အရွယ်လွန်
တစ်ဆစ်ချိုးနေလဲ
မညိုငြင် အချစ်မရိုးစေတဲ့
မညိုငြင် အချစ်မရိုးစေတဲ့
ငယ်စဉ်ခါ
ချစ်ဦးသူ….။
အပြုံးပန်းပေးခြွေ
ရစ်ပတ်ခွေ၍
ရစ်ပတ်ခွေ၍
သခင်အလား
ခစားစေကာ
လိုရာပုံသွင်း
ချကာနင်းတောင်
သိနေလျက်နှင့်
အံမတုဝင့်ပါ
တချိန်တခါ
ချစ်သက်လျာ….။
မလိုချင်လဲ
ရတတ်စမြဲပေါ့
ရူးရူးမိုက်မိုက်
စူးစိုက်စေသည့်
ကျိန်စာသင့်ထား
အချစ်မြှားအား
ပေးသနားပါ
ချစ်သူ….။
ပေးထားကတိ
သူမြဲပါလေ၏
တွေးဆစိတ်မှာ
စိုးရိမ်လာလို့
တိမ်သားမီးခိုး
အဖြစ်မျိုးနှင့်
လေမှာအမြဲ
ပျံကာဝဲလို့
သူ့အနားတစ်ခေါက်
ရောက်ချင်ပါပြီ…။
ကဗျာမနိုင်
စာပန်းချီရှုံးစေတဲ့
ခါမတိုင်မှီ
မိုးနဲ့
ငါ့နှလုံးသား
ခူးဆွတ်သွားတဲ့
ပုရိသအပေါင်း
ခကာညောင်းတဲ့
တခါက အချစ်မြို့သူ….။

Tags:
ကဗျာ
Leave a comment