ဧပြီလ ၂၈ ရက်နေ့ နေ့လည် ၂ နာရီလောက်က ၀ိုင်းမော်မြို့နယ်၊ ဆဒုံးမြို့နယ်ခွဲရှိ မြို့နယ်အုပ်ချုပ်ရေးရုံးကို KIA မှ ၀င်ရောက်စီးနင်းပစ်ခတ်ခဲ့ကြပါတယ်။ ကေအိုင်အေတပ်ဖွဲ့မှ မြို့နယ်အုပ်ချုပ်ရေးမှူး အပါအ၀င် ၄ ဦးကိုကြိုးတုတ် ပစ်သတ်ခဲ့ပြီး ၀န်ထမ်း ၃ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ ဖမ်းဆီးခေါ်သွားသူ ၃ ဦးမှ ၂ ဦးကို ပြန်လွှတ်ပေးခဲ့ပြီး ဆဒုံးကိုပြန်ရောက်ရှိနေပြီလို့သိရပါတယ်။ ကေအိုင်အေမှ ပြန်လွှတ်ပေးခဲ့တဲ့ ၂ ဦးကတော့ ဂွမ်ဂျာနော်နဲ့ ဦးယောကွေ့ တို့ဖြစ်ကြပါတယ်။ သူတို့နှစ်ဦးဟာ ကေအိုင်အေလုံထန်စခန်းကနေ စကားပါးရွာ တွင်ညအိပ်ခဲ့ပြီး ၂၉ ရက်နေ့ နေ့လည်ပိုင်းက ဆဒုံးမြို့နယ်ရဲစခန်းသို့ ပြန်လည်ရောက်ရှိပါတယ်။ ပြန်လည်လွတ်မြောက် လာသူများမှ ဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး အခုလိုပြောပြခဲ့ပါတယ်။
                              
“ ကေအိုင်အေအဖွဲ့တွေ ကျွန်တော်တို့ရုံးကို ၂၈ ရက်နေ့ နေလည်ပိုင်း ၂ နာရီလောက် က ရောက်လာတယ်။ ရောက်လာပြီး ရုံးမှာရှိတဲ့ လူအကုန်လုံးကို ကြိုးတုတ်ပြီးတော့ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ၀န်ထမ်း ၃ ဦးကို ပစ်သတ်ခဲ့ပါတယ်။ ကျွန်တော်တို့ ၃ ဦးကိုတော့ ကြိုးတုတ်ပြီး သူတို့ရဲ့ လုံထန်စခန်းကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး စခန်းကိုရောက်တော့ ကျွန်တော်တို့ကို ထိပ်တုံးခတ်ထားတယ်။  ညပိုင်းရောက်တော့မှ ကေအိုင်အေက အရာရှိ တစ်ယောက်ရောက်လာပြီး ကျွန်တော်တို့နှစ်ဦးကို ပြန်လွှတ်ပေးခဲ့ပါတယ်။် ” လို့ ဦးယောကွေ့က ပြောပြပါတယ်။
ကေအိုင်အေဖမ်းဆီးခံရတဲ့ ၃ ဦးမှ  ပြန်လွတ်လာသူများမှာ ကချင်လူမျိုး ၂ ဦးဖြစ်နေပြီး ကျန်နေခဲ့တဲ့ ရှမ်းလူမျိုးဝန်ထမ်းတစ်ဦးရဲ့ အသက်အန္တရာယ်အတွက် ဒေသခံများမှ စိုးရိမ်လျက်ရှိပါတယ်။ ကေအိုင်အေတပ်ဖွဲ့ဟာ လူမျိုးရေးခွဲခြားဆက်ဆံမှုများရှိနေတဲ့အတွက် ဆဒုံးမြို့နယ်မှာနေထိုင်တဲ့ ကျန်တိုင်းရင်းသားလူမျိုးများဟာ ကေအိုင်အေ မှ လူမျိုးရေးခွဲခြားသတ်ဖြတ်မှာကို စိုးရိမ်ပူပန်နေကြတယ်လို့သိရပါတယ်။

KND မှ ဖြစ်သည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free