မြန်မာတစ်နိုင်ငံလုံးတွင် ယခု ၂၀၁၂ သင်္ကြန်ကာလအတွင်း ယာဉ်တိုက်မှုပေါင်း ၁၂၃ မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၃၆ ဦးရှိခဲ့ကြောင်း နေပြည်တော် ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံးမှသတင်
းရရှိသည်။

အဆိုပါယာဉ်တိုက်မှုတွင် ဒဏ်ရာရရှိသူဦးရေစုစုပေါင်း ၃၉၅ ဦးအနက် ကျား ၂၈၀ဦးဖြစ်ပြီး သေဆုံးဦးရေ ကျား ၃၀ ဦးနှင့် မခြောက်ဦး စုစုပေါင်းဦးရေ ၃၆ ဦး ဖြစ်ပွားခဲ့ကြောင်း နေပြည်တော်ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံးမှသတင်းရရှိသည်။ သို့သော် နိုင်ငံပိုင်သတင်းစာများတွင် ယာဉ်တိုက်မှုအပါအ၀င် အမှုအခင်းမျိုးစုံကြောင့် ၈ ဦးသာသေဆုံးပြီး ၁၆၆ ဦး ဒဏ်ရာရရှိသည်ဟုဖော်ပြခဲ့သည်။ ရန်ကုန်မြို့၌ ယခုနှစ်သင်္ကြန် ကာလအတွင်း ယာဉ်တိုက်မှုပေါင်း ၃၀မှု ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ ၁၀၆ ဦးနှင့် သေဆုံးသူဦးရေလေးဦးရှိခဲ့ကြောင်း ရန်ကုန်မြို့ ကြိုးမဲ့ကြေးနန်းနှင့် ယာဉ် ထိန်းတပ်ဖွဲ့မှူးရုံးမှသတင်းရရှိသည်။

အဆိုပါယာဉ်တိုက်မှုတွင် ရေကစားယာဉ် ယာဉ်တိုက်မှု ၇ မှုဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ ၅၀ဦးရှိခဲ့ကာ ရိုးရိုးယာဉ်တိုက်မှု ၂၃ မှုတို့၌ ဒဏ်ရာရရှိသူ ၅၆ ဦးနှင့် သေဆုံးသူ လေးဦးရှိခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့တွင် ယာဉ်တိုက်မှုပေါင်း ၃၂ မှု၊ သေဆုံးသူငါးဦးနှင့်ဒဏ်ရာရရှိသူ ၆၉ ဦး တို့ရှိခဲ့သည်။ နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြရာတွင်မူ သင်္ကြန်ကာလအတွင်း နိုင်ငံတစ်ဝန်းယာဉ်တိုက်မှုကြောင့် သေဆုံးသူ သုံးဦးသာရှိပြီး ဒဏ်ရာရရှိသူ ၅၉ ဦး ရှိကြောင်း ဖော်ပြထားသည်။

7day news journal မှ ဖြစ်သည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free