သမ္မတကြီးအိုဘားမားဟာ ကျွန်မ တို့ မြန်မာနိုင်ငံကို ၂၀၁၂ခုနှစ် နိုဝင်ဘာ ၁၉ ရက်က တစ်ရက်တာခရီးအဖြစ် ရောက်ရှိလာပါတယ်။ သမ္မတအိုဘားမား မြန်မာနိုင်ငံကို လာတဲ့ခရီးစဉ်ဟာဖြင့် သမိုင်းဝင်ခရီးစဉ်ပဲဖြစ်ပါတယ်။ မြန်မာ နိုင်ငံနဲ့ အမေရိကန်နိုင်ငံဟာ  နှစ်ပေါင်း တော်တော်ကြာကြာ ခပ်တန်းတန်းနေခဲ့ ကြပါတယ်။ ကမ္ဘာပေါ်မှာ အချမ်းသာ ဆုံးနဲ့ပါဝါအရှိဆုံးနိုင်ငံရဲ့ သမ္မတဟာ ကျွန်မတို့ မြန်မာနိုင်ငံကို လာရောက်တဲ့ အတွက် အလွန်ပဲအားရမျှော်လင့်စရာ ကောင်းပါတယ်။
ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင် ခန်းမမှာ ပြောကြားသွားတဲ့ သမ္မတကြီး ရဲ့ မိန့်ခွန်းကိုတော့ ကြိုက်တာတွေပါသ လို မကြိုက်တာတွေလည်းပါတယ်လို့ ပြောချင်ပါတယ်။ ကျွန်မတို့ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်လာ တာကို သူအားရ၀မ်းသာကြောင်း၊ စစ် အုပ်ချုပ်ရေးကာလတွေမှာ မြန်မာလူမျိုး တွေရဲ့ သတ်္တိတွေဟာ အံ့မခန်းဂုဏ်သိက္ခာ ရှိပုံတွေကို ပြောကြားသွားပါတယ်။ သူ အခုလို ကျွန်မတို့နိုင်ငံကို ရောက်လာတာ ဟာလည်း သူ့ပြောစကားအရ ကျွန်မတို့ ရဲ့ အရပ်သားအစိုးရဟာ လက်သီးတွေ ကို ဖြေလိုက်တဲ့အတွက် သူတို့ကလည်း လက်ကမ်းကြိုတာဖြစ်ပုံရပါတယ်။
ကမ္ဘာပေါ်မှာပါဝါအရှိဆုံးနိုင်ငံကြီး တစ်နိုင်ငံနဲ့အခုလို နွေးနွေးထွေးထွေးမိတ် တွေပြန်ဖြစ်ရတာ ကျွန်မတို့နိုင်ငံအတွက် ကောင်းပါတယ်။ ဘာကြောင့်လဲဆို တော့ ကျွန်မတို့နိုင်ငံဟာ စစ်အုပ်ချုပ်ရေး ကာလကလည်း ကြာတယ်။ ပြည်တွင်း စစ်ကလည်း လွတ်လပ်ရေးရတာနဲ့ တစ် ပြေးညီဖြစ်နေခဲ့တယ်။ ကိုယ့်နိုင်ငံတိုင်း ရင်းသားအချင်းချင်း ရန်ဖြစ်နေတာနဲ့ပဲ အိမ်နီးချင်းတွေက အချောင်နှိုက်နေကြ တယ်။ ကိုယ့်ခြံဝင်းထဲ အလစ်ဝင်လာပြီး အခြေချချင်သူတွေက ရှိသေးတယ်။ ကျွန်မတို့နိုင်ငံမှာ ထူထောင်စရာ၊ ပြုပြင် စရာတွေကလည်းများမှ များပါပဲ။ သူများ က ကိုယ့်နိုင်ငံလာစော်ကားတယ်ဆိုတာ ကိုယ့်အချင်းချင်း မသင့်လို့ဆိုတာ ထင် ရှားပါတယ်။
သမ္မတကြီးပြောသွားတဲ့မိန့်ခွန်းမှာ ကျွန်မတို့ နိုင်ငံအတွက် သင်ခန်းစာယူ စရာတွေ၊ အတုခိုးစရာတွေလည်း အများ ကြီးပါပါတယ်။ ကျွန်မတို့ နိုင်ငံအတွက် စီးပွားရေးတွေ နာလန်ထူလာအောင်၊ ပြည်သူတွေအတွက် အခွင့်အလမ်းတွေ ပေါ်လာအောင် ပိတ်ဆို့ဒဏ်ခတ်မှုတွေ လျှော့ချထားပြီဆိုတဲ့ အကြောင်းလည်း ပါတယ်။ ပြုပြင်ပြောင်းလဲရေးတွေဟာ လည်း ထိပ်ပိုင်းမှာတင် ရပ်မနေဘဲအခြေ ခံလူတန်းစားတွေဆီကို တိုက်ရိုက်ရောက် ရှိဖို့လိုတဲ့အကြောင်း၊ သဘောကတော့ ဆင်းရဲသားလူတန်းစားတွေဆီကို ဖွံ့ဖြိုးမှု တွေဟာ ရောက်ရှိဖို့၊ အခုမြင်နေရတဲ့ တိုးတက်မှုဆိုတာလည်း မီးပွားကလေး လောက်ပဲရှိသေးတဲ့အကြောင်း၊ ဒီမီးပွား ကလေးငြိမ်းမသွားဖို့နဲ့ မြန်မာပြည်သူတွေ အတွက် ရှေ့ဆောင်လမ်းပြ ဓူဝံကြယ်ကြီး ဖြစ်သွားစေချင်ကြောင်း ပြောသွားတယ်။
ကြီးကျယ်တဲ့နိုင်ငံတစ်ခုဖြစ်လာဖို့ ဆိုတာဘယ်လိုစနစ်တွေကျင့်သုံးလာတယ် ဆိုတာ အမေရိကသမ်္မတကြီးကပြောပြ သွားပါတယ်။ ဒီဟောပြောချက်ကိုတော့ ကျွန်မအရမ်းပဲ နှစ်သက်သလို ကျွန်မတို့ မြန်မာ့တပ်မတော်ကိုလည်း ဒီအတိုင်း ကျင့်သုံးစေချင်ပါတယ်။ အမေရိကန်ဟာ ကမ်္ဘာပေါ်မှာ အင်အားအကြီးဆုံး စစ် တပ်ရှိတယ်။ ဒီစစ်တပ်ဟာ အရပ်သား အစိုးရရဲ့ ထိန်းချုပ်မှုကို နာခံရတယ်။ သမ္မတကိုယ်တိုင် စစ်သေနာပတိချုပ်ဆို ပေမဲ့ သမ္မတရဲ့ ဆန္ဒအတိုင်းကို ကွန်ဂ ရက်လွှတ်တော်မှာ အတင်းအကျပ်အ တည်ပြုခိုင်းလို့မရပါဘူး။ နိုင်ငံတော်ရဲ့ တရားသူကြီးတွေကို သမ်္မတက ခန့်အပ် ရတာဆိုပေမဲ့ သူတို့ရဲ့ တရားစီရင်ရေးမှာ သူပါဝင်လို့မရပါဘူး။ ဘာကြောင့်လဲ ဆိုတော့ အမေရိကားမှာ ဆင်းရဲတဲ့ ကလေးငယ်ကလေးကနေ သမ်္မတအထိ အားလုံးဟာ ဥပဒေအောက်မှာ တညီ တညွတ်တည်းဖြစ်နေလို့ပါတဲ့။ ဥပဒေ အထက်မှာ ဘယ်သူမှ မရှိဘူးဆိုတာမှန် လိုက်တာ။ ဒီစနစ်ကိုတော့ အလွန်ပဲ ကြိုက်နှစ်သက်ပါတယ်။ ဒီမိုကရေစီနိုင်ငံ ဟာ အဲဒီလို အတိုင်းဖြစ်ဖို့ ကျွန်မတို့ အမြန်ဆုံးအကောင်အထည်ဖော်သင့်ပါတယ်။
သမ္မတကြီးအိုဘားမားပြောသွားတဲ့ နိုင်ငံသားဆိုတာကို အဓိပ္ပာယ်ဖွင့်ဆိုဖို့ ဘယ်နိုင်ငံမဆို အပြင်းအထန် ကြိုးစားခဲ့ ကြတယ်လို့ ဆိုပါတယ်။ သူတို့ဆီမှာ လည်း ဒီပြဿနာနဲ့ပတ်သက်ပြီး အကြီး အကျယ်ဆွေးနွေးငြင်းခုံနေတုန်းပဲလို့ဆိုပါ တယ်။ အဓိက အခြေခံအချက်ကတော့ အတူတူပဲလို့ သူကပြောပါတယ်။ ဘယ် သူဖြစ်ဖြစ် ခြိမ်းခြောက်မခံရဘဲ နေထိုင် နိုင်ခွင့်ရှိဖို့လိုတယ်တဲ့။ ဒီစကားကတော့ သူရခိုင်ပြည်နယ်အရေးကို ရည်ညွှန်းထား တာ။ ကျွန်မသာ သူ့ကိုမေးခွင့်ရှိမယ်ဆို ရင် သမ္မတကြီးတို့နိုင်ငံရဲ့မက္ကဆီကို နယ် စပ်မှာ သံဆူးကြိုးတွေ အမြင့်ကြီး ကာရံ ထားတာ၊ CCTV ဂြိုဟ်တုစလောင်းတွေ တပ်ပြီး Guard အမျိုးမျိုးနဲ့ စောင့်ကြည့် ထားတာ၊ ခွေးတောင်မ၀င်နိုင်အောင် လုံ ခြုံပါတယ်။ စွန့်စွန့်စားစား ခိုးဝင်လာရင် လည်း ချက်ချင်းပြန်ပို့တာ။ အခု သူတို့ဆီ မှာ နိုင်ငံသားဖြစ်ဖို့ဆိုတာ သိပ်မလွယ် တော့ဘူးလို့  သိရပါတယ်။
သမ္မတကြီးတို့ဆီမှာ အပြင်က အိမ် နီးချင်းက ဥဒဟိုဝင်လာမှာကိုတားသေး တာပဲ မဟုတ်လား။ သမ္မတကြီးတို့က ချမ်းသာတဲ့နိုင်ငံဆိုတော့ ၀င်မလာနိုင် အောင် အဘက်ဘက်က အကုန်အကျခံ လုပ်နိုင်တယ်လေ။ လူ့အခွင့်အရေးဆိုတာ ကို သမ္မတကြီးတို့ကော ကိုယ်ရေးကြုံ တော့ ကျင့်သုံးလို့လား။ ကျွန်မတို့ကို တော့ ““လူ့အခွင့်အရေး””ဆိုတဲ့ စကားလုံး နဲ့ ကိုင်မပေါက်ပါနဲ့။ အခုတော့လည်း ကျွန်မတို့ တတ်နိုင်သလောက် ခြံစည်း ရိုးကာနေပြီ။ ခြံစည်းရိုးကာနေတဲ့တပ် သားနှစ်ယောက်တောင် အနောက်နိုင်ငံ က ဖမ်းသွားတယ်။ ဒါကိုကြည့်ရင် ဘယ် သူလွန်တာလည်း စဉ်းစားလို့ရပါတယ်။ သမ္မတကြီးက လူသားအားလုံးအကျိုး စီးပွားကို ရှေးရှုပေးရန် မေတ္တာရပ်ခံတာ ကတော့ ကိုယ်ချင်းမစာဘူးလို့ သုံးသပ်မိ တယ်။

မအေးဆေး


Copy From Hot News Weekly Web Page
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free