ဗိုလ်ချုပ် စောလားဖွယ် ဦးဆောင်သော ဒီကေဘီအေ တပ်ဖွဲ့နှင့် အစိုးရပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့တို့သည်၊ DKBA တပ်ဖွဲ့နှင့် BGF တပ်ဖွဲ့များ နေရာချ ထားရေးအတွက် ကရင်ပြည်နယ် ဖါးအံမြို့တွင် ယမာန်နေ့က တွေ့ဆုံဆွေး နွေးခဲ့ပါသည်။ ယင်းဆွေးနွေးပွဲတွင် ဒီကေဘီအေ ဖက်မှ ဗိုလ်မှူးချုပ် မိုရှေး၊ ဦးဆောင်ပြီး၊ ဗိုလ်မှူးကြီး မောင်လေး၊ ဗိုလ်မှူး လောက်လုံတို့ အပါဝင် အဖွဲ့ဝင် (၇) ဦး တက်ရောက် ခဲ့သည်ဟု ဗိုလ်မှူးလောက်လုံက ဆိုပါသည်။ အစိုးရ ဖက်မှ ကိုယ်စားလှယ်များမှာ အမှတ် (၄) စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထ ၄) ဗိုလ်ချုပ် သက်နိုင်ဝင်း၊ နိုင်ငံတော်ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးအဖွဲမှ ဦးအောင်သောင်း၊ ဦးကျော်ဝင်း၊ ဦးသိန်းဇော်၊ အရှေ့တောင်တိုင်း တိုင်းမှူး တင်မောင်ဝင်း၊ နယ် ခြားစောင့်တပ် အကြံပေး ပုဂ္ဂိုလ် ဗိုလ်ချုပ် ဖားနွီးတို့ အပါဝင် ဒုတိယ၀န်ကြီးများ ကိုယ်စားလှယ် (၁၁)ဦး တက်ရောက် ဆွေး နွေးခဲ့သည်ဟု ဒီကေဘီအေဖက်က ဆိုပါသည်။ “ အခြေအနေက နေရာမချလို့ မဖြစ်တော့ဘူးလေ။ နေတဲ့နေရာတွေက ထပ်နေသလို၊ သွားလာရေးမှာလည်း၊ အခက်အခဲဖြစ်လာပါတယ်။ ပြီးတော့ သူ့တပ်ကိုယ့်တပ်အပြိုင် စည်းရုံးလာခဲ့တဲ့အတွက် အထင်အမြင်လွဲမှားမှုတွေ တစတစကြီးထွား လာနေတဲ့အတွက် နေရာချထားရတာဖြစ်ပါတယ်။ ဟု ဒီကေဘီအေဖက်ကဆိုပါသည်။
ထိုတွေ့ဆုံပွဲ၌ဆွေးနွေးကြသည့် အကြောင်းအရာများမှာ၊
(က) မြိုင်ကြီးငူဒေသအား စစ်မဲ့ဇုံအဖြစ် ထားရှိပြီး၊ မည်သည့် တပ်ဖွဲ့မဆို စစ်ဝတ်စုံဖြင့် သွားခွင့်မပြုသည့်နေရာ သတ်မှတ်ခဲ့ပါ သည်။
(ခ) BGF တပ်မှူးဟောင်း ဗိုလ်မှူးကျော်ဘိအား စစ်ပြေးအဖြစ် မသတ်မှတ်တော့ဘဲ DKBA ကလို့ထူးလား တပ်အဖွဲ့အဖြစ် အသိအမှတ်ပြု ခြင်း။
(ဂ) DKBA ၏ ဆက်ဆံရေးရုံးများမှာ ကော့ကရိတ်မြို့၊ ဖါးအံမြို့နှင့် ကြာအင်းဆိပ်ကြီးမြို့၌ ထားရှိရန်။
(ဃ) စီးပွားရေးအရ နေပြည်တော် နှင့် ရန်ကုန်မြို့တွင် မြေနေရာများလျှောက်ထားရန်။
(င) တပ်နေရာချထားရေးမှာ BGF တပ်များကို လက်ရှိနေရာ၌ ထားရှိပြီး ဒီကေဘီအေ ကလို့ထူးလားနှင့် ကလို့ထူးဝါး စစ် ဗျူဟာတပ်များကို ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်စပ်ရှိ မယ်တဝေါ တ၀ိုက် ထားရှိရန် ဖြစ်ပြီး အသေးစိပ်ကို ယနေ့ထပ်မံ ဆွေးကြမည်ဖြစ်သည်။
မကြာခင်ကဖြစ်ပွားခဲ့သော လက်နက်ကိုင် ပဋ္ဋိပက္ခကြောင့် အစိုးရသည် DKBA နှင့် BGF တို့ကို တပ်နေရာ ချထားလိုက်ခြင်း ဖြစ်ဟန်ရှိပါသည်။ DKBA တပ်ဖွဲ့တွင် ကလို့ထူးဘော၊ ကလို့ထူးဝါးနှင့် ကလို့ထူးလား ဟူ၍ စစ်ဗျူဟာ (၃) ခုရှိသလို၊ BGF နယ်ခြားစောင့်တပ်တွင်လည်း အမှတ် ၁၀၁၁ နှင့် အမှတ် ၁၀၁၉ တပ်ရင်းတို့ ရှိပါသည်။ ခန့်မှန်းအင်အားမှာ တဖွဲ့တွင် အင် အား (၇၀၀)ကျော် ရှိမည်ဟု နယ်စပ်ရှိ စစ်ရေး အကဲခတ်များက ဆိုပါသည်။
DKBA နှင့် BGF ပဋ္ဋိပက္ခကြောင့် အစိုးရနှင့် ဒီကေဘီအေကြား အပစ်အခတ် ရပ်စဲရေး ပျက်ပျယ်ပြီး ပြန်လည် တိုက်ခိုက်ကြ မည့်အရေးကို ဒီကေဘီအေ အခြေစိုက်သောဒေသမှ လူများက စိုးရိမ်လာနေကြပါသည်။
phophtaw မှတဆင့် ကူးယူဖော်ပြမိပါသည်။
ထိုတွေ့ဆုံပွဲ၌ဆွေးနွေးကြသည့် အကြောင်းအရာများမှာ၊
(က) မြိုင်ကြီးငူဒေသအား စစ်မဲ့ဇုံအဖြစ် ထားရှိပြီး၊ မည်သည့် တပ်ဖွဲ့မဆို စစ်ဝတ်စုံဖြင့် သွားခွင့်မပြုသည့်နေရာ သတ်မှတ်ခဲ့ပါ သည်။
(ခ) BGF တပ်မှူးဟောင်း ဗိုလ်မှူးကျော်ဘိအား စစ်ပြေးအဖြစ် မသတ်မှတ်တော့ဘဲ DKBA ကလို့ထူးလား တပ်အဖွဲ့အဖြစ် အသိအမှတ်ပြု ခြင်း။
(ဂ) DKBA ၏ ဆက်ဆံရေးရုံးများမှာ ကော့ကရိတ်မြို့၊ ဖါးအံမြို့နှင့် ကြာအင်းဆိပ်ကြီးမြို့၌ ထားရှိရန်။
(ဃ) စီးပွားရေးအရ နေပြည်တော် နှင့် ရန်ကုန်မြို့တွင် မြေနေရာများလျှောက်ထားရန်။
(င) တပ်နေရာချထားရေးမှာ BGF တပ်များကို လက်ရှိနေရာ၌ ထားရှိပြီး ဒီကေဘီအေ ကလို့ထူးလားနှင့် ကလို့ထူးဝါး စစ် ဗျူဟာတပ်များကို ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်စပ်ရှိ မယ်တဝေါ တ၀ိုက် ထားရှိရန် ဖြစ်ပြီး အသေးစိပ်ကို ယနေ့ထပ်မံ ဆွေးကြမည်ဖြစ်သည်။
ကရင်ပြည်နယ်ပြည် နယ်လုံခြုံရေးကောင်စီ (ဓါတ်ပုံ - Voice Weekly)
အစိုးရ၏ ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးခေါင်းဆောင် ဦးအောင်သောင်းသည်၊ ကလို့ထူးဘော စစ်ဗျူဟာအတွက် Skynet အလုံး(၂၀) လှူတန်းခဲ့ပါသည်။ အစီစဉ်အရ ကလို့ထူးလား စစ်ဗျူဟာမှူး ဗိုလ်မှူးချုပ် ကျော်ဘိနှင့် ကလို့ထူးဝါး စစ်ဗျူဟာမှူး ဗိုလ်မှူးချုပ် ကျော်သက်တို့ကို မိတ်ဆက်ပေးရန်ရှိပြီး တပ်နေရာ ချထားရေးကို ဆွေးနွေးကြမည်ဖြစ်ပါသည်။မကြာခင်ကဖြစ်ပွားခဲ့သော လက်နက်ကိုင် ပဋ္ဋိပက္ခကြောင့် အစိုးရသည် DKBA နှင့် BGF တို့ကို တပ်နေရာ ချထားလိုက်ခြင်း ဖြစ်ဟန်ရှိပါသည်။ DKBA တပ်ဖွဲ့တွင် ကလို့ထူးဘော၊ ကလို့ထူးဝါးနှင့် ကလို့ထူးလား ဟူ၍ စစ်ဗျူဟာ (၃) ခုရှိသလို၊ BGF နယ်ခြားစောင့်တပ်တွင်လည်း အမှတ် ၁၀၁၁ နှင့် အမှတ် ၁၀၁၉ တပ်ရင်းတို့ ရှိပါသည်။ ခန့်မှန်းအင်အားမှာ တဖွဲ့တွင် အင် အား (၇၀၀)ကျော် ရှိမည်ဟု နယ်စပ်ရှိ စစ်ရေး အကဲခတ်များက ဆိုပါသည်။
DKBA နှင့် BGF ပဋ္ဋိပက္ခကြောင့် အစိုးရနှင့် ဒီကေဘီအေကြား အပစ်အခတ် ရပ်စဲရေး ပျက်ပျယ်ပြီး ပြန်လည် တိုက်ခိုက်ကြ မည့်အရေးကို ဒီကေဘီအေ အခြေစိုက်သောဒေသမှ လူများက စိုးရိမ်လာနေကြပါသည်။
phophtaw မှတဆင့် ကူးယူဖော်ပြမိပါသည်။

Tags:
သတင်း,
နိုင်ငံရေး
Leave a comment