KIA တပ်ဖွဲ့မှ ၂၈ ရက်နေ့တွင် ဆဒုံးမြို့နယ်မှ ပြည်သူများကို ဤကဲ့သို့ သတ်ဖြတ်ခဲ့ပါသည်။ ကုလားမနိုင် ရခိုင်မဲ ဟူသော စကားပုံအတိုင်း မြန်မာ့တပ်မတော်၏ စစ်ကြောင်းများကို တိုက်ခိုက်ခြင်းငှာ မစွမ်းဆောင်နိုင် သဖြင့် ခုခံနိုင်ခြင်း ကင်းမဲ့သော ပြည်သူများကို ဤသို့ ရက်စက်စွာ သတ်ဖြတ်ခဲ့ပါသည်။ တလောတုန်းကလဲ အလင်းဝင်ခဲ့သော စစ်သားများကို လိုက်လံသတ်ဖြတ်ခဲ့ပြီး တပ်မတော်ကို အပြစ်ပုံချ ခြင်းများ ပြုလုပ်ခဲ့သေးသည်။ KIA လက်နက် ကိုင်ရခြင်း အကြောင်းရင်းမှာ ကချင်အမျိုးသားများ လွတ်မြောက်ဖို့လော သို့မဟုတ် ပုံပါအတိုင်း ပြည်သူတွေကို သတ်ဖြတ်ဖို့လား ဆိုတာတွေးစရာဖြစ်လာခဲ့ပြီး အကျိုးမရှိသော စစ်ကို မည်သို့သောကြောင့် ဆွဲဆန့်နေသည်ကို စာရေးသူ ကျွန်တော့် အနေဖြင့် တွေး၍ ဥာဏ်မမှီနိုင်တော့။ မြစ်ကြီးနား ရထားလမ်းလည်း မနေ့က ဗုံးကွဲခဲ့ပြီး KIA ကတော့ တပ်မတော်ကို လွှဲချဦးမည်မှာ ဧကံမုချမလွဲပေ။ ဓာတ်ပုံများကို KND မှ ကူးယူပြီး များစွာ စိတ်မကောင်းဖြစ်ရသည်။

Tags:
ဓာတ်ပုံစကား
KIA ပစ်သတ်ထားတာဖြစ်ကြောင်း ဘယ်သက်သေအထောက်အထားတွေ ရှိလို့လဲ။ ကချင်မြေမှာ ဒီလိုလုပ်တာ ဗမာစစ်တပ်ကလွဲရင် ဘယ်သူမှမရှိဘူး။ KIAကို အပြစ်လွဲတင်ထားတာပဲများတယ်။ အောက်တန်းကျလိုက်တဲ့ ခွေးစစ်တွေ။
ိုKIA ပဲဖြစ်ဖြစ် ဗာမာပဲဖြစ်ဖြစ် အပြစ်မဲ့ပြည်သူတွေကိုတော့မသတ်သင့်ပါဘူး
စစ်သားဆိုတာက ဘယ်လူမျိုးစစ်သားမဆိုသတ်တိမကြောင်ကြဘူး
ပြီးတော့စစ်သားရဲ့သဘာဝကလည်းအပြစ်ရှိရင်တော့ သတ်လိုက်
ဒါပဲများပါတယ်။ ဒီလိုတော့ရှိပါတယ် K.I.A စစ်သားတွေကြောင့်
မို့လည်းမဟုတ်ပါဘူး။ ဘယ်စစ်သားမဆိုအပြစ်ကြီးရင်တော့ ထားမှာ မဟုတ်ဘူးလေ။ ဒါကိုပုံကြီးချဲ့ကားပြီးလူတွေရဲ့စိတ်ကိုနိုး
ဆော်တာဟာသိပ်မကောင်းဘူးလို့ကျွန်တော်ယူဆမိလို့ပါ။ဒီလိုမျိုး
ပုံတွေရိုက်ပြီး အွန်လှိုင်းမှာတင်ကြစတမ်းဆိုရင် လူတွေရဲ့ဒေါသ
တွေကဘယ်လိုပြီးဆုံးတော့မှာလဲ ။ မဟုတ်ဘူးလား ပြန်စဉ်းစား
ကြည့်ပါ ။ကျွန်တော်ကတော့ ဘယ်ဘက်မှ ဘက်မလိုက်တမ်း
ပြောနေတာပါ ။ကျွန်တော်လည်းတိုင်းရင်းသားတစ်ယောက်ပါ
သို့သော် တိုင်းရင်းသားဖြစ်လို့ဒီလိုစာပြန်ရေးတာထက် ဒီလိုစိတ်
နိုးဆော်နေတာမကောင်းဘူးလို့ထင်မိလို့ရေးလိုက်တာပါ။ ဘယ်-
သူ့ဘက်မှာမဆိုပြောစရာတွေ၊ ရင်နာစရာတွေကရှိကြပါတယ်။ ဒါကြောင့်နောက်ဆိုကျေးဇူးပြုပြီး ဒီလိုပုံတွေနဲ့တော့လူတွေကို
ဆက်ရန်မတိုက်ပေးကြပါနဲ့လို့အနူးအညွန့်တောင်းဆိုလိုက်ပါ-
တယ်။စစ်မှန်တဲ့မေတတာရှင်ဟာ ယေရှုဘုရားမှတစ်ပါး အခြား
သောသူတွင်မရှိကြောင်းပြောရင်းနဲ့ဘဲအဆုံးသတ်ပါတယ်။
စာဖတ်သူတိုင်းအပေါ် ဘုရားသခင်ကောင်းကြီးပေးပါစေ ။။။။။