သံလမ်းမိုင်း(ဗုံး)ကွဲမှုကြောင့် မန္တလေး-မြစ်ကြီးနားရထား တွဲချော်၊ လူရှစ်ဦးသေဆုံး
- By YaWai
- Postado Monday, April 30, 2012 at 4:27 AM
![]() |
မန္တလေး-မြစ်ကြီးနားရထား(ဓါတ်ပုံ-Google Images) |
မန္တလေးမြို့မှ ယမန်နေ့(၂၈.၄.၁၂) နေ့လည် ၁ နာရီခန့်က
မြစ်ကြီးနားသို့ထွက်ခွာသွားသော မန္တလေး-မြစ်ကြီးနား ရထားသည်
နန်းကွေ့-ပြည်ထောင် ရထားလမ်းပိုင်းအတွင်း တစ်နေရာတွင် ယနေ့(၂၉.၄.၁၂)
နံနက်အစောပိုင်းက သံလမ်း မိုင်း(ဗုံး)ကွဲမှုကြောင့် တွဲချော်ကာ လူရှစ်ဦး
သေဆုံးသွားကြောင်း ရထားဝန်ထမ်းတစ်ဦးက CJMyanmar သို့ သတင်းပို့ပါသည်။
အဆိုပါ ရထားနောက်မှ မြစ်ကြီးနားသို့ ထွက်ခွာသော အခြားသော
မန္တလေး-မြစ်ကြီးနား ရထားတစ်စင်းသည် ယခုအခါ နဘားဘူတာတွင်
ရပ်တန့်ထားရကြောင်းနှင့် မန္တလေး-မြစ်ကြီးနား အသွားအပြန် ရထားပြေးဆွဲမှုကို ၅
ရက်ခန့် ရပ်တန့်ထားနိုင်ကြောင်းလည်း သိရသည်။
မန္တလေး-မြစ်ကြီးနား ကုန်စည်စီးဆင်းမှု ရပ်တန့်သွားသဖြင့် ယနေ့
မြစ်ကြီးနားတွင် စားသောက်ကုန်ပစ္စည်းများသည် နဂိုဈေးထက် အတန်ငယ်
မြင့်တက်လျက်ရှိလာနေကြောင်းလည်း CJMyanmar က သတင်းရရှိပါသည်။
CJMyanmarမှ ဖြစ်သည်။

Related posts
- လက်ပံတောင်းအရေးအခင်းက သံဃာတွေကို အစိုးရ ၀န်ချတောင်းပန်
- ထိုးစစ်ရပ်ပြီး အသေခံနေသော ကျပ် ၁ သိန်း မတန်သည့် တပ်မတော်သားများ...
- မြန်မာကလေးငယ်တွေနဲ့ အဟာရချို့တဲ့မှု ပြဿနာ
- အစိုးရရဲ့ ဆောင်ရွက်မှု သံဃာတွေ စောင့်ကြည့်သွားမည်
- ၂၀၁၃ ဒဂုံရွှေအောင်လံ အကြိုဗိုလ်လုပွဲစဉ်တွင် တွေ့မရှောင်က အီရန်မှ မာဆွတ်အား အလဲထိုး အနိုင်ရ
Leave a comment