
“ငြိမ်းချမ်းရေးဖြစ်စဉ်အရ တသီးပုဂ္ဂလငြိမ်းချမ်းရေးယူထား တဲ့ အဖွဲ့ငယ်လေးတွေရှိတယ်။ နာမည်အမျိုးမျိုးနဲ့ တစ်ယောက် ချင်းစီအလိုက်အလင်းဝင်ခဲ့သူ အသီးသီးရှိတယ်။ နာမည်ကြီးကြီး နဲ့ ၀င်လာတဲ့အဖွဲ့တွေကပုဂ္ဂလိက အခွင့်အရေးနဲ့ ပိုလွန်တဲ့အရေး တွေရနေတဲ့ အချိန်အခါမှာ ကျွန်တော်တို့လိုပထမဦးဆုံး လက်နက်နဲ့ ငြိမ်းချမ်းရေးလဲ ခဲ့တဲ့လူတွေဟာ မှတ်တမ်းမှာ အပယ်ခံဘ၀တွေရောက်ပြီးသောက မျက်ရည်တွေနဲ့ ရင်းပြီးတော့ သာမာန်အရပ်သားလိုလဲ မပြောနိုင်မနေနိုင်နိုင်ငံသား စစ်ရေးကတ်ပြားနဲ့ အိမ်ထောင်စု စာရင်းကိုလည်း ငြိမ်းချမ်းရေးရခဲ့ ပေမဲ့အခုမှ ထုတ်ပေးတယ်။ အဲဒီ အကျိုးဆက်တွေကြောင့် ကျွန်တာ် တို့ဘ၀တွေဟာBlack Listဘ၀ရောက်ခဲ့တယ်။ အခုသမ္မတ ကြီးလက်ထက်တိုင်အောင်နိုင်ငံ သားတစ်ယောက်ရဲ့ တန်းတူအခွင့် အရေးနဲ့ ဥပဒေရဲ့ အကာအကွယ် အပြည့်အ၀မရသေးပါဘူး။ ဒါတွေ ကို နိုင်ငံတော်အကြီးအကဲတွေ သိစေချင်လို့ပါ”ဟု ပြောပါသည်။ ဆက်လက်၍တန်းတူအခွင့်အရေး ဆိုတာ ဘယ်လိုအချက်တွေလဲဟု မေးမြန်းရာတွင် “ငြိမ်းချမ်းရေးယူ စက မှတ်ပုံတင်နဲ့ အိမ်ထောင်စု စာရင်းထုတ်မပေးဘူး။အလင်းဝင်ကတ်နဲ့ပဲ အနစ် ၂၀ လုံးလုံးနေခဲ့ ရတယ်။ နေတော့ဘာတွေဖြစ်လာ သလဲဆိုရင် ကျွန်တော်တို့မှာ လုံခြုံမှုမရှိဘူး။ အမြဲတမ်းဝင် ရောက်ပစ်ခတ်တာတို့၊ တိုက်ခိုက် တာတို့တွေအပြင် မိသားစုကို ရွာထဲမှာမထားဘူး။ မောင်းထုတ်ခံရတယ်။ ရေပေးမခပ်ဘူး။ ခွဲခြား ဆက်ဆံတယ်။ ၂၀၀၃ ခုနှစ်က ဖားကန့်မြို့မှာ အိမ်ကိုဖျက်ပြီး မိသားစုလိုက်နှင်ထုတ်တာကို ရ.ယ.က နဲ့ ဥက္ကဋ္ဌတွေက လုပ် ကြတယ်။ ဖြူးမြို့နယ်ကြာအင်းရွာ ကို ၂၀၀၆ ခုနှစ်မှာရောက်တယ်။ အဲဒီနေရာကမြို့နဲ့ အလှမ်းဝေး တယ်။ တဖက်မှာလည်းအမဲရောင် နယ်မြေဒီဘက်မှာလည်း အာဏာ ပိုင်တွေ အဲဒီမှာ ကျန်းမာရေးစောင့် ရှောက်မယ့်သူမရှိဘူး။ ကျွန်တော် တစ်ဖက်နိုင်ငံမှာ ဒုက္ခခံခဲ့ပြီး သင်ထားတဲ့ဒီပညာနဲ့ကုသစောင့် ရှောက်ပေးဖို့ဆုံးဖြတ်ခဲ့တယ်။ သံဃာတော်တွေ၊ပါတီအဖွဲ့အစည်း တွေက အကူအညီတောင်းခံခဲ့ တယ်။ ရွာသားအချို့က တပ်ကို သတင်းပေးတယ်။ ဖောက်ခွဲရေး သင်တန်းတွေပေးတယ်လို့တိုင်တန်း တယ်။ ဒီတော့တပ်ကခေါ်၊စစ်ရဲက ခေါ်၊ထောက်လှမ်းရေးက၊ ခေါ်စစ်၊ အမျိုးမျိုးခေါ်စစ်တယ်။ အိမ်ပေါ်တက်ပြီး ဓားနဲ့ ခုတ် နောက်ကလိုက်ဆဲနဲ့ ကျွန်တော် တို့ရဲ့ဘ၀ကို နှစ်နှစ်ကာကာကာ ကွယ်ပေးမယ့်သူမရှိဘူး။ အဲဒီရွာက ပြောင်းပြီး တံခွန်တိုင်မှာလာနေ တယ်။ ဂေါပကဖွဲ့နဲ့ ပါတီအချို့က အစည်းအဝေးလုပ်ပြီး စိုးသန်းနိုင် မိသားစုကို မောင်းထုတ်ဖို့ မိုက်နဲ့ အော်ပြီး ရွာသားတွေကို လက်မှတ် ရေးထိုးခိုင်းတယ်။ ရွာသားတွေက မထိုးတော့ တစ်အိမ်တက်တစ် အိမ်ဆင်းလက်မှတ်လိုက်ထိုးခိုင်း တယ်။ လူကုန်ကူးတယ် ခြေရှုတ် တယ်ဆိုပြီး အုပ်ချုပ်ရေးမှူးကို တိုင်တယ်။ ကျွန်တော်က အကျိုး အကြောင်းရှင်းပြတော့ ဒါက ကျွန်တော့်ကိစ္စမဟုတ်ဘူး။ ရဲကို ပြောရမယ့်ကိစ္စ ကျွန်တော်ကရဲဘာ မှ မလုပ်ပေးနိုင်ဘူးလို့ပြောတော့ သူက အထက်တင်ပြရမယ့်ကိစ္စဆိုပြီး ဘာအကြောင်းမှမပြန်ဘူး။ ကျွန်တော်အထက်ကိုအဆင့်ဆင့် တင်ပြပေမယ့်လည်း ဘယ်သူကမှ ဖြေမရှင်းပေးတော့ ကျွန်တော်တို့ မိသားစုမှာ စားဝတ်နေရေးဒုက္ခ ရောက်တယ်။ ကျွန်တော့်လိုပဲ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အလင်းဝင်တိုင်းရင်းသားတွေကို တသီးပုဂ္ဂလခွဲခြားဆက်ဆံခံနေရ တာကို မီဒီယာကနေတစ်ဆင့် ကျွန်တော်နိုင်ငံတော်ကို တင်ပြ လိုပါတယ်။ ကျွန်တော်ချမ်းသာဖို့ ဆုမတောင်းပါဘူး။ ဘယ်မှာမှ ဗုံးမကွဲပါစေနဲ့လို့ဆုတောင်းနေရ တယ်။ ဗုံးကွဲတိုင်းခေါ် ခေါ်ပြီး အစစ်ခံနေရလို့ပါ”ဟု အလင်းဝင် ဗိုလ်ကြီးအဆင့်စိုးသန်းနိုင်ကပြော ကြားခဲ့ပါတယ်။
စိုးစိုးနွယ်(ဟိုပင်)
Copy From Hot News Weekly Web Page
Copy From Hot News Weekly Web Page

Tags:
မေးမြန်းခန်း
Leave a comment