ပြီးခဲ့တဲ့ သင်္ကြန်တုန်းက အွန်လိုင်းပေါ်မှာ ပုံတွေ ပလူပျံအောင် ဝတ်ပုံစားပုံ သရုပ်ပျက်ခဲ့ပြီး မီဒီယာ အများစု၏ အာရုံစိုက်ခြင်းကို ခံခဲ့ရသော အမျိုးသမီးအနုပညာရှင်တစ်ဦး၏ ဖခင်မှာ ကိုယ့်ကိုကိုယ် သတ်သေဖို့ ကြံစည်ခဲ့တယ်လို့ သိရပြီး ထိုသို့ သေကြောင်းကြံစည်မှုမှာ မိသားစုဝင်များ ကြိုတင်သိရှိသွားမှုကြောင့် မအောင်မြင်ခဲ့ဘူးဟု the trade times ဂျာနယ်မှာ ဖော်ပြထားပါသည်။ ထိုအမျိုးသမီးသရုပ်ဆောင်မှာလည်း ဖခင်၏ သတင်းကို ကြားကြားချင်း ပြင်ဦးလွင်မှာ ကားရိုက်နေရာမှ ချက်ချင်းပြန်လာခဲ့ကြောင်းလည်း ထိုဂျာနယ်တွင် ခိုင်လုံသည့် သတင်းရပ်ကွက်မှ ရသည်ဟု ဆိုထားသည်။ ထို အမျိုးသမီးသရုပ်ဆောင်၏ ဖခင်သတ်သေရန်ကြံစည်မှုမှာ လွန်ခဲ့သည့် ရက်ပိုင်းအတွင်းကတည်းက The Voice Facebook တွင် ဖော်ပြခဲ့ပြီး အလွန်စိတ်ဝင်စားနေကြသည့် သတင်းဖြစ်ပြီး ထိုအမျိုးသမီးနာမည်ကြီး သရုပ်ဆောင်ကိုလည်း သင်္ကြန်တွင်းက Sexy အထာများ ရင်သားကြီးကြောင်း အသားပေးဖော်ပြသည့် အဝတ်အစားများကို ဝတ်ဆင်ခဲ့သည့် နာမည်လေးလုံးနှင့် မင်းသမီးဟု ထင်ကြေးပေးနေကြသည်။ ယခုကဲ့သို့ ကားရိုက်မှ ပြန်လာခဲ့သည်ဟူသော သတင်းကြောင့် ထိုမင်းသမီး၏ ဖခင်ဖြစ်ရန် ပိုသေချာစေခဲ့သည်။ ထိုနာမည်လေးလုံးနှင့် မင်းသမီးမှာ လမ်းဘေးခိုးကူးခွေလောကတွင် အလွန်တရာပျံနှံ့လျက်ရှိသည်ကိုလဲ တွေ့ရသည်။
မှတ်ချက်။ ။ စာရေးသူ ဝယ်မကြည့်ရသေးပါ။
မှတ်ချက်။ ။ စာရေးသူ ဝယ်မကြည့်ရသေးပါ။

သေလေ
ကိုယ်သမီးကိုယ်ဆုံးမထားရမယ်
သူသေမဲ့အစားသူ့သမီးကိုသူကိုယ်တိုင်သတ်ပြစ်လိုက်၇မှာ
ဒီထက်ဆိုးနေတာတွေ ဒီမှာတင်မဟုတ်ဘူး..သူများနိုင်ငံတွေမှာလည်းရှိတာပဲ...
ဘ၀ကိုလွယ်လွယ်ကူကူအရှုံးမပေးသင့်ဘူး...
တရားရှာသင့်တယ်လို့ထင်မြင်မိပါတယ်..
ပြသူ မရှက် မြင်သူရှက်ဆိုတာ ဒါပဲပေါ့