ပိဿာ၊
ကျပ်သား စနစ်အစား ပြောင်းလဲသုံးစွဲမည့် ကီလိုအလေးများကို မြန်မာ-အင်္ဂလိပ်
နှစ်ဘာသာဖြင့် ထုတ်လုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း
(MES)မှ သိရသည်။ ပိဿ၊ ကျပ်သားအစား ပြောင်းလဲသုံးစွဲမည့် မက်ထရစ်စနစ်သုံး
ကီလိုအလေးများကို မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် ထုတ်ဝေသွားမည်ဖြစ်ပြီး
အလေးများ၏ စစ်ဆေးမှုအပိုင်းကိုလည်း (MES)မှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
သိရသည်။ ကီလိုအလေးများကို ပြောင်းလဲ ထုတ်လုပ်ရာ၌ လတ်တလော ဈေးအသီးသီးတွင်
အသုံးပြုလျက်ရှိသော အလေးအရေအတွက်များကို ခန့်မှန်းတွက်ချက်ကာ
ထုတ်လုပ်သွားမည်ဖြစ်ကြောင်း၊ တစ်ပိဿာလျှင် ၃ ဒသမ ၆ ပေါင်ရှိကာ
တစ်ကီလိုလျှင် ၂ ဒသမ ၂ ပေါင်ရှိကြောင်းနှင့် တစ်ပိဿာလျှင် ၅ ဒသမ ၆၃၂၉၃၂၅၄
ကီလိုဂရမ်နှင့် တစ်ကီလိုလျှင် သုညဒသမ ၆၁၂၃၉၅၁၇ ပိဿာရှိကြောင်း ၂၀၁၂ ခုနှစ်
ဧပြီ ၃၀ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။
ခေတ်လူငယ်မှ ဖြစ်သည်။
ခေတ်လူငယ်မှ ဖြစ်သည်။

Leave a comment