ဖြစ်ပွားခဲ့သော ဖြစ်စဉ် ၅၅ မှု အနက် မြို့ပေါ်ရပ်ကွက်တွင် ဖြစ်စဉ် ၃၀ မှု၊ ကျေးရွာတွင် ဖြစ်စဉ် ၂၅ မှုတို့ ဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။

၂၀၁၂ ခုနှစ် ဇန်န၀ါရီလအတွင်း ရန်ကုန်တိုင်းဒေသကြီး၌ မုဒိမ်းမှု ၁၆ မှုဖြစ်ပွားခဲ့ပြီး ကျူးလွန်ခံရသူများမှာ ၁၀ နှစ်အောက် သုံးမှု၊  ၁၀ နှစ်မှ ၁၃ နှစ်ထိ ခြောက်မှု၊ ၁၄ နှစ် မှ ၁၅ နှစ်အထိ ငါးမှုနှင့် ၁၆ နှစ်မှ ၅၀ နှစ် အထိ နှစ်မှုတို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ လအတွင်း ဖြစ်ပွားရခြင်း အကြောင်းရင်းမှာ ယုံကြည်မှုလွန်ကဲခြင်း သုံးမှုနှင့် ဖြားယောင်းသွေးဆောင်မှု နှစ်မှု၊ အဓမ္မမှု ၁၁ မှုတို့ ဖြစ်သည်။

ဖေဖော်ဝါရီလအတွင်း မုဒိမ်းမှု ၁၁ မှုဖြစ်ပွားခဲ့ပြီး ကျူးလွန်ခံရသူများမှာ ၁၀ နှစ်အောက် နှစ်မှု၊ ၁၀ နှစ် မှ ၁၃ နှစ်အထိ သုံးမှု၊ ၁၄ နှစ်မှ ၁၅ နှစ်အထိ နှစ်မှု၊ ၁၆ နှစ်မှ ၅၀ နှစ် အထိလေးမှုတို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါလအတွင်း ဖြစ်ပွားရခြင်း အကြောင်းရင်းမှာ အဓမ္မမှု ၁၀ မှုဖြစ်သည်။

မတ်လအတွင်း မုဒိမ်းမှု ၁၃ မှု ဖြစ်ပွားခဲ့ပြီး ကျူးလွန်ခံရသူများမှာ ၁၀ နှစ်အောက်တစ်မှု၊ ၁၀ နှစ်မှ ၁၃ နှစ်အထိ ခြောက်မှု၊ ၁၄ နှစ်မှ ၁၅ နှစ်အထိ သုံးမှုနှင့် ၁၆ နှစ်မှ ၅၀နှစ်အထိ သုံးမှုတို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယင်းလအတွင်း ဖြစ်ပွားရခြင်း အကြောင်းရင်းမှာ ယုံကြည်မှု လွန်ကဲမှု သုံးမှု၊ အဓမ္မမှု ၁၀ မှုတို့ ဖြစ်သည်။

ဧပြီလအတွင်း မုဒိမ်းမှု ၁၅ မှု ဖြစ်ပွားခဲ့ပြီး ကျူးလွန်ခံရသူများမှာ ၁၀ နှစ်အောက် တစ်မှု၊ ၁၀ နှစ်မှ ၁၃ နှစ်အထိ ငါးမှု၊ ၁၄ နှစ်မှ ၁၅ နှစ်ထိ တစ်မှု၊ ၁၆ နှစ်မှ ၅၀နှစ်အထိ ရှစ်မှုတို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယင်းလအတွင်း ဖြစ်ပွားရသည့် အကြောင်းရင်းမှာ ဖြားယောင်းသွေးဆောင်မှု နှစ်မှု၊ အဓမ္မမှု ရှစ်မှု၊ အဖော်မဲ့ထားခြင်း တစ်မှု၊ အရက်မူးယစ် ကာမစိတ်တစ်မှုတို့ ပါဝင်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

မိဘတွေအနေနဲ့ ကိုယ့်ရဲ့သမီးတွေကို အပြင်သွားတဲ့အခါမှာ ယုံကြည်မှု လွန်ကဲပြီးတော့ တခြားသူစိမ်းယောက်ျားလေးတစ်ယောက်နဲ့ ပေးမသွားသင့်ဘူး။ နောက်ပြီးတော့လည်း တစ်နေရာမှာ အလုပ်သွားလုပ်ရမယ်ဆိုရင်လည်း အဲဒီအလုပ်ကို သေချာ စုံစမ်းဖို့ လိုပါတယ်။ ကလေးတွေက ယောကျာ်လေးအကြောင်းကို မသိကြဘူး။ အဲဒါကို အုပ်ထိန်းသူတွေအနေနဲ့ ယုံကြည်မှု မလွန်ကဲသင့်ပါဘူး  .  .  .
ဖြစ်ပွားခဲ့သော ဖြစ်စဉ်တစ်ခုမှာ ၂၀၁၂ ခုနှစ် မေလ ၃ ရက်နေ့ ည ၈ နာရီအချိန် ဒေါ်---(၄၀)နှစ်၊ ဈေးရောင်း၊ ရွှေပြည်သာမြို့နယ်နေသူသည် နေအိမ်၌ သမီးဖြစ်သူ မ ---(၇)နှစ်၊ (ဘ) ဦး---နှင့်အတူရှိ နေစဉ် မောင်---(၁၉)နှစ်၊ ၁၅ ရပ်ကွက်၊ ရွှေပြည်သာမြို့နယ်နေသူ ရောက်ရှိလာသဖြင့် အတူစကားပြောနေစဉ် မောင်---(၁၉)နှစ်မှ အပြင်သို့ သွားနေသည့် ဒေါ်...(၄၀)နှစ်၏ သားဖြစ်သူ မောင်---အား လိုက် ရှာပေးမည်၊ မ---(၇)နှစ်အား ခေါ်သွားမည်ဖြစ်ကြောင်း ပြောသဖြင့် ထည့်ပေးလိုက်ရာ ၁၅ မိနစ်ခန့်အကြာ မ... (၇)နှစ်မှာ ငိုပြီးပြန်လာ၍ မေး မြန်းရာ  မောင်---(၁၉)နှစ်မှ ၎င်းအား ပန်းခြံ ၁၃ လမ်းကြားရှိ ချူံပုတ်အတွင်းသို့ ခေါ်ဆောင်ပြီး ဘောင်းဘီချွတ်၍ လက်ဖြင့်နှိုက်သဖြင့် အော်ဟစ်ရာ ၎င်းမှ မ---(၇)နှစ်အား ပါးစပ်ပိတ်ကာ ပါးရိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကို တရားလိုပြု တိုင်တန်းမှုအား လှော်ကားရဲစခန်း (ပ)၁၉၉/၂၀၁၂၊ ပုဒ်မ ၃၃၇/၃၂၃ ဖြင့် အမှုဖွင့်ပြီး ဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ဧပြီလ ၂၇ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန် ဒေါ်---(၄၄)နှစ်၊ ပန်းရောင်း၊ သာကေတမြို့နယ်နေသူသည် သမီးဖြစ်သူ မ---(၁၃) နှစ် (၅)လ၊ အမွှာညီမ အစ်မဖြစ်သူ မ... (၁၃)နှစ်(၅) လနှစ်ဦးတို့သည် နေအိမ်၌မရှိဘဲ ပျောက်ဆုံး၍ လိုက်လံရှာဖွေခဲ့ရာ မတွေ့ရှိဘဲ ဧပြီလ ၂၈ ရက်နေ့တွင် သမီးဖြစ်သူ နှစ်ဦးသည် နေအိမ်သို့ ကားငှားပြီး ပြန်လည်ရောက်ရှိလာသဖြင့် မေးမြန်းရာ ၎င်းတို့နှစ်ဦးအား သင်္ကြန်ကာလအတွင်းက ရင်း နှီးခဲ့သော တစ်ရပ်ကွက်တည်းနေ မောင်---(၁၇)နှစ်နှင့် ၎င်း၏သူငယ်ချင်း မောင်---(၁၇)နှစ်တို့ နှစ်ဦးက မ---နှစ်ဦးအား ဧပြီလ ၂၇ ရက်နေ့တွင် သန်လျင်မြို့ရှိ တည်းခိုခန်းနှင့် အဆောင်တစ်ခုတွင် သားမယားအဖြစ် လေးကြိမ် ဆက်ဆံပေါင်းသင်းခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကို တရားလိုပြု တိုင်တန်းမှုအား သန်လျင်ရဲစခန်း (ပ) ၅၁၇ /၂၀၁၂၊ ပုဒ်မ ၃၇၆ ဖြင့် လည်းကောင်း၊ သန်လျင်ရဲစခန်း (ပ) ၅၁၈/၂၀၁၂၊ ပုဒ်မ ၃၇၆ဖြင့် အမှုဖွင့်ပြီး ဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း သိရသည်။
အလားတူ ဖြစ်စဉ်မှာ ၂၀၁၂ ခု နှစ် ဧပြီလ ၂၁ ရက်နေ့ ည၁၀နာရီ အချိန် မ---၊ ၃၀နှစ်၊ ဈေးရောင်း၊ အမှတ်---၊  မြောက်ဥက္ကလာပမြို့နယ်နေသူ၏ သမီးဖြစ်သူ မ---၊ ကိုးနှစ်၊ သုံးတန်းသည် အဘွားဖြစ်သူ ဒေါ်---နှင့်အတူ မြောက်ဥက္ကလာပမြို့နယ်ရှိ လက်ဖက်ရည်ဆိုင်တွင် ဗီဒီယို အတူထိုင်ကြည့်နေစဉ် ဦး---၊ ၂၈ နှစ်၊ ကျောက်ခွေလုပ်ငန်း၊ သုတိသာ ၂ လမ်း၊ (က)ရပ်ကွက်၊ မြောက်ဥက္ကလာပနေသူ လက်ဖက်ရည်ဆိုင်သို့ ရောက်ရှိလာပြီး မုန့် ဖိုးပေးမည်ဟုပြောဆိုကာ (က)ရပ် ကွက်ရှိ ဦးချစ်စိန်လမ်းကြားအတွင်းသို့ ခေါ်သွားပြီး အဓမ္မပြုကျင့်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရှိရသည်။ မ---၊ ၉ နှစ်၏ ပြောပြသိရှိရသဖြင့် ဦး---၊ ၂၈နှစ်အပေါ် အရေးယူပေးရန် မ---၊ ၃၀နှစ်မှ တရားလိုပြု တိုင်တန်းမှုအား ဝေဘာဂီ ရဲစခန်း(ပ)၂၀၁/၂၀၁၂ ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ပြီး အမှုစစ်မှ တရားခံအား ဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။
မင်္ဂလာတောင်ညွန့်မြို့နယ် ရဲတပ်ဖွဲ့မှူးဖြစ်သူ ဒုရဲမှူး မျိုးမြင့်ကြိုင်က ''မိဘတွေအနေနဲ့ ကိုယ့်ရဲ့သမီး တွေကို အပြင်သွားတဲ့အခါမှာ ယုံ ကြည်မှု လွန်ကဲပြီးတော့ တခြားသူ စိမ်း ယောက်ျားလေးတစ်ယောက်နဲ့ ပေးမသွားသင့်ဘူး။ နောက်ပြီးတော့လည်း တစ်နေရာမှာ အလုပ်သွားလုပ် ရမယ်ဆိုရင်လည်း အဲဒီအလုပ်ကို သေချာစုံစမ်းဖို့ လိုပါတယ်။ ကလေးတွေက ယောက်ျားလေးအကြောင်းကို မသိကြဘူး။ အဲဒါကို အုပ်ထိန်းသူတွေအနေနဲ့ ယုံကြည်မှု မလွန်ကဲသင့်ပါဘူး''ဟု သုံးသပ်ပြောကြားခဲ့သည်။

ထို့အတူ မြောက်ဥက္ကလာပမြို့နယ် ရဲတပ်ဖွဲ့မှူးဖြစ်သူ ဒုရဲမှူးစိန်ရိုးက ''ထိန်းကျောင်းမှုမဲ့တဲ့ ကလေးတွေဆိုရင် အိမ်နီးနားချင်းတွေကို ယုံကြည်မှုအပြည့်နဲ့ အပ်မသွားသင့်ဘူး။ မိန်းကလေးတွေချည်းပဲ ညဘက်အပြင်သွားရင် မလွှတ်သင့်ပါဘူး''ဟု ပြောကြားခဲ့သည်။


eleven media မှ ဖြစ်သည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free