ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်တွင် ဒ
ီဇင်ဘာလ ၂ ရက်နေ့က ထပ်မံဖြစ်ပေါ်လာသည့် ဘင်္ဂလီများ၏ တစ်ကျော့ပြန် ရန်စမှုအား ထိရောက်စွာ အရေးယူပေးရန် ရခိုင်ပြည်သူများတောင်းဆို သွားမည် ဟုသိရှိရပါသည်။
ဖြစ်စဉ်မှာ မင်းပြားမြို့နယ်၊သေကန်ကျေးရွာနေ ဦးမောင်သိန်းနု(ဘ) ဦးကျော်စိန်အောင် (၄၉)နှစ် အား ၂-၁၂-၂၀၁၂ နေ့ ညနေ (၃း၄၅)နာရီအချိန်ခန့်တွင် နရမ်းကျေးရွာမှ မိမိကျေးရွာသို့ ပြန်လာစဉ် လမ်းရှိစက်ရုံမော်ချောင်းငယ်အား ဖြတ်ကူးရန်ပြင်ဆင်နေခိုက်တွင် စမ္ဘလေ(ဘင်္ဂလီ) ကျေးရွာမှ ဘင်္ဂလီ(၂၀)ဦးခန့်သည် တုတ်၊ ဓားများဖြင့် ရောက်ရှိလာကာ ဦးမောင်သိန်းနုအား မပြောမဆိုစတင် ၀င်ရောက်တိုက်ခိုက် ခုတ်ဖြတ်သတ်ခဲ့သည်။ ဦးမောင်သိန်းနုမှ ပြန်လည်ခုခံယင်း ထွက်ပြေးခဲ့ သည့်တိုင် ဒဏ်ရာပြင်ထန်စွာဖြင့် မိမိကျေးရွာသို့ အရောက် ထွက်ပြေးလွတ်မြောက်လာပြီး ကျေးရွာမှ သက်ဆိုင်ရာလူကြီးများအား အသိပေးတိုင်ကြားရာမှ ကျေးရွာ သူ/သား များမှ မင်းပြားဆေးရုံသို့ အမြန်ပို့ဆောင်ပေးခဲ့ရသည်။
ဦးမောင်သိန်းနုမှာ ဓါးဒဏ်ရာများကြောင့် သွေးထွက်မှုအလွန်များပြားနေသဖြင့် သတိကောင်းစွာ မရရှိဘဲ မင်းပြားဆေးရုံတွင် အတွင်းလူနာအဖြစ် အရေးပေါ်ဆေးကုသမှုခံယူနေကြောင်း သိရှိရပါ သည်။
သို့သော်လည်း ထိုစမ်းဘလေရွာမှ ဘင်္ဂလီများအား ဖမ်းဆီးခြင်းမရှိဘဲ ရခိုင်ပြည်နယ်မြို့နယ်အနှံ့ရှိ ရခိုင်တိုင်းရင်းသားများကိုသာ လိုက်လံဖမ်းဆီးနေခြင်းအပေါ် ဒေသခံများ မကျေမနပ်ဖြစ်နေကြရ ပြီး အပြစ်မဲ့ ရခိုင်များကို နေ့စဉ်လိုက်လံဖမ်းဆီးခြင်းအား ရပ်တန့်ပေးရန်နှင့် ဦးမောင်သိန်းနုအား ရုတ်တ ရက်ဝင်ရောက်တိုက်ခိုက်ခဲ့သူများအား ချက်ချင်းအရေးယူဖမ်းဆီးပေးရန် ပြည်သူများ တောင်းဆိုသွား မည်ဖြစ်ကြောင်းလည်းသိရှိရပါသည်။
ထိုဖြစ်ရပ်များသည် အစိုးရအနေဖြင့် ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးမည်မျှပင်ချထားသည် ဆိုစေ ကာမူ ရခိုင်လူမျိုးများအတွက်မူ လုံခြုံမှုမရှိသဖြင့် မိမိကိုယ်ကို ကာကွယ်ရုံမှတစ်ပါး အခြားမရှိ ကြောင်း ထိုဖြစ်ရပ်များက မီးမှောင်းထိုးပြနေပါသည်။

Copy From RSV Facebook Page


These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free