တရုတ် မြန်မာနယ်စပ် ရွှေလီနဲ့ ကျယ်ခေါင်မြို့တွေမှာ
အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေကို တရုတ်ဒေသဆိုင်ရာ
ရဲတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ သီတင်းပတ်ကတည်းက စတင်ဖမ်းဆီးနေရာမှာ
မြန်မာအလုပ်သမား ၆၀၀ ကျော်
ဖမ်းဆီးခံထားရကြောင်း၊ တရုတ် မြန်မာနယ်စပ် အခြေစိုက် ဒေသခံတွေက ပြောပါတယ်။

တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်ရှိ ပြည်သူ့
မဟာခန်းမ အဆောက်အအုံကြီး ရှေ့တွင် အစောင့် တပ်သားတဦး တာဝန်ကျနေပုံ
ဖြစ်ပါသည်။ (Photo: AFP)
အခုလို ဖမ်းဆီးခံရတဲ့ မြန်မာ အလုပ်သမားအများစုဟာ နေ့စဉ်၊ အပတ်စဉ်
သတ်မှတ်ပေးတဲ့ နိုင်ငံကူး လက်မှတ်တွေ မလုပ်နိုင်တဲ့ အလုပ်သမားတွေက
အများစုဖြစ်တယ်လို့ တရုတ် မြန်မာနယ်စပ်မှာ နေထိုင်တဲ့ စစ်ရေး
နိုင်ငံရေးလေ့လာသူ
ဦးအောင်ကျော်ဇော်က ပြောပါတယ်။
အခုရက်ပိုင်းအတွင်း မြန်မာအလုပ်သမားတွေကို ဖမ်းဆီးမှုမှာ အရင်နဲ့မတူပဲ တရုတ်ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ဝင်တွေဟာ ကိုယ်ထိလက်ရောက် စော်ကားတာတွေပါ တွေ့ရှိရတယ်လို့ ပြောပါတယ်။
RFA မှ ကူးယူသည်။
အခုရက်ပိုင်းအတွင်း မြန်မာအလုပ်သမားတွေကို ဖမ်းဆီးမှုမှာ အရင်နဲ့မတူပဲ တရုတ်ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ဝင်တွေဟာ ကိုယ်ထိလက်ရောက် စော်ကားတာတွေပါ တွေ့ရှိရတယ်လို့ ပြောပါတယ်။
RFA မှ ကူးယူသည်။

Tags:
သတင်း
Leave a comment