ကေအိုင်အေသောင်းကြမ်းသူအဖွဲ့မှ အင်အား(၂၀)ဦးခန့်သည် အရပ်ဝတ်ဖြင့် စက်တင်ဘာ(၈)ရက်နေ့ ညသန်းခေါင်အချိန်တွင် မိုးကောင်းမြို့နယ် နောင်ပုံရွာထဲသို့ ၀င်ရောက်လာပြီး အမျိုးသမီးငယ်(၂)ဦး အပါအ၀င် လူငယ်(၆)ဦးအား တနိုင်းဘက်သို့ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရပါတယ်။
ဖမ်းဆီးခေါ်ဆောင်ခြင်းခံရတဲ့ အမျိုးသမီး(၂)ဦးမှာ အသက်(၂၀)နဲ့(၂၅)နှစ် အရွယ်ရှိတဲ့ ကချင်တိုင်းရင်း သူလေးများ ဖြစ်ကြပါတယ်။ ယခင်က ကေအိုင်အေဟာ အမျိုးသားများကိုသာ လူသစ်စုဆောင်း သော်
လည်း ယခုအခါ အပျိုအရွယ်အမျိုးသမီးများကိုပါ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခြင်းတွေ လုပ်လာတဲ့အတွက် ဒေသခံတွေအနေနဲ့ ကလေး၊ ယောက်ျား၊ မိန်းမပါမကျန် အပြင်မထွက်ရဲတော့ဘဲ ကိုယ့်အိမ်မှာ ကိုယ်နေရတာတောင် ကျီးလန့်စာစားဘ၀ကိုရောက်နေ ရကြောင်း ဒေသခံတစ်ဦးမှ ပြောပြချက်မှ သိရှိရသည်။
Copy From : ကချင်နေ့စဉ်သတင်း

Tags:
သတင်း
Leave a comment