သံဖြူဇရပ်မြို့နယ်၊ ၀ဲဂလိ ကျေးရွာအုပ်စု၊ ဘုရားလေးဆူကျေး  ရွာ၊ အရှေ့ဘက် (၁) မိုင်ခန့် အကွာကျူကန်ချောင်းနှင့် ရော်ဘာ  ခြံများသို့ (Helium Tank) ဟု ယူဆ  ရသည့်ပစ်္စည်းနှင့် ဆက်စပ်ပစ္စည်း  အချို့သည် (၂၂.၁၁.၂၀၁၂) ရက်နေ့ နံနက် (၆) နာရီခန့်တွင် မိုးချုန်းသံကဲ့သို့ဆက်တိုက်အသံ မြည်ပြီး အရောင်တောက်ပစွာဖြင့် ကောင်းကင်မှကျရောက်ခဲ့ကြောင်း သိရသည်။
“၂၂.၁၁.၂၀၁၂ နေ့ မနက် (၆) နာရီကျော်လောက်က မိုးချုန်း   သံလိုဆက်တိုက်အသံကျယ်ကြား ရလို့ မော့ကြည့်လိုက်တော့ ကောင်းကင်ကနေမီးရောင်တောက်  တဲ့အရာတွေ့ကျလာတာကိုတွေ့ ရတယ်။ သွားကြည့်တော့ကျူကန်   ချောင်းမှာ ဘော်လုံးပုံစံအလုံးကြီး တစ်လုံးကို တွေ့ရတယ်။ ဗုံးလား၊ ဘာလားသေချာမသိတော့ အနား  က၀ဲကလိစစ်တပ်ကိုအကြောင်း ကြားပါတယ်။ ခဏကြာတော့ စစ်တပ်ကလူကြီးတွေလာ ဆယ် သွားတယ်”ဟု ၀ဲကလိရွာသားတစ် ဦးကပြောသည်။
အဆိုပါအလုံးသည်ဘောလုံး  ပုံသဏ္ဍာန်ရှိပြီးအချင်း (၂၃.၅) လက်မ၊ လုံးပတ် (၄၃) လက်မရှိ  ကာ တစ်ဖက်တစ်ချက်တွင် မူလီ (၄) လုံးစီစုပ်ထားသော မီးခိုး ရောင်သတ္တုလုံး (၁) လုံးဖြစ်ကြောင်း  တွေ့ရသည်။ အဆိုပါ အလုံးသည်  အာကာသလွန်းပျံယာဉ်များ၌အသုံး ပြုသော လုံးပတ် (၄၃) လက်မ၊ အချင်း (၁၄) လက်မ၊ အလေးချိန် (၁၃) ပေါင်ခန့်ရှိ (Helium Tank) ဓာတ်ငွေ့သိုလှောင်ကန်ဖြစ်ပြီး ၎င်း(Helium Tank) ဓာတ်ငွေ့မှာ အရောင်အနံ့မရှိဘဲ မိုးပျံပူပေါင်းနှင့် ကောင်းကင်ပေါ် သို့လွှတ်တင်သည့် အာကာသယာဉ်  များတွင် အသုံးပြုလေ့ရှိကြောင်း ၎င်း(Helium Tank) များမှာ (၅/၆)  နှစ်ခန့်အကြာတွင် မြေပြင်သို့ အသံမြည်ကာပြုတ်ကျတတ်ပြီး (Helium Tank) ဓာတ်ငွေ့မှာ ဘေး အန္တရာယ်တစ်စုံတစ်ရာမရှိကြောင်း သိရသည်။ (Helium Tank) ဓာတ် ငွေ့သိုလှောင်ကန်များမှာ ၁၉၉၁ ဖေဖော်ဝါရီလ (၇) ရက်နေ့ည (၁) နာရီခန့်တွင် (Angentina) နိုင်ငံဗျူနီအာရစ်မြို့၊ ၂၀၁၂ ခုနှစ် တွင် (Uganda) နိုင်ငံနှင့် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ (၂၁) ရက်နေ့ တွင် အာဖရိကတိုက် (Nainbia) နိုင်ငံ၊ မြို့တော် Windhoek မြို့နှင့်  (၄၈၀) မိုင်အကွာခန့်ရှိရွာတစ်ရွာ တို့တွင် ပြုတ်ကျခဲ့ဖူးကြောင်း သိရသည်။
အဆိုပါ (Helium Tank) ဓာတ်ငွေ့သိုလှောင်ကန်များမှာ ရုရှားနိုင်ငံမှ ထုတ်လုပ်ပြီး (၉) နှစ်  ကြာနေနိုင်ပြီး သတ်မှတ်ထားသည့် နှစ်ထက် (၃/၄) နှစ်စော၍ မြေပြင်သို့ပြုတ်ကျနိုင်ကြောင်း သိရသည်။
ယင်းနေ့ နံနက် (၆) နာရီ ၀န်းကျင်တွင် ပင်ကျေးရွာတမံဦး ပိုင်းနေဦးပန်း၏ ရော်ဘာခြံတွင် လည်း အရှည် (၂.၈) လက်မ၊ ဗျက် (၈) လက်မရှိသည့် သတ္တု ဟုယူဆရသည့်ပစ္စည်းကိုလည်း ကောင်း၊ ၀ဲဂင်ဂရာကျေးရွာ၊ ၀ဲဘိုး တောင်ရွာ၊ ရော်ဘာခြံတွင်လည်း (၈) လက်မအရှည်သတ္တုဟုယူဆ ရသည့်အပိုင်းစတို့ကိုတွေ့ရှိရ၍ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေး မှတစ်ဆင့်သက်ဆိုင်ရာတပ်မတော်  သို့ပေးပို့အပ်ခဲ့သည်ဟု သိရသည်။
 

Copy From Hot News Weekly Web Page
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free