ငြိတွယ်စွဲငင်။ နှောင်ကြိုးသွင်သို့
သံယောဇဉ်အဆစ်ပါ
ဤမေတ္တာဟာ
ရွှန်းရွှန်းလဲ့လဲ့၊ ထိုမျက်ဝန်းနဲ့
လျှပ်တစ်ပျက်၊ အကြည့်တစ်ချက်က
ရင်ထဲထိုးဖောက်၊ ဝင်ကာရောက်လို့
သခင်မအား၊
ခကာစားသည်….။
သူ့ရဲ့အမျက်
မိုးကြိုးတံလျှပ်
မဖယ်ရှားဝံ
ယူကာထားတော့
နှလုံးသားရပ်
အတွေးပျောက်သကဲ့
ဘာဆိုဘာမှ
မသိတော့ပြီ…..။
ဝေးနေတဲ့အခိုက်
အဆွေးတွေပိုက်၊ အလွမ်းတွေစိုက်၍
သူရှိတဲ့အရပ်
အပြေးကိုလိုက်သွားချင်သည်….။
အချစ်ကစစ်
မေတ္တာကမှန်
မလွဲဧကံပေမို့
ကြားဖူးတဲ့စကား
“အချစ်စစ်မှန်လို့ နွံ့မနစ်ပါတကား”ဟု
နာယူမှတ်သား
သူမရှိတဲ့ရက်များအား
ကိန္နရီ
ကိန္နရာ အလား
တစ်ရက်ကို
တစ်သက်
ရင်တွင်စွဲမှတ် ကျော်ကာဖြတ်တဲ့
၂၁ရာစု
အာဒမ်
ဧဝအပြန်လမ်း
မျှော်ကာမှန်းရင်
ယောင်ချာချာ
စောင့်နေသည်….။
Tags:
ကဗျာ
Leave a comment