ဟိုတယ်လိုအပ်ချက် ကြီးမားလာသောကြောင့် ကာလအတန်ကြာ ပိတ်ထားခြင်းခံရသော ဟိုတယ်များအား စိစစ်၍ ပြန်လည်ဖွင့်လှစ်ခွင့် ပြုသွားမည်ဟု သိရ

ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနမှ စိစစ်၍ ပြန်လည်ဖွင့်လှစ်ခွင့် ပေးခဲ့သည့် အင်းစိန်လမ်းမကြီးပေါ်ရှိ
န၀ရတ်ဟိုတယ်အား တွေ့ရစဉ်
“ရန်ကုန်မြို့မှာ အကြောင်းအမျိုးမျိုးကြောင့်ပေါ့ အချိန်တော်တော်ကြာ ပိတ်ထားခဲ့ရတဲ့ ဟိုတယ်တွေရှိတယ်။ အဲဒီဟိုတယ်တွေ ပြန်ဖွင့်ချင်တယ်ဆိုရင် ဟိုတယ်နဲ့ခရီးသွား လာရေးဝန်ကြီးဌာနကို လာရောက် လျှောက်ထားနိုင်တယ်၊ ပြန်ဖွင့်ခွင့်ပြုမယ် မပြုဘူးဆိုတာတော့ ယတိပြတ်ပြောလို့မရပါဘူး။ နောက်ပြီး လာရောက်လျှောက်ထားတဲ့ ဟိုတယ်တွေ ပြန်လည်လျှောက်ထားခွင့်နဲ့ ပတ်သက်ပြီးတော့ စည်းမျဉ်းစည်းကမ်း ပုံသေသတ်မှတ် မထားပါဘူး။ အရင်က ဟိုတယ်တွေ ပိတ်ထားခဲ့ရတဲ့ အကြောင်းအပေါ်မှာ မူတည်ပြီးတော့ပဲ case by case ကြည့်ပြီး ပြန်လည်ဖွင့်လှစ် ခွင့်ပြုမယ်၊ မပြုဘူးဆိုတာကို ဆုံးဖြတ်ပေးသွားမှာပါ”ဟု ဟိုတယ်နှင့်ခရီးသွားလာရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ယခုလိုကာလအတန်ကြာ ပိတ်ထားခြင်းခံရသော ဟိုတယ်များအား ပြန်လည်ဖွင့်ခွင့် ပေးမည် ဆိုခြင်းမှာ ဟိုတယ် လိုအပ်ချက် ရှိလာခြင်းကြောင့် ဖြစ်သည်ဟု သိရသည်။ ရန်ကုန်မြို့ပေါ်ရှိ ၁၅ နှစ်ကျော်ခန့် ပိတ်ထားခဲ့ရသော မရမ်းကုန်းမြို့နယ်၊ အင်းစိန်လမ်းမကြီးပေါ်ရှိ န၀ရတ် ဟိုတယ်ကိုလည်း စိစစ်၍ဖွင့်လှစ် ခွင့်ပြုသွားမည် ဖြစ်ကြောင်းလည်း သိရသည်။
Eleven Media မှ ဖြစ်သည်။

Tags:
သတင်း
Leave a comment