မနေ့က မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်
ဘန်ကီမွန်းသည် မနေက့ညနေပိုင်းက ရွှေတိဂုံဘုရားလမ်းရှိ ဦးသန့်ဂူဗိမာန်သို့
သွားရောက်ဂါရ၀ပြုခဲ့သည်။ ဦးသန့်ဂူဗိမာန်မှ ဦးသန့်၏ သားသမီးနှင့် မြေးတို့က
ကြိုဆိုခဲ့ကြသည်။ ဦးသန့်သည် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရာထူးကို ကျေပွန်စွာထမ်းဆောင်ခဲ့ပြီး သူ၏လက်ထက်တွင် ကျူးဘားဒုံးပျံပြဿနာကို ငြိမ်းချမ်းစွာဖြင့် ဖြေရှင်းနိုင်ခဲ့ပြီး မြန်မာကို ကမ္ဘာက သတိပြုစေနိုင်ခဲ့သူ တစ်ဦးလဲ ဖြစ်သည်။ ဓာတ်ပုံကို YPI မှ ကူးယူသည်။

Tags:
ပွဲတော်သတင်း
Leave a comment