 |
ပြောစရာမရှိဘူးဆိုတဲ့ သက်မွန်မြင့် |
သက်မွန်မြင့်က
ပြင်ဦးလွင်မှာ ရက်၂ဝ ကျော်ကြာ ဗီဒီယို၅ကားရိုက်ကူးခဲ့ပြီး ဗိုလ်ကလေး
တင့်အောင် နှစ်၉ဝပြည့်ပွဲမှာ ပြဇာတ်ကဖို့ အမီပြန်ရောက်လာ ခဲ့တယ်လို့
ပြောပါတယ်။ ပြဇာတ်ကို ပထမဆုံးကဖြစ်တဲ့ သက်မွန်မြင့်က တအားစိတ်လှုပ်ရှား
ပြီးကြောက်ခဲ့တယ်လို့ ပြောပါတယ်။ ပရိသတ်တွေ လက်ခံအားပေးလာတဲ့နောက်
ပိုင်းမှာ ပိုပြီးကြိုးစားရသလို ပိုပြီးထိန်းသိမ်းလာရတယ်လို့ ဆိုလာတဲ့
သက်မွန်မြင့် က”အသစ်တုန်းက မတတ်တာတွေ၊ နားမလည်တာတွေကို ကြိုးစားရတယ်။
ပြော တာတွေကို သိအောင်လုပ်ရတယ်။ ပရိသတ်လက်ခံလာတော့လည်း အားပေးရကျိုးနပ်
အောင် ကြိုးစားရတယ်။ အသစ်တုန်းကတော့ နားလည် ခွင့်လွှတ်ပေးတာတွေ ရှိသေးတယ်။
နောက်ပိုင်းကျတော့ လုပ်တတ်တာပဲဆိုပြီး ရှိတယ်။ မတူဘူးပေါ့။ တချို့ ကျတော့
ကိုယ့်ကို သိပ်မလိုချင်တာတွေလည်းရှိတယ်။ အမျိုးမျိုးပေါ့။ လူတွေ
အကြောင်းပိုသိလာရတယ်။ ရိုက်လာရတာနဲ့အမျှ ဒါရိုက်တာလည်းပိုခိုင်းလာကြ တယ်။
အဲဒီအပေါ်မှာ ကိုယ်ကလည်း တာဝန်ကျေ ချင်တော့ ပိုကြိုးစားတယ်။ ပိုပင်ပန်း
တာပေါ့။ အတတ်နိုင် ဆုံး ဇာတ်လမ်းရွေးပြီးရိုက်တယ်။ ဒါပေမဲ့ တစ်ခါတလေ
အခြေအနေ၊ အချိန်အခါ၊ အကြောင်းအမျိုးမျိုးတွေရှိ တယ်။ ရတဲ့အခွင့်အရေးကို
အကောင်းဆုံးလုပ်ပါ တယ်”လို့ ပြောပြပါတယ်။သက်မွန်မြင့်ရဲ့ လတ်တလော
အချစ်ရေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေက စိတ်ဝင်စားနေတာကြောင့် အချစ်ရေးကို မေး
ကြည့်တဲ့အခါမှာတော့..”အမှန်ကတော့ ဒီအရွယ်ဆို ပြောပြလို့ရသင့်ပြီ။ ဒါပေမဲ့
ပြောစရာမရှိတော့ခက် နေတာလေ။ အထင်ကြီး သလို ဖြစ်ပါစေလို့ဆုတောင်းပါတယ်”
လို့လည်း ပြောပြခဲ့ပါတယ်။
 |
Thet Mon Myint |
Popular Myanmar မှ ဖြစ်သည်။
These icons link to social bookmarking sites where readers can share and discover new web pages.
Leave a comment