၎င်းတို့အနေဖြင့် အဆင့်အတန်းမြင့်မြင့် (Luxury)ပုံစံမျိုးဖြင့်သာ
လေကြောင်းလိုင်း ပြေးဆွဲလိုနေပြီး နိုင်ငံတကာ လေကြောင်းလိုင်းများ၏
တစ်ဦးနဲ့တစ်ဦး အပြိုင်အဆိုင် လေယာဉ်ဝန်ဆောင်မှုများ အဆင့်မြင့်တင်လာခြင်းကို
လက်ခံကြောင်း မတ်လ ၇ ရက်ကကျင်းပသော ဘာလင်ခရီးသွား ပြပွဲတွင်ပြောကြားသည်။
''နိုင်ငံတကာ လေကြောင်းလိုင်းတွေက ဒီမှာပြေးဆွဲဖို့ ကမ်းလှမ်းတာက
အများကြီးပဲ။ ကိုယ့်ဘက်က ရွေးချယ်တတ်ဖို့ပဲ လိုတော့တာ။ ပြီးခဲ့တဲ့
တလောတုန်းကတောင် AirAsiaလို တန်ဖိုးနည်းလေကြောင်း လိုင်းတစ်ခုက
နေပြည်တော်ကို ပြေးဆွဲချင်တယ်လို့ ပြောလာတာပဲ။ သိပ်ပြီးမကြာတော့ပါဘူး။
နိုင်ငံတကာ လေကြောင်းလိုင်းတွေ အများကြီးဝင်လာမယ်'' ဟု
ပို့ဆောင်ရေးဝန်ကြီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။''ကာတာအနေနဲ့
A350s လေယာဉ် အမျိုးအစားသုံးမျိုးကို မော်ဒယ် ပိုမြင့်တဲ့ ပုံစံနဲ့
အော်ဒါမှာထားတာရှိပါတယ်။ ၂၀၁၇ မတိုင်မီမှာ ပိုပြီးကောင်းတဲ့
ဝန်ဆောင်မှုတွေနဲ့ သွားဖို့စီစဉ်နေတယ်''ဟု ကာတာအဲဝေးမှ CEOမစ္စတာ Akbar AI
Bakerက ပြောကြားသည်။ပြည်မြန်မာသတင်းဂျာနယ်မှ ဖြစ်သည်။











Leave a comment