သပိတ်ဖြိုခွင်းခံရမှုကြောင့် ပြင်းထန်မီးလောင်ဒဏ်ရာရရှိခဲ့သော ဆရာတော် ဘန်ကောက်ဆေးရုံကြီးသို့သွားရောက်ဆေးကုသတော့မည်
လက်ပံတောင်းတောင် သပိတ်ဖြိုခွင်းခံ၇မှုကြောင့် ပြင်းထန်မီးလောင်ဒဏ်ရာရရှိ
ခဲ့သော ဆရာတော်ဦးတိက္ခဥာဏသည် ယနေ့ညနေ ၄နာရီခွဲတွင်
MAIလေကြောင်းဖြင့်ဘန်ကောက်ဆေးရုံကြီးသို့သွားရောက်ဆေးကုသတော့
မည်ဖြစ်ကြောင်းဆရာတော်၏သားဖြစ်သူ ဒေါက်တာနေသူရိန်ကပြောသည်။
"ရန်ကုန်ဆေးရုံကြီးကနေနေ့လည် ၂နာရီလောက်ဆင်းပါမယ်။ဆရာတော်နဲ့အတူမိသားစုဝင်၃ဦးလိုက်ပါမှာပါ။ဟု ၄င်းကဆိုသည်။
ဆေးသွားရောက်ကုသရေးအတွက် အလှူရှင်များလာရောက်လှူဒါန်းငွေ ကျပ်သိန်း၁၀၀နီးပါး ရရှိထားကြောင်းသိရသည်။လက်ပံတောင်းတောင် ဖြိုခွင်းမှုတွင် ဒဏ်ရာရရှိခဲ့သောဆရာတော်ဦးဇင်း ဦးတိက္ခ သည် သက်တော် ၆၄ နှစ်ရှိပြီဖြစ်ကြောင်းသိရသည်။
Copy From Popoular Myanmar News Facebook Page

Tags:
လူမှုရေး
Leave a comment