
““စက်သုံးဆီတွေ လျော့တာ နဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင် ဆိုင်တွေမှာ အသုံးပြုတဲ့ Pump အတွင်းမှာ ဆီအထွက်နည်း အောင် လုပ်ထားမယ်ဆိုရင် (၁) ဂါလံကို (၄.၅)လီတာ မရှိတော့ ဘဲ ကားရဲ့ဆီတိုင်ကီထဲကို (၄.၃) လီတာလောက်ပဲ ၀င်သွားမှာပါ။ စက်ရဲ့ Display Board မှာတော့ (၄.၅) လီတာပြနေမှာပါ။ အခု ပေါ်တဲ့ Display Dispenser တွေမှာဆီကို Password နဲ့ Increase လုပ်ပြီး တိုးလို့ရသလို၊ Decrease လုပ်ပြီး လျော့လို့လည်း ရတာကြောင့် ဆီဆိုင်တွေက ဆီ ကို အတိုး၊ အလျော့လုပ်မယ်ဆို ရင်လည်း လုပ်နိုင်တယ်။ Display မှာ ဂဏန်းတွေကတော့ အလွန်မြန်ပြီး ဆီကတော့အထွက် နည်းပါမယ်။ ဒီတော့ Display မှာပြတာ အမှန်မဖြစ်နိုင်တော့ပါ ဘူး။ နောက်တစ်ခုကတော့ တစ် ဂါလံ၊ လေးဂါလံဆိုတဲ့ ခွက်ကိစ္စ ပါ။ ဂါလံခွက်အစစ်တွေရဲ့ဘေး မှာ ပင်မရေနံ (ဓနိတော)ရဲ့အသား တံဆိပ်ရိုက်နှိပ်ထားပါတယ်။ အဲဒီ တံဆိပ်ပါမှသာ စံနှုန်းခွက်အစစ် ဖြစ်ပါတယ်။ (၁)ဂါလံခွက် အစစ် ထဲကို ရေသန့်ဘူး(၄)ဘူးနဲ့ တစ် ၀က်ထည့်ရင် ခွက်အပေါက်ဝထိ ရောက်ပါတယ်။ လေးဂါလံခွက် ဆိုရင်တော့ ရေသန့်ဘူး(၁၈)ဘူး ထည့်လို့ရပါတယ်။ အပြင် သံဖြူ ဆိုင်မှာလုပ်တဲ့ ဂါလံခွက်ကတော့ ရေသန့်ဘူး(၄)ဘူးနဲ့ နည်းနည်း ပဲဆန့်ပါတယ်””ဟု ၎င်းင်းကပြောပြ ခဲ့ပါတယ်။
စွမ်းအင်ဝန်ကြီးဌာနက စက် သုံးဆီအရောင်းဆိုင်တွေကို စံနှုန်း မှန်မှန်နဲ့ သတ်မှတ်ဈေးနှုန်း အ တိုင်းသာ ရောင်းဖို့ညွှန်ကြားထား ပြီးသားပါ။ အခုလို မပြည့်ဘဲ ရောင်းတဲ့ ဆိုင်ရှိတယ်ဆိုရင် အ ပြည့်အ၀ရောင်းချပေးတဲ့ဆိုင်တွေ အနေနဲ့ နစ်နာသလို တန်ရာတန် ကြေးပေးပြီး ၀ယ်ယူသုံးစွဲတဲ့သူ တွေလည်း နစ်နာပါတယ်။
အဲဒီပြဿနာတွေ၊ ယုံမှား သံသယ၀င်နေတာတွေ မရှိစေ ချင်ရင် စက်သုံးဆီရောင်းတဲ့ဆိုင် တိုင်းမှာ ဓနိတော တံဆိပ်ပါတဲ့ စံနှုန်းခွက်တွေထားပေးပြီး မကျေ နပ်မှုရှိက ချိန်တွယ်နိုင်ကြောင်း စာတန်းရေးပေးထားမယ်ဆိုရင် သုံးစွဲနေသူတွေအနေနဲ့ သံသယ ကင်းရှင်းလိ့မ်မယ်လို့ ထင်ပါ တယ်။
Copy From Hot News Weekly

Leave a comment