ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန (ရန်ကုန်တိုင်းဒေသကြီး)၏ဥပဒေ ပုဒ်မ၂၁(၁)အရဟုဆိုကာလှိုင်သာယာမြို့နယ်ကွက်အမှတ်(၂၅)မြေ ကွက်ပေါ်တွင်ဦးစီးဌာနမှကျူးကျော် နေထိုင်သူများအားမတ်လ(၁၈)ရက်နေ့ နောက်ဆုံးထား၍၎င်းမြေပေါ်ရှိ ပိုင်ဆိုင်သောပစ္စည်းများမှတပါး အခြားပစ္စည်းများကိုဖျက်သိမ်းရှင်း လင်းပြီးမြေပေါ်မှထွက်ခွာရန်အမိန့် ပေးထားသည်။
အကယ်၍အထွက်ခွာပေးပါ ကအောက်ဖော်ပြပါအက်ဥပဒေ ပုဒ်မ၂၁(၁)တွင်ဖော်ပြထားသည့် အတိုင်းအရေးယူပြီးလျှင်ကျူးလွန် နေထိုင်သူ၏တာဝန်နှင့်ကုန်ကျစ ရိတ်ခံစေ၍ဖျက်သိမ်းရှင်းလင်းမည် ဟုမေလ(၁)ရက်နေ့ကအမိန့်ထုတ် ပြန်ကြောင်းဖော်ပြထားသည့်အတွက် မိမိတို့အနေဖြင့်ဖျက်သိမ်းမည်ဆို လျှင်လည်းလအနည်းငယ်သတ်မှတ် စေချင်ကြောင်းယခုရာသီသည်၊ မိုးရာသီစပ်ကူး၊မတ်ကူး၊ကာလမို့ အခက်အခဲများစွာရှိနေကြောင်း ရပ်ကွက်နေပြည်သူများမှပြောုကား ထားပါသည်။ဤအမိန့်ကြေငြာ စာထွက်ပြီးနေ့ပါ၊ဒုက္ခရောက်အိမ်ခြေ (၃၀၀)ခန့်ရှိ/ပြည်သူများ၏ရင်ဖွင့် သံများအားတင်ပြလိုက်ပါသည်။
ဦးအောင်သန်း
ကျူးကျော်ဆိုတာသူတို့ရောက် လာမှသိရတာပါ၊ကျွန်တော်တို့က နယ်ဖက်ကလာကြတယ်၊ဒီမှာနေရ ဖို့အုပ်ချုပ်ရေးမှူးဆီမှာစပေါ် ၃၀၀၀၀နဲ့တစ်လကို၂၀၀၀ပေးရတယ်၊ မြေငှားပေးထားတာပေါ့၊အခုချက် ချင်းကြီးပြောင်းဖို့ဆိုတာလုံးဝမဖြစ် နိုင်ပါဘူး၊ကျောင်းသားတွေရှိတယ်၊ မိုးထဲလေထဲဖြစ်နေပါတယ်၊သီတင်း ကျွတ်တို့၊တန်ဆောင်မုန်းလောက် ထိပဲစောင့်ပေးပါဆိုတာကိုမရဘူး၊ဆယ် အိမ်မှူး၊ရာအိမ်မှူးတွေကိုမေးမြန်း ကြည့်တယ်၊အခက်အခဲရှိတယ်တင် ပြပါရစေလို့ပြောတော့၊ရှောင်တယ် ပဲပြောရမှာပေါ့ဗျာ၊သူတို့ပေးတဲ့စာ ရွက်မှာတော့အိုးအိမ်ကဖျက်ခိုင်း တယ်တဲ့၊အကြောင်းပြချက်ကတော့ သူဌေးမြေဖြစ်ပါတယ်၊စာမှာတော့ အစိုးရမြေပေါ့၊အားလုံးကတော့ ကြောက်နေကြတယ်၊ကျွန်တော် တို့ဆင်းရဲသားနင်းပြားပါပဲ၊ပိုက်ဆံ လဲမရှိတော့ပြောင်းဖို့လုံးဝမဖြစ်နိုင် လို့ပါ။
နော်ဖော်အေး
ဒီမှာကတစ်နေ့လုပ်မှတစ်နေ့ စားရတာပါ၊မိုးတွေလေတွေထဲမှာ နေရတာပါ၊ဒီလိုဒုက္ခရောက်နေတာ ကိုသူတို့ကလာဖျက်ခိုင်းတယ်၊ရွှေ့ ခိုင်းတယ်၊ဆောင်ရမယ်ဆိုရင်လည်း မြေနေရာကအဆင်သင့်မရှိဘူး၊အိမ် ရွှေ့ဖို့အတွက်ကုန်ကျစရိတ်၊အိမ် မြေနေရာတွေအဖို့ပိုက်ဆံမရှိသေး ဘူး၊လောလောဆယ်အဆင်မပြေ ကြတော့ဥက္ကဋ္ဌကိုသွားပြောကြတယ်၊ ပြန်ချိန်းလိုက်တယ်။စာလာပို့တဲ့ သူတွေကသတ်မှတ်တဲ့ရက်မှာဖျက် ရင်ဖျက်မဖျက်ရင်သူတို့ကလာဖျက် မယ်၊အဲဒီဖျက်တဲ့သူတွေကိုဒီကဆင်း ရဲသားတွေကလျော်ကြေးပြန်ပေး ရမယ်တဲ့။
စာရင်းလာကောက်တာနဲ့လက် မှတ်ထိုးခိုင်းတာ၊လက်မှတ်မထိုးတတ် ဖူးဆိုတော့စာရွက်လာဝေတဲ့သူတွေ ကအစားထိုးသွားတယ်၊ကိုယ်စား ထိုးတယ်ပေါ့၊သူတို့ကိုယ်တိုင်ထိုး ပြီးရုံးရောက်လို့ရှိရင်ကျွန်မမထိုးဘူး လို့မပြောနဲ့တဲ့၊မပြောရဘူးတဲ့သဘော မတူဘဲသူတို့ဘာသာလုပ်သွားတယ်။
ဦးမြရွှေ+ဒေါ်တင်ငွေ
အဘတို့ကဧရာဝတီတိုင်းက ပြောင်းလာတာပါ၊သားသမီးတွေ ကလည်းလက်လုပ်လက်စားတွေ၊ ဒီမြေမှာတော့အဘတို့နှစ်ယောက် မဲနေပါတယ်၊အဘကတောင်းလေး နှီးလေးယှက်ပါတယ်၊၀င်ငွေဆိုတာ ကတော့ဒီလိုယှက်လို့ရတာလေး ပေါ့။
ဒေါ်ညို
ပြောင်းဖို့ကတော့အဘွားတို့ လည်းပါတာပေါ့၊ကျိုက်လတ်ဆက် ကလာတာ၊မြေးတစ်ယောက်နဲ့နေ ပါတယ်၊မြေးလေးကလက်သမား လုပ်ပါတယ်၊၀င်ငွေကတစ်နေ့၃၀၀၀ လောက်တော့ရှိတယ်၊ပြောင်းခိုင်း တယ်လို့တော့ကြားတယ်၊ဘယ်ပြောင်း ရမ လဲတော့မသိပါဘူး၊အဲဒါလေး ကူညီနိုင်ရင်ကူညီကြပါဦးလို့၊ကိုယ့် မှာနေစရာကခက်ခဲ၊စားစရာကခက် ခဲနဲ့ပေါ့၊နေစရာကတော့ခဲယဉ်းနေ ပါတယ်၊အဘွားအသက်က၈၅နှစ် ရှိပါပြီ။
Hot News မှ ဖြစ်သည်။

Tags:
လူမှုရေး
Leave a comment