မှောင်ခိုသွင်းနေမှုကြောင့် စက်သုံးဆီကဏ္ဍ တစ်ခုတည်းပင် တစ်နှစ်လျှင် ကျပ် ၆၀ ဘီလီယံခန့် နစ်နာမှုများ ရှိနေသဖြင့် တရားမ၀င်ကုန်စည်များ ၀င်ရောက်ခိုးထုတ်နေမှုအား ပြည်ထောင်စု ကော်မတီတစ်ရပ် ဖွဲ့စည်း၍ ဥပဒေအရ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်သွားမည်
Copy From Eleven Media Group Web Pageတရားမ၀င် မှောင်ခိုသွင်းနေမှုကြောင့် စက်သုံးဆီကဏ္ဍ တစ်ခုတည်းပင်
တစ်နှစ်လျှင် ကျပ် ၆၀ ဘီလီယံခန့် နိုင်ငံတော်မှ အခွန်ငွေ နစ်နာမှုများ
ရှိနေသဖြင့် စက်သုံးဆီအပါအ၀င် တရားမ၀င် ကုန်စည်များ
ဝင်ရောက်ခိုးထုတ်နေမှုအား ပြည်ထောင်စုအဆင့် ကော်မတီတစ်ရပ် ဖွဲ့စည်း၍
ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် လှိုင်မဲဆန္ဒနယ်မှ ဒေါက်တာဝင်းမြင့် တင်သွင်းသော တရားမ၀င် ကုန်စည်များ ၀င်ရောက်ခိုးထုတ်နေမှုအား ပြည်ထောင်စုအဆင့် ကော်မတီတစ်ရပ် ဖွဲ့စည်း၍ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ပေးပါရန် အဆိုကို အတည်ပြုခဲ့ခြင်း ဖြစ်သည်။
ထိုသို့ တရားမ၀င် ၀င်ရောက်နေမှုများကြောင့် သက်ဆိုင်ရာ နယ်ပယ်များတွင်ရှိသော မှန်မှန်ကန်ကန် အခွန်ပေးသွင်း ဆောင်ရွက်နေသူများ လုပ်ငန်းဆက်လက်ရပ်တည်ရန် အခက်အခဲများ တွေ့နေရကြောင်း၊ စက်သုံးဆီကဏ္ဍတွင် တစ်လလျှင် တန်ချိန် ငါးသောင်းခန့် ရှိနေ၍ တစ်လကျပ်သန်းပေါင်း ငါးသောင်း၊ တစ်နှစ်လျှင် ကျပ်သန်း ခြောက်သောင်းခန့် နစ်နာလျှက်ရှိကြောင်း သတင်းပေး တိုင်တန်းမှုများ ရှိသော်လည်း သက်ဆိုင်ရာ ရဲတပ်ဖွဲ့များအနေဖြင့် ပြည်ထဲရေးဝန်ကြီးဌာနမှ ဆီသယ်ယာဉ်များအား စစ်ဆေးခြင်း မပြုရဟု ညွှန်ကြားထားသောကြောင့် ဆောင်ရွက်မပေးခဲ့ခြင်းတို့ ရှိခဲ့ကြောင်း လှိုင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဝင်းမြင့်က ပြောပါသည်။
စက်သုံးဆီ တင်သွင်းသော ကုမ္ပဏီများအနေဖြင့် သွင်းကုန်လိုင်စင်ဖြင့် တရားဝင်သယ်ယူသော ပမာဏထက် ပိုမိုသယ်ဆောင်ခြင်း စသည်ဖြင့် နည်းအမျိုးမျိုးဖြင့် တရားမ၀င် တင်သွင်းလျှက်ရှိကြောင်း ဒေါက်တာဝင်းမြင့်က ပြောကြားခဲ့ပါသည်။
သတင်းရရှိသောအခါ မည်သည့်အကြောင်းပြခြင်းသည် ဥပဒေကို လေးစားလိုက်နာမှု မရှိခြင်း၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုများ ဆိတ်သုန်းနေခြင်းသည် ဒီမိုကရေစီ စနစ်အတွက် အဟန့်အတားများစွာ ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း၊ ပြည်သူများ နိုင်ငံတွင်းရှိ အဖွဲ့အစည်းများထံမှ မှန်ကန်ထိုက်သင့်သော အခွန်များမရဘဲနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်၍ မရနိုင်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားခဲ့ပါသည်။
“အခွန်နဲ့ ဂျီဒီပီအချိုးဟာ မနှစ်က သုံးရာခိုင်နှုန်း ရှိတယ်။ အခုကျတော့ သုံးရာခိုင်နှုန်း မပြည့်တော့ဘူး ဆိုတာဟာ တရားမ၀င် မှောင်ခိုမှုတွေနဲ့ ပတ်သက်နေပါတယ်။ စက်သုံးဆီ တစ်ခုထဲအတွက် အခွန်ဆုံးရှုံးမှုက ၆၀ ဘီလီယံဆိုရင် ကျန်တဲ့ကဏ္ဍတွေမှာ ဘယ်လောက်ရှိပြီးတော့ မိမိတို့ နိုင်ငံရဲ့အခွန်ရရှိမှုတွေ ဘယ်လောက် လျော့နည်းနေမလဲဆိုတာ အကြမ်းဖျဉ်း သုံးသပ်သွားနိုင်ပါတယ်” ဟု သူရဦးရွှေမန်းက ပြောကြားခဲ့ပါသည်။
အဆိုနှင့်ပတ်သက်၍ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ စီပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာတို့က ထောက်ခံဆွေးနွေးခဲ့ပြီး တရားမ၀င် ကုန်စည်များ ၀င်ရောက်ခိုးထုတ်နေမှုအား ပြည်ထောင်စုအဆင့် ကော်မတီတစ်ရပ် ဖွဲ့စည်း၍ ဥပဒေအရ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ပေးပါရန် အဆိုကို အတည်ပြုခဲ့ခြင်း ဖြစ်ပါသည်။
ထို့အတူ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ရဲချုပ်ကျော်ကျော်ထွန်းက ယင်းသို့ညွှန်ကြားချက်မှာ ၂၀၀၉ ခုနှစ်က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး လမ်းဘေးစက်သုံးဆီဆိုင်များ အပါအ၀င် စက်သုံးဆီများနှင့် ပတ်သက်၍ အရေးယူခြင်း မပြုရနှင့် စစ်ဆေးအရေးယူမည် ဆိုပါက ပြည်ထဲရေးဝန်ကြီးဌာနသို့ ခွင့်ပြုချက် တောင်းခံရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
နိုဝင်ဘာလ ဒုတိယအပတ်အတွင်း ရွှေသံလွင်ကုမဏီပိုင် သင်္ဘောဖြင့် စက်သုံးဆီ ၁၁၃ တန်အား တရားမ၀င် တင်သွင်းလာမှုကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် မြန်မာနိုင်ငံသို့ တရားမ၀င် ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၈ ဘီလီယံထက် များပြားနေကြောင်းလည်း သိရသည်။

Tags:
သတင်း
Leave a comment