်းကိုသာ အစကကြိုသိခဲ့ရင်
မခွဲခွာခင် နင့်ကိုငါ အစွမ်းကုန် ချစ်ခဲ့မိမှာ...။
ရောဂါဆိုတာ ဆေးသိရင်ပျောက်သတဲ့
ငါ့အတွက် နင်က ကင်ဆာပါပဲဟာ....။
ငါ့ကို လတ်စသတ်ခွင့် မပေးခဲ့တဲ့
နင့်ဘဝပန်းချီကားကို အခုချိန်
နင်ဘယ်သူ့ကို လတ်စ သတ်ခိုင်းနေသလဲဟင်...။
ညဆိုတာ မနက်မရောက်ခင်
အမှောင်ဆုံး အချိန်တစ်ခုပါ...။
ငါ့ဘဝ အမှောင်ဆုံးအချိန်တွေထဲမှာ
နင်က ပိုးစုန်းကြူးလေးပဲနော်...။
အခုငါ့ဘဝ မနက်ရောက်တော့
နင့်ကို ငါရှာမတွေ့တော့ဘူး....။
ခွဲခွာခြင်းရဲ့ နောက်ကွယ်မှာ
ပျောက်ကွယ်မသွားတဲ့ တွေ့ဆုံခြင်းတစ်ခု
ငါရရှိဖို့ မျှော်လင့်မိနေတယ်...။
အမှတ်တရက အမှတ်တမဲ့ကနေဖြစ်တာဆိုရင်
ငါ နင့်ကို ချစ်မိခဲ့တာကရော...
အမှတ်တရလား အမှတ်တမဲ့လားဆိုတာ
ငါဝေခွဲဖို့ အသိဥာဏ်မရှိသေးပါဘူး...။
သင်္ချာမှာပါတဲ့ အပေါင်းလက္ခဏာလို
ငါတို့ မတူညီတဲ့ နေရာတစ်ခုစီကလာလို့
အလည်မှာ ခဏဆုံရင်း....
အခုတော့ ငါတို့ မတူညီတဲ့နေရာနှစ်ခုကို
ကိုယ်စီထွက်ခွာသွားခဲ့ရပြီပဲ....။
ပျော့ညံ့တဲ့ ငါ့မှာ မပြောင်းလဲတာ
တစ်ခုရှိသေးတယ် သိလား....။
အဲ့ဒါကလေ နင့်ကို ချစ်တဲ့စိတ်လေ
ဒါကြောင့် တနေ့နေ့ ပြန်ဆုံခွင့်ရရင်..........။
ဒါက ကဗျာလဲမဟုတ်ဘူး စာလဲမဟုတ်ဘူး။ စိတ်ထဲရှိတာလေးတွေ ချရေးရင်းဖြစ်လာတဲ့ စာလေးတစ်ပုဒ်ပါ။
Tags:
ကဗျာ
Leave a comment