စီးပွားရေးအကြံပေးအဖွဲ့
ခေါင်းဆောင် ဒေါက်တာဦးမြင့်၏ `ရန်ကုန်တက္ကသိုလ်ရဲ့ အစဉ်အလာ ဂုဏ်သိက္ခာကို
ပြန်လည်တည်ဆောက်ရေး ပြည်သူသို့ အိတ်ဖွင့်ပေးစာ´နှင့်ပတ်သက်၍
နိုင်ငံတော်သမ္မတ၏ နိုင်ငံရေးအကြံပေးအဖွဲ့ ခေါင်းဆောင်
ဦးကိုကိုလှိုင်ခေါင်းဆောင်သည့် နိုင်ငံတော်သမ္မတ အကြံပေးအဖွဲ့က ရှင်းလင်းပွဲ
တစ်ရပ်အား ရန်ကုန်မြို့ ချင်းတွင်းလမ်းရျိ နိုင်ငံတော်သမ္မတ အကြံပေးအဖွဲ့ရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
ယင်းအိတ်ဖွင့်ပေးစာသည် ဦးမြင့်က ယင်း၏ ပုဂ္ဂလိကဆန္ဒအလျောက်သာ ရေးသားခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော်သမ္မတရုံး အနေဖြင့် ကြိုတင်သိရှိခြင်းလည်းမရှိ၊ နိုင်ငံတော်သမ္မတရုံး၏ သဘောထား တစ်စုံတစ်ရာ ထင်ဟပ်ခြင်းလည်းမရှိ ကြောင်း ရှင်းလင်းပွဲတွင် ဖော်ပြထားသည်။
`သဘောထားဆန္ဒတွေ ထင်ဟပ်ထားခြင်းမရှိဘူးဆိုလို့ ဆရာဦးမြင့်ပြောတဲ့ဟာတွေ နိုင်ငံတော်သမ္မတရုံးက လက်မခံ ဘူး၊ ကန့်ကွက်တယ်ဆိုတာမျိုးလည်း မဟုတ်ပါဘူး´ဟု ဦးကိုကိုလှိုင်က ရှင်းလင်းပွဲတွင် ပြောကြားသွားသည်။
ရှင်းလင်းပွဲသို့ နိုင်ငံတော်သမ္မတ၏ နိုင်ငံရေးအကြံပေးများဖြစ်သည့် ဦးကိုကိုလှိုင်နှင့် ဒေါက်တာနေဇင်လတ်တို့ တက်ရောက်ကြပြီး ဥပဒေအကြံပေးများအနေဖြင့် အဖွဲ့ခေါင်းဆောင် ဦးစစ်အေးနှင့် ဒေါ်ခင်မျိုးမြင့်တို့ တက်ရောက်ကြ သည်။
7day မှ ဖြစ်သည်။

Tags:
ကြေငြာချက်
Leave a comment