ယနေ့ည ၇နာရီ ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံးတွင် ၀န်ကြီးချုပ် ဦးမြင့်ဆွေ
ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ရခိုင်အရေးနှင့် ပတ်သက်၍ မီဒီယာများ
ဥပဒေနှင့်အညီရေးသားကြရန်၊ အကယ်၍ မိမိ၏ ရေးသားဖေါ်ပြချက်များသည်
လူမျိုးတမျိုးနှင့်တမျိုးကို အထင်မြင်လွဲမှားစေသည့်
ရေးသားဖေါ်ပြချက်များဖြစ်ပါက ပုဒ်မ ၅၀၅ (ခ) ...နိုင်ငံတော်အစိုးရကိုဖြစ်စေ နိုင်ငံတော်ငြိမ်ဝပ်ရေးကို ဖြစ်စေထိခိုက်သည့် ပြစ်မှုဖြင့် အရေးယူနိုင်သည်ဟု သတိပေးပြောကြားခဲ့သည်။
ယခုတပတ် လျှပ်တပြက်သတင်းဂျာနယ်ကို နမူနာအဖြစ် ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်က ပြသခဲ့သည်ဟုလည်း သိရသည်။
ယခုတပတ် လျှပ်တပြက်သတင်းဂျာနယ်တွင် နိုင်ငံပိုင်မီဒီယာ မှားယွင်းဖေါ်ပြမှု မည်သူတာဝန်ယူမည်နည်းဆိုသည့် ခေါင်းစဉ်ဖြင့်သတင်းဖေါ်ပြချက်များ
ပါရှိသကဲ့သို့ ကျောက်နီမော် အဖြစ်အပျက်ကို မသီတာထွေး၏ ဓါတ်ပုံနှင့်
နိုင်ငံပိုင် သတင်းစာဖေါ်ပြချက်ကို ကူးယူဖေါ်ပြထားသည်ကိုတွေ့ရသည်။
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဋ္ဌာနဒုညွှန်ချုပ် ဦးတင့်ဆွေကလည်း အပတ်စဉ်ထုတ်ဂျာနယ်များအနေဖြင့် ရခိုင်အရေးကိစ္စများနှင့် ပတ်သက်သည့် ရေးသားဖေါ်ပြရာတွင် စာပေစိစစ်ရေးကို တင်ပြပြီး ခွင့်ပြုမှသာဖေါ်ပြကြရန်နှင့် မလိုက်နာပါက ပုံနှိပ်ဥပဒေနှင့် အရေးယူမည်ဖြစ်ကြောင်း သတင်းမီဒီယာများအား ခေါ်ယူအသိပေးခဲ့သည်။
Copy From YPI
ယခုတပတ် လျှပ်တပြက်သတင်းဂျာနယ်ကို နမူနာအဖြစ် ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်က ပြသခဲ့သည်ဟုလည်း သိရသည်။
ယခုတပတ် လျှပ်တပြက်သတင်းဂျာနယ်တွင် နိုင်ငံပိုင်မီဒီယာ မှားယွင်းဖေါ်ပြမှု မည်သူတာဝန်ယူမည်နည်းဆိုသည့် ခေါင်းစဉ်ဖြင့်သတင်းဖေါ်ပြချက်မျ
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဋ္ဌာနဒုညွှန်ချုပ် ဦးတင့်ဆွေကလည်း အပတ်စဉ်ထုတ်ဂျာနယ်များအနေဖြင့် ရခိုင်အရေးကိစ္စများနှင့် ပတ်သက်သည့် ရေးသားဖေါ်ပြရာတွင် စာပေစိစစ်ရေးကို တင်ပြပြီး ခွင့်ပြုမှသာဖေါ်ပြကြရန်နှင့် မလိုက်နာပါက ပုံနှိပ်ဥပဒေနှင့် အရေးယူမည်ဖြစ်ကြောင်း သတင်းမီဒီယာများအား ခေါ်ယူအသိပေးခဲ့သည်။
Copy From YPI

Tags:
သတင်း
Leave a comment