လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း အရေးနဲ့ ပတ်သက်ပြီး
စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ ပထမဆုံးအကြိမ် အစည်းအဝေးကို ဒီဇင်ဘာလ ၄ ရက်
ဒီကနေ့ နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။
|
၂ဝ၁၁ ခုနှစ် သြဂုတ်လ ၂ဝ ရက်နေ့က
နေပြည်တော်တွင် ကျင်းပသည့် “စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက်
ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ” ဒုတိယနေ့တွင်
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်။ (Photo:
AFP)
|
မနေ့က ဒီဇင်ဘာလ ၃ ရက်နေ့မှာ သမ္မတ ဦးသိန်းစိန်က
ကော်မရှင်အဖွဲ့ဝင်တွေနဲ့ လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေ အသစ်ပြန်လည်
ပြင်ဆင်ဖွဲ့စည်းပေးခဲ့အပြီးနောက် ပထမဆုံးအကြိမ် ကျင်းပတဲ့ အစည်းအဝေး
ဖြစ်ပါတယ်။
ဒီကနေ့ အစည်းအဝေးမှာ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကို နိုင်ငံတကာပြဌာန်းချက်တွေနဲ့ အညီ ဆောင်ရွက်ခြင်း ရှိ/မရှိ ၊ ဒီစီမံကိန်းက လူထုနဲ့ သဘာဝ ပတ်ဝန်းကျင်အတွက် ကောင်းကျိုး၊ ဆိုးကျိုး ဖြစ်ပေါ်စေမှုတွေနဲ့ ပြည်သူတွေအတွက် အကျိုးဖြစ်ထွန်းမှု ရှိ/မရှိ ဆိုတာတွေကို ကော်မရှင် အဖွဲ့ဝင် ၁၆ ဦး အသီးသီး တာဝန်ယူရမယ့် ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး ဒေသခံတွေရဲ့ ဆန္ဒပြမှုတွေ လ နဲ့ ချီ ကြာမြင့်လာခဲ့တဲ့ အတွက် ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၃ ရက်နေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ဒေါ်ခင်စန်းလှိုင်က ဒီစီမံကိန်းကို စုံစမ်းရေး ကော်မရှင်တစ်ရပ်ဖွဲ့စည်းပြီး စစ်ဆေးပေးဖို့ တင်ပြခဲ့တာကို လွှတ်တော်က အတည်ပြုပြီးနောက် နိုင်ငံတော်သမ္မတက ဖွဲ့စည်းတာဝန်ပေးခဲ့တာ ဖြစ်ပါတယ်။
Copy From RFA Web Page

Tags:
သတင်း,
နိုင်ငံရေး

Leave a comment