ရခိုင်ပြည်နယ်တွင် ဖြစ်ပွားလျှက်ရှိသည် ဆူပူအကြမ်းဖက်မှုများမှာ
ပိုမိုများပြားကျယ်ပြန့်လာပြီး ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ (၁၄၄)
ထုတ်ပြန်ဆောင်ရွက်ရုံဖြင့် ရခိုင်ပြည်နယ်အတွင်း အုပ်ချုပ်ရေး
ဆောင်ရွက်နိုင်စွမ်းမရှိသည်ကို တွေ့ရကာ ပြည်သူများ၏ လုံခြုံရေးနှင့်
တည်ငြိမ်အေးချမ်းစွာ ပြန်လည်နေထိုင်နိုင်ရေးကို အမြန်ဆုံး အကောင်အထည်...ဖေါ်
ဆောင်ရွက်ပေးနိုင်စေရန် အတွက် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၁၂ (က) အရ ရခိုင်ပြည်နယ်အား အရေးပေါ်
အခြေအနေ ကြေညာလိုက်သည်ဟု ပါရှိသည်။
ယင်းကြေညာချက်တွင် အပိုဒ် ၅ ပိုဒ်ပါရှိပြီး အပိုဒ် (၃) အုပ်ချုပ်ရေး တည်ငြိမ်ရေး တာဝန်ထမ်းဆောင်ရာတွင် တပ်မတော်၏ အကူအညီကိုရယူရမည်ဟုလည်း ပါရှိသည်။
အပိုဒ် (၄) တွင် ယခုအမိန့်သည် နောက်အမိန့်တစုံတရာမထုတ်ပြန်မချင်း အတည်ဖြစ်သည်ဟု ဖေါ်ပြထားသည်။
အပိုဒ် (၅) တွင် ဤ အမိန့်သည် ဥပဒေကဲ့သို့ အာဏာတည်စေရမည်ဟုဖေါ်ပြ၍ သမ္မတဦးသိန်းစိန်က လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်သည်ကို တွေ့ရသည်။
သမ္မတ၏ လုပ်ပိုင်ခွင့်ဖြင့် ထုတ်ပြန်လိုက်သည့် ဥပဒေကဲ့သို့ အာဏာတည်စေသည့် ယခုအမိန့်သည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အရပ်သား အစိုးရတက်လာပြီးနောက် ပထမဆုံး ထုတ်ပြန်သည့် အရေးပေါ် အခြေအနေလည်း ဖြစ်သည်။ ။
Copy From YPI
ယင်းကြေညာချက်တွင် အပိုဒ် ၅ ပိုဒ်ပါရှိပြီး အပိုဒ် (၃) အုပ်ချုပ်ရေး တည်ငြိမ်ရေး တာဝန်ထမ်းဆောင်ရာတွင် တပ်မတော်၏ အကူအညီကိုရယူရမည်ဟုလည်း ပါရှိသည်။
အပိုဒ် (၄) တွင် ယခုအမိန့်သည် နောက်အမိန့်တစုံတရာမထုတ်ပြန်မချ
အပိုဒ် (၅) တွင် ဤ အမိန့်သည် ဥပဒေကဲ့သို့ အာဏာတည်စေရမည်ဟုဖေါ်ပြ၍ သမ္မတဦးသိန်းစိန်က လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်သည်ကို တွေ့ရသည်။
သမ္မတ၏ လုပ်ပိုင်ခွင့်ဖြင့် ထုတ်ပြန်လိုက်သည့် ဥပဒေကဲ့သို့ အာဏာတည်စေသည့် ယခုအမိန့်သည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အရပ်သား အစိုးရတက်လာပြီးနောက် ပထမဆုံး ထုတ်ပြန်သည့် အရေးပေါ် အခြေအနေလည်း ဖြစ်သည်။ ။
Copy From YPI

Tags:
ကြေငြာချက်
Leave a comment