
ကုန်ပစ္စည်းအစုံရောင်း ချသော ပျံကျဈေးဖြစ်သော ကြောင့် ပတ်ဝန်းကျင်မှာညစ်နွမ်း မှုများဖြစ်နေရသည်ဆိုသည်။ ကျောင်းသား/သူများ၊ဆရာ/ ဆရာမများ၊ရဟန်းသံဃာတော် များလည်းသွားလာရန် အခက် အခဲများဖြစ်နေရသည်။၎င်းင်း နောက်သက်ကြီးရွယ်အိုများသံဃာ တော်များပတ်ဝန်းကျင်တွင် နေ ထိုင်ကြသူတို့မှာလည်း လေထု ညစ်ညမ်းမှုတို့နှင့်အနံ့အသက်ဆိုး တို့အား နေ့စဉ်ရှုရှိုက်နေကြရပါ သောကြောင့် ပျံကျဈေးသည်များ ကို ဖယ်ရှားပေးနိုင်ရန် ဆန်္ဒများ ဖြစ်ပေါ်လာရပါကြောင်း ၎င်းင်းတို့ ကဆိုသည်။
အဆိုပါဈေးသည်တို့မှာ ဟင်းသီးဟင်းရွက်အပုပ်၊အဆွေး၊ အနွမ်းများနှင့်အသား၊ငါးခုတ်ထစ် စွန့်ပစ်အပိုပစ်္စည်းများ၊စည်း ကမ်းမဲ့စွန့်ပစ်နေခြင်းအား၊သက် ဆိုင်ရာတို့မှ ထုတ်ပိုးစွန့်ပစ်စနစ် ကျင့်သုံးစေခိုင်းခြင်းများမရှိ စေခြင်းတို့ကြောင့် ၎င်းထိန်းသိမ်း ဟန့်တား၊နည်းပေးလမ်းပြမှုအား နည်းပါးသောကြောင့် ၎င်းပတ်ဝန်း ကျင်မှာညစ်နွမ်းနေရခြင်းဖြစ်သည်။
သို့ပါ၍ ဈေးရောင်းချနေကြ သော ဈေးသည်များ အဆင်ပြေ စေရန်အတွက် အဆိုပါပတ်ဝန်း ကျင်သာယာလှပစိတ်နှလုံးချမ်း မြေ့ရန် ပျံကျဈေးသည်များအား၊ ဥဿာမြို့သစ် နန်းတော်ရာရပ်ကွက် အတွင်းရှိ ယခင်မြို့သစ်အကောင် အထည်ဖော်ဆောင်ရေးစီမံကိန်း၊ အကောင်အထည်ဖော်ရာ နယ် နိမိတ်အတွင်းရှိ သတ်မှတ်ထားရှိ သော ဈေးမြေနေရာတွင် ဥဿာ မြို့သစ်ဈေးအဖြစ် ၎င်းနေရာသို့ ပြောင်းရွှေ့နေရာချထားပေးမည် ဆိုပါက၊ဈေသည်များနှင့်လုပ်သား ပြည်သူများအဆင်ပြေချောမွေ့ သွားနိုင်မည်ဖြစ်ပါကြောင်း တင်ပြ လိုက်ရပါသည်။
Copy From Hot News Weekly

Leave a comment