ယမန့်နေ့ညက ရန်ကုန်နှင့်နယ်မြို့ အချို့တွင် ရဲသတင်းတပ်ဖွဲ့မှ လာရောက်ခေါ်ဆောင်သွားခြင်းခံရသည်
့
ကျောင်းသားခေါင်းဆောင်များ လွန်ခဲ့သည့် မိနစ်အနည်းငယ်က လွတ်မြောက်ပြီး
မိဘအသီးသီးက ၎င်းတို့နေအိမ်သို့ ခေါ်ဆောင်သွားကြသည်ဟု ၈၈ မျိုးဆက်ကျောင်းသား
ရုံးခန်းမှ အတည်ပြုပြောဆိုသည်။
၈၈ မျိုးဆက်ကျောင်းသား ရုံးမှ တာဝန်ရှိသူတဦးက “ရန်ကုန်က ၄ ယောက် လားရှိုးက ၅ ယောက်အဆက်အသွယ်ရပြီးပါပြီ၊ သူတို့ကို ရဲမှူးတွေက ကျောင်းသားသမဂ္ဂကိစ္စ၊ ဆဲဗင်း ဇူလိုင်ကိစ္စတွေ မေးတယ်လို့ပြောတယ်။ တယောက်က ည ၂နာရီ၊ တယောက်က မနက် ၄ နာရီထိမေးတယ်လို့ပြောတယ်၊ မေးတာတော့ အေးအေးဆေးဆေးပါပဲတဲ့” ဟုပြောသည်။
မကြာမီ အချိန်တွင်း ရန်ကုန်မှ လွတ်မြောက်လာသည့် ကျောင်းသားခေါင်းဆောင်များ အနေဖြင့် ၎င်းတို့ရုံးခန်းသို့ လာရောက်ရန်ရှိကြောင်းလည်း YPI သို့ပြောသည်။ ရုံးခန်းတွင် ၎င်းတို့ကို ကြိုဆိုရန် ကိုမင်းကိုနိုင်လည်း ရှိနေသည်ဟု ပြောဆိုသည်။ ။
Copy From Yangon Press International

Tags:
သတင်း,
နိုင်ငံရေး
Leave a comment