From : MRTV-4
နိုင်ငံပိုင် လေကြောင်း လိုင်းဖြစ်တဲ့ မြန်မာ့ လေကြောင်းဟာ လက်ရှိ ပြေးဆွဲနေတဲ့ ခရီးစဉ်များ အပြင် ဝေးလံတဲ့ ဒေသတွေ မှာရှိတဲ့ ကွင်းတို လေယာဉ် ကွင်းများမှာ
ပျံသန်း ပြေးဆွဲ ပေးနိုင်ဖို့ အတွက် ရဟတ်ယာဉ်သစ် ၂ စင်းကို ၀ယ်ယူ ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ရဟတ်ယာဉ် ၂ စင်းကို လက်ရှိ မြန်မာ့ လေကြောင်း မှာရှိတဲ့ ရဟတ်ယာဉ် တွေနဲ့ အစားထိုးမှာ ဖြစ်ပါတယ်။ အဲ့ဒီ လေယာဉ် တွေဟာ ခရီးသည် ၁၉ ယောက်သာ တင်ဆောင် နိုင်တာ ဖြစ်ပြီး ပြည်တွင်းရဲ့ ဝေးလံတဲ့ ဒေသတွေ ဖြစ်တဲ့ ပုလော၊ ဂန့်ဂေါ၊ တနိုင်း၊ လုံးခင်၊ မိုးမိတ်၊ မိုင်းယောင်း၊ တာလေ စတဲ့ လေယာဉ်ကြီးတွေ ဆင်းသက်ဖို့ ခက်ခဲတဲ့ ကွင်းတို လေယာဉ်ကွင်း တွေမှာ ပျံသန်း ဆင်းသက် နိုင်တယ်လို့ သိရပါတယ်။

လက်ရှိ ပြည်တွင်း မှာရှိတဲ့ လေယာဉ်ကွင်း ၅၀ မှာ ကွင်း ၂၆ ကွင်းမှာပဲ ပျံသန်း ပြေးဆွဲနိုင်ပြီး အချို့လေယာဉ်ကွင်း တွေဟာ လူနေထိုင်မှုများ၊ နွားစားကျက်နဲ့ အခြား နည်းလမ်း တွေကြောင့် ပျက်စီးမှုတွေ ရှိနေပါတယ်။ အဲ့ဒီအတွက် လေယာဉ်သစ် ၀ယ်ပြီး ပါကလည်း ခရီးစဉ်သစ် များကို ပျံသန်း ပြေးဆွဲ နိုင်ဦးမှာ မဟုတ်သေးဘဲ စီးပွားရေး တွက်ခြေ ကိုက်မှု ရှိ၊ မရှိကို စမ်းသပ် ပျံသန်း ကြည့်ရဦးမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် အဲ့ဒီ လေယာဉ်ကို ရေနံ တူးဖော်ရေး လုပ်ငန်းများ၊ အထူး ခရီးစဉ်များ၊ အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းများ စတာတွေ အတွက် ငှားရမ်း အသုံးပြု နိုင်ပါတယ်။ နောက်ပိုင်း လေယာဉ် ကွင်းတွေ ပြင်ဆင်ပြီး ပျံသန်း ပြေးဆွဲဖို့ အဆင်ပြေ လာပါက ခရီးစဉ် သတ်မှတ်ကာ ပျံသန်း ပြေးဆွဲနိုင် အောင်လည်း စီစဉ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။



Myanmar Expressမှ ကူးယူသည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free