ဧရာဝတီတိုင်း ဒေသကြီး ဟင်္သာတ မြို့နယ်တွင် လူ့
အခွင့်အရေး ကာကွယ် မြှင့်တင်ရေး ကွန်ယက်မှ ဦးဆောင်၍ (၆၄) ကြိမ်မြောက် လူ့
အခွင့်အရေး ကြေညာစာတမ်း နေ့ကို ဒီဇင်ဘာလ ၁ဝရက်နေ့ တွင် ကျင်းပမည်
ဖြစ်ကြောင်း ကွန်ယက် အဖွဲ့ဝင် တစ်ဦး ဖြစ်သူ ဦးမြင့်လှိုင်က The Voice
Weekly သို့ ပြောကြားသည်။
လူဦးရေ ၁၅၀၀ ကျော် ပါဝင်သော အဆိုပါ ပွဲကို ယမန်နှစ်က ဘိ

ုကလေး
မြို့ တွင် ကျင်းပရာ လူဦးရေ ၃ဝဝ ခန့်သာ တက်ရောက်ပြီး ယခုနှစ်တွင်
ကွန်ယက်၏ ဆောင်ရွက်မှုများ အောင်မြင် လာသည့် အတွက် ပြည်သူ များမှာ ဥပဒေ၏
အကာကွယ် ကို ပိုမို နားလည်လာပြီး အခမ်းနား တက်ရောက် ချင်သူ များလာခြင်း
ဖြစ်ကြောင်း ၄င်းက ဆိုသည်။
“လူ့အခွင့်အရေး ကြေညာ စာတမ်း နေ့ကို အရင်နှစ် တွေက ရန်ကုန်၊ ပြည် နဲ့ အခု အဖမ်းခံ ထားရတဲ့ ကိုမြင့်အေး အိမ် အပါအဝင် နေရာ အနှံ့မှာ ကျင်းပခဲ့တယ်။ ဒီနှစ်နဲ့ဆို ခုနစ် ကြိမ်မြောက်ပါ။” ဟု ၎င်းက ဆက်လက် ပြောကြားသည်။
အဆိုပါ အခမ်းအနား သို့ ဧရာဝတီတိုင်း ဒေသကြီး (၂၆) မြို့နယ်မှ ကွန်ယက် အဖွဲ့ဝင် များအပြင် တောင်ကြီး၊ မန္တလေး၊ မုံရွာ၊ စစ်ကိုင်း တို့ရှိ ကွန်ယက် အဖွဲ့ဝင် (၁၅၀၀) ကျော် တက်ရောက်မည် ဖြစ်ပြီး ယခင် နှစ်များ ကဲ့သို့ NLD၊ (၈၈) ကျောင်းသား များနှင့် နိုင်ငံရေး ပါတီများ၊ မီဒီယာများ အားလုံးကို ဖိတ်ကြားမည် ဖြစ်ကြောင်း ကွန်ယက် တာဝန်ရှိသူ ဦးမြင့်လှိုင် က ပြောကြားသည်။
“ပြည်သူတွေ အနေနဲ့ ကိုယ် ရသင့်ရထိုက် တဲ့ အခွင့်အရေး တွေကို မည်သည့် ပါတီ၊ မည်သည့် အဖွဲ့ အစည်း ကိုမှ အားမကိုး ဘဲ ကိုယ်တိုင် တောင်းဆိုနိုင်အောင်၊ ဒေသ အသီးသီး မှာရှိတဲ့ အာဏာပိုင် အဆင့်ဆင့်က ဝန်ထမ်း တွေကလည်း ပြည်သူတွေ ကသာ အခြေခံ ဥပဒေတွေ၊ ရသင့် ရထိုက်တဲ့ အခွင့်အရေး တွေကို သိရှိနေရင် သူတို့အနေနဲ့ ဥပဒေ တွေကို အလွယ်တကူ မချိုးဖောက် ရဲအောင် ဆိုတဲ့ ရည်ရွယ်ချက် တွေနဲ့ လူ့အခွင့်အရေး ကြေညာ စာတမ်းနေ့ အခမ်းအနားကို နှစ်စဉ် ကျင်းပနေတာပါ။” ဟု ဟင်္သာတ မြို့နယ် လူ့အခွင့်အရေး ကာကွယ် မြှင့်တင်ရေး ကွန်ယက် အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးကျော်စွာ က The Voice Weekly သို့ ပြောကြားသည်။
လူ့ အခွင့်အရေး ကြေညာစာတမ်း ကို (၁၉၄၈) ခုနှစ်တွင် ကုလသမဂ္ဂ မှ ထုတ်ပြန် ကြေညာခဲ့သည်။
Copy From The Voice Weekly

Leave a comment