Eleven Media Group Facebook Pageလက်ရှိလုပ်ဆောင်နေသော လက်ပံတောင်းတောင် ကြေးနီစီမံ ကိန်းနှင့် စံပယ်တောင်၊ စံပယ် တောင်(တောင်ဖက်)၊ ကြေးစင်တောင် ကြေးနီ စီမံကိန်းတို့ ၏
(၁)ပတ်ဝန်းကျင်အပေါ် အကျိုး သက်ရောက်မှု၊
(၂)သဘာဝပတ်ဝန်း ကျင်အပေါ် အကျိုးသက်ရောက်မှု (၃) နိုင်ငံတော်ပြည်သူလူထုနှင့် အနာဂတ်မျိုးဆက်များ...
အတွက် ရေ တိုရေရှည် သင့်လျော်သည့် တန်ဖိုး ဖြတ်နိင်သည့် အကျိုးအမြတ်၊တန် ဖိုးမဖြတ်နိုင်သည့် အကျိုးအမြတ်များ ရရှိနိုင်မှုနှင့်
(၄) ပြည်သူလူထု၏ ဆန္ဒ သဘောထားတို့ကို

ပြည်သူတို့က ယုံကြည်ကိုစားသည့် ပုဂိုလ်များ၊ အဖွဲ့အစည်းများ
ပါဝင်သည့် လွတ်လပ်သော နိုင်ငံတော်အဆင့် ကော်မရှင်တစ်ရပ်
ဖွဲ့စည်းစစ်ဆေးရွေ့ တွေ့ရှိချက်၊ သုံးသပ်ချက်၊ အကြံပြု ချက်များကို ပွင့်လင်းမြင်သာစွာ ထုတ် ပြန်ကြေညာစေပြီး ဆက်လက် လုပ်ဆောင်ခွင့်ပြုရန် သင့်မသင့် နှင့် ဆက်လက်လုပ်ဆောင်ပါက မည်သို့ လုပ်ဆောင်သင့်သည်ကိုကိုင်တွယ်ဆန်းစစ်ရန် ပြည်သူ့လွှတ် တော်က
နိုင်ငံတော်သမ္မတအား တိုက် တွန်းကြောင်းအဆိုကို ပုလဲမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ယနေ့ကျင်းပသော ပထမအကြိမ် ပြည်သူ့လွှတ်တော်ပဉ္စမပုံမှန်အစည်း အဝေးတွင် အရေးကြီး အဆိုတစ်ရပ် အဖြစ်တင်သွင်းခဲ့သည်။

ယင်း အဆိုအား ကိုယ်စားလှယ် ဦးသန်းမြင့် (သတ္တုတွင်းဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်(ငြိမ်း)က ထောက်ခံ ပြီး ကာကွယ်ရေးဝန်ကြိးဌာန ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်က စီမံကိန်းနှင့်ပတ်သက်ရွေ့ ပြန်လည် ရှင်းလင်းတင်ပြခဲ့ကာ အဆိုတင်သွင်းမှုအား လွှတ်တော်အနေဖြင့် စဉ်းစားသုံးသပ်ရန် ပြောကြားခဲ့ပြီး လွှတ်တော်၏ အဆုံးဖြတ်ရယူခဲ့ရာ လွှတ်တော်က အတည်ပြုခဲ့သည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free