မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အဖွဲ့ချုပ် ရုံးအတွင်း
ထိုင်းခရီးစဉ်နှင့်ပတ် သက်သည့် သတင်းစာရှင်းလင်းပွဲ ကို ဇန်န၀ါရီလ ၆ရက်
၂၀၁၂ တွင် ကျင်းပခဲ့သည်ဟုသိရသည်။
ပြီးခဲ့တဲ့ သီတင်းပတ်ကသွား ရောက်ခဲ့သည့်ထိုင်းခရီးစဉ်အပေါ် ကျေနပ်အားရိမိကြောင်းနှင့် ထိုင်း -မြန်မာ ဆက်ဆံရေးပိုကောင်း အောင် ကြိုးစား သွားချင်ပါသည် ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည်ကပြောသည်ဟုဆိုသည်။ သမ္မတ ဦးသိန်းစိန်၏ ထိုင်းခရီး စဉ် ဖျက်လိုက်တာကလည်းသူ၏ ခရီးစဉ်နှင့် သက်ဆိုင်သည်ဟု မ ယူဆသည့်အကြောင်းပြောသည် ဟုသိရသည်။
မေလ ၂၉ရက်နေ့ကနေ ဇွန် လ ၃ရက်နေ့အထိ သွားရောက်ခဲ့ သည့် ထိုင်းနိုင်ငံခရီးစဉ်နှင့်ပတ် သက်ပြီး နောက်ဆက်တွဲထွက် ပေါ်နေသည့် သတင်းများနှင့် ပတ်သက်၍ရော မကြာခင်မှာ သွားတော့မည့် ဥရောပခရီးစဉ် များအပါအ၀င် အကြောင်းအရာ တော်တော်များများကို ဇွန်လ ၆ ရက်နေ့က NLD ရုံးချုပ်မှာ ပြု လုပ်သည့် သတင်းစာရှင်းလင်းပွဲ အတွင်း ဒေါ်အောင်ဆန်းစုကြည် ကပြောဆိုဖြေကြားခဲ့သည်ဟု သိ ရသည်။
““ထိုင်းခရီးစဉ်နဲ့ပတ်သက်လို့ ကတော့ ကျွန်မအနေနဲ့ကတော့ အင်မတန်မှ ကျေနပ်တယ်လို့ ပြောရမှာပဲ။ ထိုင်းနိုင်ငံသူ၊ နိုင်ငံ သားများနဲ့ ထိုင်းအစိုးရကကျွန်မ ကို ကြိုဆိုနေတဲ့နေရာမှာ အင်မ တန်မှ နွေးနွေးထွေးထွေးရှိတယ်။ အားလုံး လိုလေသေးမရှိအောင် လို့ ကျွန်မကို ပြုစုသွားပါတယ်။ သူတို့လုပ်ပေးတဲ့ အစီအစဉ်တွေ ကိုလည်း အားလုံးကျွန်မကျေနပ် ပါတယ်။ အခုဆိုလို့ရှိရင် ဘယ်လို အစီအစဉ်တွေကို ဘယ်လိုကြောင့် ပြောင်းရတယ်၊ ဘာတယ်ဆိုတာ တွေ ပြောနေတဲ့သူတွေရှိတာပေါ့ နော်။ ဒါပေမယ့် ကျွန်မအနေနဲ့ ထိုင်းအစိုးရက လုပ်ပေးတဲ့ အစီ အစဉ်ဟာ အင်မတန်မှ အဆင် ပြေတယ်လို့ ထင်ပါတယ်။ အဓိ က ကျွန်မပြောချင်တာကတော့ ကျွန်မတို့ ထိုင်းနိုင်ငံကို ကျေးဇူး တင်တယ်။ ထိုင်းနိုင်ငံနဲ့ မြန်မာ နိုင်ငံကြားမှာပိုပြီးတော့ ဆက်ဆံ ရေးတွေ ကောင်းသွားအောင်လို့ ကျွန်မအနေနဲ့ ကြိုးစားသွားချင် တယ်။ ထိုင်းနိုင်ငံရဲ့ အဓိက အ ကြောင်းအရာက ကမ္ဘာ့စီးပွားရေး ဖိုရမ် ဆွေးနွေးပွဲကို တက်ရောက် ဖို့ဖြစ်ပြီး ခရီးစဉ်အတွင်း မြန်မာ ရွှေ့ပြောင်း အလုပ်သမားအရေး နဲ့ ဒုက်္ခသည်တွေကိုလည်း ကျေ ကျေနပ်နပ်လုပ်ဆောင်နိုင်ခဲ့တယ်။
ကျွန်မကတော့ ကျွန်မတို့ နိုင်ငံရဲ့ အခြေအနေတွေနဲ့ပတ် သက်လို့ ကျွန်မမြင်တဲ့အတိုင်းပဲ ပွင့်ပွင့်လင်းလင်း ပြောခဲ့တယ်။ တချို့ကလည်း ဒါကို သိပ်မကျေ နပ်ဘူးလို့ ကျွန်မကြားပါတယ်။ ဒါပေမယ့် ကျွန်မပြောခဲ့တဲ့ ကိစ်္စ တွေအားလုံးဟာ အခုဘယ်လို အနေအထားမှာရှိနေပြီလဲဆိုတာ ကို မှန်မှန်ကန်ကန် သုံးသပ်နိုင်မှ ပြုပြင် ပြောင်းလဲရေးခြေလှမ်း တွေကို မှန်မှန်ကန်ကန်ယူနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မ ပွင့်ပွင်လင်းလင်းနဲ့ ကျွန်မမြင်တဲ့ အတိုင်းပဲ ပြောခဲ့တာပါ””
သမ္မတဦးသိန်းစိန်သည် ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်နှင့် တစ်ချိန်တည်းမှာပင် ကမ္ဘာ့စီးပွား ရေးဖိုရမ်တက်ရန်နှင့် ထိုင်းနိုင်ငံ ခရီးစဉ်တွေ ရှိခဲ့တာဖြစ်သော် လည်း နှစ်ခုလုံးကို ဖျက်ပစ်ခဲ့ ကြောင်း၊ ထိုကိစ္စနှင့်ဒေါ်အောင် ဆန်းစုကြည်က မြန်မာဘာသာ နှင့်ဖြေကြားစဉ်မှာ ခရီးစဉ်ဘာ ကြောင့် မဖြစ်သလဲဆိုတာ သူမ သိသလို သမ္မတကိုယ်တိုင် ဖြေရ မည့် မေးခွန်းတွေသာဖြစ်သည်ဟု ဖြေဆိုကြောင်း၊ မြန်မာနိုင်ငံမှ တစ်ယောက်ယောက် မပျော်မရွှင် ဖြစ်အောင် တစ်ခုခုလုပ်သည်ဟု ကျွန်မ မထင်ကြောင်း၊ သူလုပ်ခဲ့ တာက ရွှေ့ပြောင်းအလုပ်သမား များကို တွေ့ပြီး ထိုကိစ္စအတွက် တာဝန်ရှိသူသည့် ထိုင်းတာဝန်ရှိ သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်၍ နှစ်ဘက်အကျိုးရှိစေမည့် ကိစ်္စရပ်များကို ဆွေးနွေးခဲ့ကြောင်း၊ မယ်လစခန်းတွင် ဒုက္ခသည်များ နှင့် သွားတွေ့ခဲ့စဉ်မှာလည်း အ လွန်အကျိုးရှိသည့် ဆွေးနွေးပွဲများ လုပ်ခဲ့ကြောင်း၊ သူလုပ်ခဲ့ခြင်းများ သည် မြန်မာလူထုကို တစ်နည်း နည်းနှင့် ပြောင်းပြန်အကျိုးသက် ရောက်စေမည်ဟုမထင်ပါကြောင်း၊ သူတွေ့ခဲ့ရသည်က ထိုင်းတာဝန် ရှိသူများနှင့် ထိုင်းလူထုမှ ဘယ် လောက်နားလည်မှုရှိပြီး ဘယ် လောက်ပူးပေါင်းဆောင်ရွက်မှုရှိ သည်ဆိုတာသာဖြစ်သည်ဟုဒေါ် အောင်ဆန်းစုကြည်ကဖြေခဲ့ကြောင်း သိရသည်။
Hot News မှ ဖြစ်သည်။

Tags:
သတင်း
Leave a comment