ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် အမျိုးသားလွတ်တော် မဲဆန္ဒနယ်မြေ အမှတ် ၃ တွင် ခလရ ၄၁ နှင့်
ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေး(ထောက်ပို့)တပ် ၆၂၆ တို့မှ ကြိုတင်မဲပေါင်း ၂,၃၄ဝ မှ ၉ဝဝ မှာ အိတ်ပွင့်နေသဖြင့် လားရှိုးခရိုင် ကော်မရှင်က ပယ်မဲ ပြုလုပ်လိုက်သည်။

“ကော်မရှင်က ပယ်လိုက်တာ။ အမတ်တွေကတော့ ဝမ်းသာနေတာပေါ့။ ဘာလို့လဲဆိုတော့ ဒီထဲက အားလုံး ပါလာတာက ကြံ့ဖွံ့မဲတွေပဲလေ”ဟု လားရှိုးမြို့တွင် ရောက်ရှိနေသော ပြည်တွင်းသတင်းထောက် တဦးက
ပြောသည်။

သို့သော် အဆိုပါ ပယ်မဲဖြစ်သွားသည့် ကြိုတင်မဲများထဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အတွက် ၉ မဲနှင့် ကျားဖြူပါတီအတွက် ၁ မဲ ပါဝင်သွားကြောင်း သိရသည်။

လားရှိုး၊ တန့်ယန်း၊ မိုင်ယယ်၊ သိန္နီ၊ ကွမ်းလုံမြို့နယ်တို့ ပါဝင်သည့် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၃ တွင် ကြံ့ခိုင်ရေးပါတီမှ ဒေါက်တာ နန်းကိန်ဖောင်းတစ်၊ NLD ပါတီမှ  ဦးစိုင်းမြင့်မောင်နှင့် တစည ပါတီမှ ဦးစိုင်းစံမင်း၊ လားဟူ အမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီမှ ဦးရောဘတ်နှင့် ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီမှ ဦးလော်ကျွန်ကွမ်းတို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

သို့သော် အခြား တန့်ယန်း၊ မိုင်းယယ်၊ သိန္နီ၊ ကွမ်းလုံမြို့နယ်များမှ မဲအရေအတွက်ကိုမူ မသိရသေးကြောင်း ကိုယ်စားလှယ်လောင်းများက ပြောသည်။

သိန္နီမြို့နယ်မှ တပ်နယ်မှ ကြိုတင်မဲပေါင်း ၁,ဝဝ၄ မဲ၊ ရပ်ကွက် ၄ ခုတွင် ၁၈၉ မဲ ရရှိထားပြီး ဖြစ်ပြီး အုပ်စုပေါင်း ၃၆ စုရှိရာ ၆ အုပ်စုတွင် ကျားဖြူပါတီ အနိုင်ရရှိထားသည်ဟု ကျားဖြူ ကိုယ်စားလှယ် ဦးစိုင်းဝင်းခိုင်က ပြောသည်။
ကော့မှူးမြို့နယ် ရေတာရှည်ကျေးရွာ မဲရုံသို့ သွားရောက်လေ့လာ
dsvisit1
ကော့မှူးမြို့နယ် ရေတာရှည်ကျေးရွာ မဲရုံသို့ သွားရောက်လေ့လာပြီး ပြန်လည်ထွက်ခွါလာသည့် ဒေါ်အောင်ဆန်းစုကြည်အား ဧပြီလ ၁ ရက်နေ့ နံနက်ပိုင်းက ငုပန်းခက်များဖြင့်င့် တွေ့ရစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ)



dsvisit
ဝင်ရောက်အရွေးခံရာ ကော့မှူးမြို့နယ်သို့ သွားရောက်လေ့လာနေသော ဒေါ်အောင်ဆန်းစုကြည်အား ဧပြီလ ၁ ရက်နေ့က ရေတာရှည်ကျေးရွာ မဲရုံတွင် လုံခြုံရေးတာဝန်ယူထားသော ရဲအမှုထမ်းတဦးနှင့် စကားပြောဆိုနေသည်ကို တွေ့ရစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ)
မဇ္ဈိမသတင်းဋ္ဌာနမှ ကူးယူသည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free