သမိုင်းဆိုတာမေ့ဖျောက်လို့မရ
ကျွန်တော်မန္တလေးကိုရောက်တော့ ၈၈ မျိုးဆက်ကျောင်းသားများရဲ့
ရဲဘော်ရဲဘက်ဟောင်းတွေနဲ့ ပြန်ဆုံမိပါတယ်။ အဲဒီမှာပဲ စကားလက်ဆုံကြမိတယ်။
အဓိကတွေကတော့ အများကြီးပါပဲ….။ အဲဒီ့ထဲက အချက်အလက်တချို့ ဆွဲထုတ်ပြရရင်
အထက်မြန်မာပြည်မှာ ဒီမိုကရေစီအင်အားစုတွေဟာ သူ့အစုနဲ့သူ တည်ရှိနေကြတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၀) ကျော်လောက်ကတည်းက ဘယ်သူတွေဟာ ၈၈၈၈
အရေးတော်ပုံကြီးမှာ ဘယ်လိုလုပ်ခဲ့တယ်၊ ဘယ်လောက်လုပ်ခဲ့ကြတယ် ဆိုတဲ့
သမိုင်းကို ဘယ်သူကမှ ပစ်ပယ်လို့မရပါဘူး။ ခုလိုပွင့်လင်းလာတဲ့အချိန်မျိုး
မှာ
နာမည်ကြီးတွေနဲ့ မိတ်ဆွေဖြစ်ချင်တာတွေ၊ နာမည်ကြီးတွေကို
ထောက်ပံ့ချင်တာတွေနဲ့ နာမည်ကြီးတွေကို အမှီသဟဲပြုပြီး ကိုယ့်ရဲ့
နိုင်ငံရေးပုံရိပ်တစ်ခုကို အတင်းတည်ဆောက်ချင်တာတွေကို တွေ့ရတယ်။
လူထုခေါင်းဆောင်ဆိုတာ
ကျွန်တော့်အမြင်ကတော့ လူထုခေါင်းဆောင်ဆိုတာ အဲဒီလိုလုပ်ယူလို့မရဘူးဆိုတာ
ရှင်းပါတယ်။ မိမိသည် ဒီမိုကရေစီအရေးတော်ပုံကြီးတလျှေ
ာက်လုံးမှာ
ဘာတွေလုပ်ခဲ့သလဲ၊ ဘယ်လောက်ပေးဆပ်ခဲ့သလဲ၊ ထောင်ကျ တာချင်းအတူတူ
အကျဉ်းထောင်အသီးသီးမှာ ဘယ်လိုလေ့လာမှုတွေလုပ်ခဲ့ရသလဲ၊ တိုင်းပြည်ရဲ့
အချိုးအကွေ့ အလှည့်အပြောင်းမှာ ပြည်သူလူထုဘက်ကနေပြီး မားမားမတ်မတ်
ဘယ်လိုရပ်တည်ပေးခဲ့သလဲ ဆိုတဲ့ စံနှုန်းတွေပေါ်မှာ အခြေခံတယ်လို့မြင်မိတယ်။
နိုင်ငံရေးဆိုတာ ဒါကြီးလား
အားလုံးသိပြီးသားတွေထဲကပဲပြော
ရရင် အရင်အခြေအနေတုန်းက
လက်ဘက်ရည်ဆိုင်မှာတောင် နိုင်ငံရေးကို ပြောခွင့်မရခဲ့ဘူး။
နိုင်ငံရေးလုပ်ရင်ဖမ်းတယ်၊ နိုင်ငံရေးလုပ်ရင် အပိုအလုပ်လို့သတ်မှတ်ကြတယ်။
နိုင်ငံရေးသမား ထောင်ထွက်ဆိုရင် ဘယ်သူကမှအရေးတယူမလုပ်ခဲ့ဘူး။ အဲဒီသူတွေကပဲ
ဒီကနေ့ နိုင်ငံရေး အခင်းအကျင်းတစ်ခုမှာ နိုင်ငံရေးသမားထောင်ထွက်တွေနားကို နည်းမျိုးစုံနဲ့ချည်းကပ်တယ်။ လိုအပ်တာတွေကို အတင်းကာရောထောက်ပံ့တယ်။ ကျေးဇူးမတင်တင်အောင်လုပ်ကြတယ်။ သူတို့ကို အသိအမှတ်ပြုအောင်၊ သတိထားမိအောင်လုပ်ကြတယ်။ ဓာတ်ပုံတစ်ပုံတွဲရိုက်ခွင့်ရဖို
ဖြစ်ချင်ဦးဟဲ့ သတင်းစာဆရာ
ကိုယ်တိုင်ကလည်း အမြင်မတော်ရင်ပြောချင်ဆိုချင်ေ
နတာဆိုတော့
တချို့ကလည်းမေးကြတယ်။ စာမရေးတာ ကြာလို့တဲ့။ ကျွန်တော်ကိုယ်တိုင်လည်း
ရေးချင်၊ ပြောချင်နေတာဆိုတော့ အချိန်ကိုလု၊ စာဖတ်ချိန်ကိုပြန်ပေး ရတယ်။
စာရေးတယ်ဆိုတာမှာလည်း ကိုယ်ဖြစ်ချင်တာကို အတင်းကာရော ခွရေးနေလို့လည်း
မဖြစ်ဘူး။ လက်ရှိပြောင်းလဲနေတဲ့ ခေတ်အခြေအနေ၊ သတင်းဂျာနယ်တွေ၊
သဘာဝဘေးအန္တရာယ်ကိစ္စ၊ အလုပ်သမား၊ လယ်သမား၊ လူထုလူတန်းစားအသီးသီးရဲ့ အသံတွေ၊
အကျင့်ပျက်ခြစားမှုတွေ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတွေ အစရှိတာတွေကို
ကိုယ်ကိုယ်တိုင်ကလည်း တီးမိ၊ ခေါက်မိရှိထားရသေးတယ်။ တခါတလေ
သတင်းစာဆရာဖြစ်ချင်တာက မလွယ်ပါလားလို့တွေးမိပြီး သူများတွေလို ပင်နီလေးဝတ်၊
ကချင်လေးဝတ်၊ လည်ကတုံးလေးနဲ့၊ ယောပုဆိုးလေးနဲ့ ရင်ဘတ်မှာ
ကြုံရာတံဆိပ်တပ်ပြီး ပေါက်ကရလျှောက်လုပ်ရရင်တောင် ဒီလောက်ပင်ပန်းမှာ
မဟုတ်ဘူးလို့ တွေးမိသား။
မဲလိမ်တောင်းဖို့မစဉ်းစားနဲ့တော
့
ဒီတခါတော့ တိုင်းဒေသကြီးတွေနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေရဲ့အကြော
င်း
တီးမိခေါက်မိသလောက် ပြောကြည့်မယ်။ ဒီကနေ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း
ပြည်ထောင်စုအစိုးရသည် တိုင်းဒေသကြီးအစိုးရနဲ့ ပြည်နယ်အစိုးရတွေကို
အာဏာခွဲဝေအပ်နှင်းတယ်လို့ သိထားတယ်။ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ အကြီးဆုံး
ဖြစ်တဲ့ နိုင်ငံတော်သမ္မတကြီးကတောင် လမ်းညွှန်ချက်တွေ၊ ထုတ်ပြန်ချက်တွေ ၊
ညွှန်ကြားချက်တွေ၊ မိန့်ခွန်းတွေထဲမှာ ရှိပြီးသားပါ။ ဒါတောင်
တိုင်းဒေသကြီးတွေနဲ့ပြည်နယ်အစိုးရအဖွဲ့တွေ ဘယ်လောက်လိုက်နာ နေပြီလဲ၊ ဘယ်လောက်အလုပ်လုပ်နေပြီလဲဆိုတာ အကဲဖြတ်ရမှာဖြစ်တယ်။ ဒီနေရာမှာ အထူးပြောချင်တာ ကတော့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရဲ့ ၀န်ကြီးချုပ်နဲ့ပြည်နယ်အစိုး
ဒါတွေလဲရှိနေသေးတယ်
ကျွန်တော်တို့ပြည်သူတွေသနားဖို့
ကောင်းတဲ့ကိစ္စတွေကျန်ပါသေးတယ်။
စနစ်ဟောင်းကခေါက်ရိုးကျိုးနေတဲ့ အတွေးအခေါ်တွေရှိနေတဲ့အတွက် ပြည်သူလူထုဟာ
ဘယ်သူ့ကိုအဖေခေါ်ရမှန်းမသိဖြစ်ဖြစ်လာတယ်။ ဒီကနေ့ ဒေသအသီးသီးမှာ မတရားမှုတွေ၊ ခေါင်းပုံဖြတ်မှုတွေ၊ ကျေးရွာတစ်ရွာရဲ့ မီးလင်းရေးကော်မတီက ဘာကောင်၊ ညာကောင်ဆိုသူတွေက ပြည်သူတွေရဲ့ပိုက်ဆံတွေကို မတရားခေါင်းပုံဖြတ်မှုတွေဟာ ကျန်ရှိနေသေးတယ်။ ကျေးရွာလူထုဘက်ကကြည့်ရင် ခံပြင်းစရာလဲကောင်း၊ သနားစရာလဲကောင်း၊ တတ်သိနားလည်တဲ့သူတွေက တိုင်လို့ရတယ်ဆိုလို့သာ တိုင်လို့ရတဲ့ဌာနတွေဆီကို တိုင်စာတွေရောက်လာကြတယ်။
တိုင်စာတွေရဲ့အခန်းကဏ္ဍ
အစိုးရတရပ်အနေနဲ့မိမိတာဝန်ယူေ
နစဉ်ကာလမှာ အောက်ခြေရပ်ကွက်၊ကျေးရွာ၊
ကျေးရွာအုပ်စုတွေအထိတော့ မိမိတို့ရဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်ကို
လက်တံရှည်ရှည်ထားကြတယ်။ ဒါပေမယ့် ပြည်သူလူထုရဲ့ တိုင်ကြားစာတွေကို
ဖြေရှင်းပေးဖို့ကြတော့ ကော်မတီအဆင့်ဆင့်တွေကို
အောက်ခြေအထိဘာကြောင့်မထားတာလဲ၊ ထားသင့်သလား၊ မထားသင့်ဘူးလား၊ ဒါက
မေးစရာဖြစ်လာတယ်။ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် တွေကကော
အသနားခံတိုင်စာကော်မတီတွေတော့ ရှိပါရဲ့ ဘယ်လောက်အထိ အရေးယူဆောင်ရွက်မှုတွေ
ရှိနေပြီလဲဆိုတာ မေးခွန်းထုတ်စရာပါ။ အစိုးရအနေနဲ့ ပြည်သူလူထုအသံကို
အမှန်တကယ်ကြားချင်တယ်ဆိုရင် သမာသမတ်ရှိတဲ့၊ သမိုင်းရှိတဲ့ လူကြီးတွေနဲ့
အောက်ခြေကစပြီး တိုင်စာကိစ္စတွေကို တခုချင်း မှန်မှန်ကန်ကန် တိတိကျကျ
စုံစမ်း၊စစ်ဆေး၊ အရေးယူဆောင်ရွက်မှုတွေကို လုပ်သင့်ပါတယ်။ ဒါမှလည်း
ပြည်သူလူထုက ယုံကြည်တဲ့ အစိုးရတရပ်ဖြစ်လာမယ်။ အစိုးရရဲ့
လုပ်ငန်းဆောင်တာတွေကို ပြည်သူလူထုကလည်း တတပ်တအား ပါဝင်လာမယ်။
လွှတ်တော်ရေးရာကော်မတီတွေကလည်း မိမိတို့တာဝန်ယူထားတဲ့ အချိန်မှာ
ပြည်သူလူထုကို ဘယ်လောက်အထိ ပွင့်လင်းမြင်သာမှုရှိနေပြီလဲဆိုတာ ပြန်လည်ဝေဖန်သုံးသပ်ပြီး လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်သင့်ပြီလို့ အကြံပေးချင်တယ်။ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ကာလဖြစ်နေလို့ တတ်သလောက်၊ မှတ်သလောက် ပြောကြည့်တာပါ။
ပွင့်လင်းမြင်သာမှုဆိုတာ
ဒီစကားလုံးကြားဖူးတာ ကာလသိပ်မကြာသေးပါဘူး အဖွဲ့အစည်းတွေအချင်းချင်း ကွဲကြ၊
ပြဲကြဖြစ်ကြရတဲ့ အဓိကအကြောင်းဟာ အချင်းချင်းပွင့်လင်းမြင်သာမှုအာ
းနည်းတယ်ဆိုတဲ့
အချက်ကိုတွေ့ရတယ်။ ကျွန်တော်တို့လူမျိုးတွေဟာ သိပ်ကိုအားနာတတ်ပါတယ်။
အားနာမှုနဲ့အတူ ငါက ဒီလိုပြောလိုက်ရင် သူကငါ့ကို ဘယ်လိုထင်သွားမလဲဆိုတဲ့
အတွေးကနေပဲ ပွင့်လင်းမြင်သာမှုနဲ့ ဝေးဝေးလာတယ်။ အဲဒါကြောင့် တော်ရုံတန်ရုံ
ပွင့်လင်းမြင်သာမှုဆိုတဲ့ စကားလုံးဟာ ဒီမိုကရေစီရဲ့ကျင့်စဉ်တစ်ခုဖြစ်နေပေမယ့် ကျွန်တော်တို့လူမျိုးတွေနဲ့ တော့ အလှမ်းဝေးသထက် ဝေးလာသလို ခံစားရတယ်။ မိမိအဖွဲ့ရဲ့ ခေါင်းဆောင်ကို မိမိကလည်း မိမိသိချင်တာ မေးရမယ်၊ ပြောချင်တာပြောရမယ်။ ခေါင်းဆောင်ကလည်း မိမိကို မကြိုက်တာကို ဒဲ့ပြောရမယ်။ လိုအပ်တာကိုလည်း ပြုပြင်ဖို့ ပြောရမယ်။ ဒါဆိုမိမိနဲ့ မိမိအဖွဲ့ကခေါင်းဆောင်နဲ့ဆိုတာ တသားတည်းဖြစ်သွား မယ်။ ရှေ့ဆက်ပြီးအလုပ်လုပ်ရတာဟာ အဆင်ပြေချောမွေ့မယ်၊ လုပ်ငန်းတွေ အောင်မြင်မယ်။ အဲလိုမှမဟုတ်ဘူး။ လူကြားထဲမှာ ပြောတာတို့ တိုးတိုးတိတ်တိတ်ပြောတာတို့ဆို
အွန်လိုင်းပြန်ကြားရေးဆိုတာ
အားလုံးလဲတော်တော်များများသြိ
ကမှာပါ။ နာမည်ကျော်လူသိများတဲ့
နိုင်ငံရေးအဖွဲ့အစည်းကြီးလို့ပြောရမည့် အဖွဲ့တစ်ခုရှိပါတယ်။ အင်တာနက်မှာ ဖေ့စ်ဘွတ်စာမျက်နှာကနေ သူတို့အဖွဲ့ရဲ့ သတင်းတွေကိုထုတ်ပြန်ပါ တယ်။ သူတို့ကထုတ်ပြန်ရုံပဲထုတ်ပြန်တာ ပြန်လည်ဝေဖန်ဆန်းစစ်တာမျိုးမလု
စိတ်မကောင်းစရာသတင်းတစ်ခု
အင်တာနက်မှာဖတ်လိုက်ရတယ်။ မြောင်းမြမြို့ NLD ပါတီဝင်တွေက မြောင်းမြမြို့
NLD ကို ဆန္ဒပြကြတယ်တဲ့။ ၂ ခါလောက်ဖတ်လိုက်တယ်။ မယုံလို့။ ဘယ်နှယ့်
တခါမှမကြားဖူးဘူးလေ။ မိမိပါတီကို ပါတီဝင်တွေက ဆန္ဒပြကြတာ
တစ်တိုင်းတစ်ပြည်လုံးပြန့်သွား
တယ်။ ထင်ကိုမထင်တာ။ မှန်တယ်
လူထုလူတန်းစားအသီးသီးမှာ လူ့အခွင့်အရေးအရကြည့်ရင်
မိမိဆန္ဒကိုဖော်ထုတ်ခွင့်ရှိရမယ်။ နေရာတိုင်းမှာ အဲဒီ့အသံတွေကြားနေရတယ်။ လူငယ်တွေကိုလုပ်ခွင့်မပေးတာ၊ လက်သင့်ရာစားတော်ခေါ်တာ၊ မိမိနဲ့ရင်းနှီးတဲ့သူတွေကိုနေရာ
အဂတိလိုက်စားမှုတွေကိုအရေးယူမယ်
တဲ့
ဖြစ်မှဖြစ်ပါ့မလားလို့ တွေးမိပါတယ်။ အုပ်ချုပ်ရေးမဏ္ဍိုင်မှာ
ရပ်ကွက်ဥက္ကဋ္ဌကစလို့ လာဘ်ယူနေတဲ့ခေတ်ကြီးမှာ တစ်ကယ်ဖြစ်ချင်၊
တစ်ကယ်လုပ်၊ အဟုတ်ငတ်ရမည် ဖြစ်သွားမယ်။ သမ္မတက လာဘ်ပေးလာဘ်ယူ
ပပျောက်ရေးလုပ်မယ်တဲ့။ လွှတ်တော်မှာတော့ အစိုးရအဖွဲ့ဝင်တွေရဲ့
ပိုင်ဆိုင်မှုကိုဖော်ပြရ မယ်ဆိုတဲ့ အဆိုကရှုံးနိမ့်သွားတယ်တဲ့။
(နဲနဲလေးများလွဲနေသလားလို့)။ ကိုယ်ကသိပ်ဥာဏ်မမီတော့ လိုက်ကို မမီတော့ဘူး။
ဝန်ထမ်းတွေသာလောက်ငတဲ့ လစာ၊ ခံစားခွင့်တွေကို တိုးမပေးပဲနဲ့
အဂတိလိုက်စားမှုတွေကို အရေးယူမယ်ဆိုရင် ခရီးကြမ်းတစ်ခုကို ဖိနပ်မပါပဲ
ခြေကျင်လျှောက်ရမည့်ကိန်းဆိုက်
သွားနိုင်တယ်။ တစ်ချို့ဝန်ထမ်းတွေခမျာ
သနားဖို့ကောင်းပါတယ်။ လောက်ငနေရင်တော့ အဆင်ပြေကြမှာပါ။ ဒီကနေ့
ဘယ်နေရာတွေမှာ အဂတိလိုက်စားမှုတွေရှိနေတာလဲဆိုရင်၊ ပတ်စ်ပို့ရုံး၊လိုင်စင်ရုံး၊ MFTB ရုံး၊ အကောက်ခွန်ရုံး၊ အခြားအခြားသော ကျွန်တော်မသိသောရုံးများစွာ ကျန်သေးပါသေးတယ်။ ဒီတော့ကာ လုပ်ကြည့်ပါဦးလို့ပဲ တိုက်တွန်းပါရစေ။
နောင်တမရပါဘူး
ကျွန်တော်ဒီလိုရေးလို့ ကျွန်တော်နဲ့အတူတူအလုပ်လုပ်နေတဲ
့သူတွေ၊
အဖွဲ့အစည်းတွေက ကျွန်တော့်ကိုလက်မခံတော့ဘူးဆိုရင်လည်း ကျွန်တော်ဝမ်းနည်းပြီးနောင်တရေ

Tags:
ဆောင်းပါး
Leave a comment