လက်ပံတောင်းတောင်သပိတ်စခန်း အင်အားသုံးဖြိုခွဲစဉ် အနီး၌ရှိနေသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပိုက်ကို တွေ့ဆုံခြင်း
ရေးသားသူ- အောင်ခိုင်၊ မျိုးမင်းဦး
နိုဝင်ဘာ ၂၉ရက် နံနက်ပိုင်းအဓိကရုဏ်း ဖြစ်ပွားတဲ့နေရာမှာ ရှိနေခဲ့တယ်လို့ သိရပါတယ်။ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ တစ်ယောက်
အနေနဲ့ ဒီဖြစ်ရပ်အပေါ်ဆရာ့ရဲ့ အမြင်ကို သိချင်ပါတယ်။
အဲဒီနေ့မနက် (၃) နာရ
ီမှာ
ကျွန်တော်က ကံကုန်းရွာထဲမှာရှိ နေပါတယ်။ သပိတ်စခန်းကနေ “စပြီးဖြစ်နေပြီ”
လို့ ဖုန်းနဲ့လှမ်းပြော ပါတယ်။ နာရီဝက်လောက်အကြာ မှာ ဒဏ်ရာရလူနာတွေ
များနေလို့ ဆေးရုံတင်ဖို့ လှမ်းပြောပါတယ်။ ဒေါ်ခင်စန်းလှိုင်လှမ်းဆက်သွယ်တဲ့အခါမှာ
လမ်းတွေပိတ်ထားတဲ့အတွက် လာလို့မရဘူးလို့ သိရပါတယ်။ ဒါ့ကြောင့်
သက်သေခံအနေနဲ့ ရအောင် လုံခြုံရေးတွေကြားထဲ ဖောင်းကားကျေးရွာ
ဒက္ခိဏာရာမကျောင်းကို ကျွန်တော်သွားပါတယ်။ ကျောင်းအ၀င်မှာ မီးလောင်ဗုံးနဲ့
လှမ်းပစ်လို့ မျက်နှာချင်းဆိုင်က ရိုးပြတ်တောထဲကို ကျပြီး
မီးလောင်သွားပါတယ်။ အဲဒီနောက် လူမှုကူညီရေးကားတွေ ရောက်လာပြီး အဲဒီကားထဲမှာ
ခုနစ်ပါး၊ ကျွန်တော့်ကားမှာ သုံးပါး
တင်ပြီးတော့ မုံရွာကို ပို့ပါတယ်။ ညောင်ပင်ကြီးဆိပ်မှာ ရောက်ရောက်ချင်း သံဃာတွေကို အရေးပေါ်ကုသပေးပါတယ်။ ဆိပ်ကမ်းမှာအားလုံး လက်ခံရရှိတာ (၃၂) ပါးပါ ။ ကျွန်တော်တို့အားလုံး အချိန်နဲ့တစ်ပြေးညီ လုပ်နိုင်လို့ ဒီအထောက်အထားတွေ ရလာတာ ဖြစ်တယ်။ ဒီကိစ္စက ပေါ်ပေါ်ထင်ထင်ဖြစ်သွားတာဖြစ်တယ်။
ကူညီလုပ်ကိုင်တဲ့ နာရေးအဖွဲ့တွေ အားလုံးကို အသိအမှတ်ပြုရပါတယ်။
ကျွန်တော်ကတော့ ဒေါ်အောင် ဆန်းစုကြည်ခရီးစဉ်ကိုလာရင်း ကံအားလျော်စွာ
ရှိနေတာပါ။ ကျွန်တော် ပြောချင်တာက အားလုံးကူညီပေးကြလို့ ဒီလိုသက်သေ
အထောက်အထားတွေ ဖြစ်သွားတယ်လို့ မြင်ပါတယ်။
အခုလို အင်အားသုံးဖြို ခွဲတာကို ဘယ်လိုထင်မြင်မိပါသလဲ။ ဒေါ်အောင်ဆန်းစုကြည်က မလိုအပ်ဘဲ အင်အားသုံးဖြိုခွဲတာ ကို ပြည်သူတွေအနေနဲ့ သိခွင့်ရှိတယ်လို့ ပြောသွားပါတယ်။
တကယ်တမ်းဆိုရလျှင် ဆန္ဒပြတဲ့လူစုလူဝေးဖြိုခွဲဖို့ အစီအစဉ်တွေရှိကြပါတယ်။ အခုသူတို့က နိုင်ငံတကာစံနှုန်းနဲ့လို့ ပြောကြတယ်။ တကယ်ပြောရလို့ရှိရင် နိုင်ငံတကာအနေနဲ့ဆိုရင် ပထမ လူစုခွဲဖို့ပြော။ မရရင် ရေနဲ့ပက်။ ဒါမှမရရင် ၀င်ပြီးတော့ရိုက်။ ဒါမှမရရင် မိုးပေါ်ထောင်ပစ်။ အခုက သူတို့ပြောတာက ရေနဲ့ပက်ပြီး မျက်ရည်ယိုဗုံးပဲ သုံးတယ်ဆိုပေမယ့် သက်သေတွေက အထင်အရှားရှိတယ်။ မျက်ရည်ယိုဗုံးဆိုရင် ရေဆွတ်ထားတဲ့ လက်ကိုင်ပ၀ါနဲ့ နှာခေါင်းကို အုပ်ရင်ရတယ်။ အခုတွေ့ရတဲ့ အဖုအပိန့်တွေက မီးလောင်တဲ့ ဒဏ်ရာတွေကြီးပဲ။ ကျွန်တော်ကတော့ သိက္ခာရှိရှိနဲ့ “မဖြစ်နိုင်လို့ လုပ်ရင်လုပ်တယ်” ပြောစေချင်တယ်။ အဲဒီလိုပြေလည်အောင် မလုပ်ဘဲ ရှုပ်ထွေးတဲ့ အပြောတွေ လက်မခံနိုင်ဘူး။ ပြင်းပြင်းထန်ထန်ပြောရရင် ဓာတုလက်နက်နဲ့ ပစ်တယ်ဆိုတာ နိုင်ငံတကာမှာတောင် မလုပ်ဘူး။ ရန်သူနိုင်ငံချင်းမှ လုပ်ကြတာ။ ဒီလို
ဖြစ်သွားတာ ကျွန်တော်တစ်ဦး တစ်ယောက်တည်းအမြင်နဲ့ ပြောရရင် လုံးဝလက်မခံနိုင်ဘူး။
သက်ဆိုင်ရာက မျက်ရည်ယိုဗုံးပဲသုံးတယ်လို့ အကြိမ်ကြိမ်ပြောပါတယ်။ ဓာတုလက်နက်သုံးတယ်လို့ ဝေဖန်ကြတဲ့အပေါ် ဘယ်လိုမြင်ပါသလဲ။
၁၉၆၂ ခုနှစ်တုန်းက ဆန္ဒပြတာတွေကို နှိမ်နင်းတဲ့ပစ်တာခတ်တာတွေ ရှိတယ်။ မျက်ရည်ယိုဗုံးတွေကို သုံးတယ်။ မျက်ရည်ယိုဗုံးက အခိုးအငွေ့တွေကြောင့် မျက်ရည်ပူတွေကျပြီး မမြင်နိုင်တော့ဘူး။ ပြီးရင် အသက်ရှူမွန်းကျပ်လာတယ်။ ဒါကိုရေဆွတ်ပြီး မျက်နှာကို အုပ်ဖြေရှင်းလို့ရတယ်။ အခုဗုံးက ကျကျချင်းကွဲတယ်။ သင်္ကန်းတွေ စုတ်ပြတ်သွားတယ်။ မီးလောင်တယ်။ ဒါတွေကိုကြည့်ရင် ဓာတုပါတဲ့ ဗုံးဖြစ်တယ်ဆိုတာ အတိအကျပြောလို့ရတယ်။ ဒါကို ဖြေလျှော့ပြီးတော့ ပြောနေကြတာ။ လုပ်ရင်လုပ်တယ်၊ မဖြစ်နိုင်လို့ လုပ်ရတယ်။ ဒီလိုပဲ ပြောစေချင်ပါတယ်၊ ဒီလိုမှ မလုပ်ရင် မကျေနပ်မှုတွေက ပိုများလာမှာပါ။ ကျွန်တော်လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ဒီဖြစ်ရပ်မှာ သုံးတဲ့ဗုံးတွေက လူ့ရဲ့ခန္ဓာကိုယ်ကိုစားစေတဲ့ ဓာတုဗုံးတွေလို့အတိအကျပြောနိုင်ပါတယ်။
ဒီဖြစ်ရပ်မှာ အားပေးအားမြှောက်လုပ်တဲ့ အဖွဲ့အစည်းတွေ နိုင်ငံရေးပယောဂတွေ ပါဝင်နေတယ်လို့ ဝေဖန်သံတွေကြားရပါတယ်။ ဘယ်လိုမြင်မိပါသလဲ။
ပွင့်ပွင့်လင်းလင်းပြောရရင် ၀န်ကြီးကိုအောင်မင်းက တစ်ပတ်အတွင်း သမ္မတကြီးဆီတင်ပြမယ်။ ပြီးရင် အကြောင်းပြန်မယ်လည်းပြောတယ်။ အလုံးစုံမဟုတ်တောင်မှတစ်စိတ်တစ်ပိုင်း
ဖြေရှင်းပေးမယ်လို့ ရည်ရွယ်ချက်ရှိတယ် ထင်တယ်။ သမ္မတကြီးဆီ တင်ပြပြီး
လေးရက်ကြာမှာ ဒီလိုဖြစ်သွားတာ။ အကြောင်းပြန်တာက ဒီလိုပုံစံတဲ့လား။
ပြည်သူတွေက ဆယ်ရက်အတွင်းမှာ အကြောင်းပြန်ကြားမယ်လို့ပဲ ထင်ကြတာ။
မမျှော်လင့်ဘဲ ဒီလောက်ကြီး ဖြိုခွဲတာက ဆိုးဆိုးရွားရွား ဖြစ်တဲ့အပေါ်
ခံစားချက်ရှိကြမှာပါ။ ဦးအောင်မင်းက သမ္မတကြီးအပေါ် အာမခံသွားတယ်။ ပြောရရင်
မြှောက်ပေးတဲ့သူတွေ ရှိပါလိမ့်မယ်။ နောက်ကြောင်းပြန်ချင်တာလည်း
ရှိချင်ရှိမယ်။ ပိုမိုရှုပ်ထွေးအောင် လုပ်တဲ့သူလည်း ရှိချင်ရှိမယ်။
ခံရတဲ့သူတွေ ဘက်ကတော့ အတွေးအခေါ်နဲ့ မစဉ်းစားတတ်တဲ့အခါ
စခန်းသိမ်းတိုက်ပွဲနောက်ဆုံးတိုက်ပွဲလို့ ပြောတဲ့သူတွေလည်း ရှိချင်ရှိမယ်။ ဟိုဘက်ကလည်း ဓာတုပစ္စည်းတွေသုံးအောင်လုပ်တဲ့သူရှိချင်ရှိမယ်။
တစ်ဖက်ကလည်း သပိတ်အရှိန်ကို အမြင့်ဆုံးရောက်အောင် တင်ချင်တဲ့
သူတွေရှိနိုင်တယ်။ ဒေသခံတွေက ခံစားချက်အရပဲ သိပြီးတော့ မလုပ်တတ်လို့လည်း
ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဖြစ်သွားပြီးပြီ။ ကျွန်တော်က
လက်ပန်းတောင်းတောင်ကိစ္စကို မပြောဘူး။ ၀မ်ပေါင်ကလုပ်တာ၊ ဦးပိုင်က
လုပ်တာလို့ မပြောဘူး။ အခုအဖြစ် အပျက်ကိုပဲ ပြောချင်တယ်။ အစိုးရအနေနဲ့
တာဝန်ယူစေချင်တယ်။ အမှန်အတိုင်း ပြောစေချင်တယ်။ နစ်နာသူတွေလည်း ပြေလည်
အောင်ဖြေရှင်းပေးစေချင်တယ်။ ဒါမှ ပြည်သူတွေ စိတ်ချမ်းသာမှုရမယ်။
ဒီမိုကရေစီစနစ်မှာ ဒီလောက်အထိ ရန်သူသဖွယ်လုပ်တာတွေက မဖြစ်သင့်ဘူး။ ဒါပေမဲ့
ဖြစ်ပြီးသွားပြီဆိုတော့ ဟိုဘက်ကလည်း အမှန်ကို ပြောသင့်တယ်။ မရလို့
မပြောနိုင်သည့်တိုင်အောင် ပြေလျော့အောင် လုပ်သင့်တယ်။ အခု ကော်မရှင်က
ကြားထဲမှ ၀င်ဆုံးဖြတ်မှာ။ အဲဒီမှာအစိုးရဘက်က ၀င်ပြောပေးတဲ့ သူရှိနိုင်တယ်။
ဒီနေ့ ကော်မရှင်မှာ အရင်က စုံစမ်းတဲ့ သူတွေပါရင် အမြင်တွေကို
ပြောင်းလဲပစ်မှာပဲ။ ဒီလိုမှမဟုတ်ရင် ပြေလည်နိုင်မှာ မဟုတ်ဘူး။
ကျွန်တော်ဒါကိုပဲ စိုးရိမ်မိပါတယ်။
ဒီဖြစ်ရပ်မှာ သံဃာတော်တွေရှေ့တန်းက ပါဝင်တဲ့အပေါ်မှာ ဝေဖန်ပြောဆိုမှုတွေ ကြားရပါတယ်။ ဒါကို ဘယ်လိုထင်မြင်မိပါသလဲ။
(၁၉) ရက် သပိတ်စတော့ မုံရွာသံဃာတော်တွေ မပါနိုင်အောင် တားတယ်လို့ သိရတယ်။ (၂၆) ရက်လောက်မှ ပါလာတယ်လို့သိရတယ်။ အခုမန္တလေး၊ မုံရွာ၊ ပခုက္ကူ သံဃာတော်တွေ ပါလာကြတယ်။ အယူအဆက နှစ်မျိုးရှိတယ်။ သာသနာ့နယ်မြေလယ်တီ ဆရာတော်ဘုရားကြီး သီတင်းသုံးတဲ့ နေရာထိပါးမှာ စိုးရိမ်လို့။ နောက်တစ်ချက်က ပခုက္ကူက သံဃာတော်တွေကို မေးကြည့်တော့ တာဝန်သိတဲ့သူက သိသလိုဆောင်
ရွက်လိမ့်မယ်။ တာဝန်မယူတဲ့သူက မသိသလို ဆောင်ရွက်လိမ့်မယ်၊ သံဃာတော်တွေရဲ့တာဝန်က သာသနာကို ကာကွယ်ဖို့၊ စောင့်ရှောက်ဖို့ တာဝန်ရှိတယ်။ ဒါ့ကြောင့် ပါဝင်လာတာ။ ဒီလိုပဲဖြေကြတယ်။ ဒါ့ကြောင့် နားလည်မှုရှိရှိနဲ့ဆိုပြေလည်နိုင်တယ်။ မဟုတ်ရင်တော့ ခက်ခဲနေအုံးမှာပဲ။
အခုဖြစ်ရပ်မှာ ဘယ်လိုသက်သေ အထောက်အထားတွေ ရရှိခဲ့ပါသလဲ။
ဒက္ခိဏရာမကျောင်းတိုက်မှာ ဒဏ်ရာရတဲ့ သံဃာတွေ စုနေကြတယ်။ သူတို့ကို ပထမဆုံး ညောင်ပင်ကြီးဆိပ်ကမ်းကို ပို့ဆောင်ပေးတဲ့ ဓာတ်ပုံတွေ အထောက်အထားတွေ ကျွန်တော်တို့မှာ ရှိတယ်။ ဒဏ်ရာတွေက ပထမနဲ့ နောက်နှစ်ရက် သုံးရက်လောက်နဲ့ မတူတော့ဘူး။ ပိုပြီးဆိုး လာတယ်။ မျက်ရည်ယိုဗုံးကိုသုံးရင် ဒီလိုဖြစ်လားဆိုတာ မေးခွန်းထုတ်စရာဖြစ်လာပါတယ်။
ဘာများဖြည့်စွက်ပြောကြားလိုပါသလဲ။
ကျွန်တော်က လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့
ကံအားလျော်စွာရှိနေတာပါ။ ကျန်တဲ့သူတွေက လမ်းတွေပိတ်ထားသည့်အတွက်
လာချင်ပေမယ့် မလာနိုင်ကြတာပါ။ ဒေါ်ခင်စန်းလှိုင်ဆိုရင် ပထမ မုံရွာဘက်က
အားလုံးကို စီစဉ်ပြီးပြီ။ (၁၄) ပါးမြောက်လောက် သယ်အပြီးမှာ
ဒီဘက်ကိုကူးလာပြီး ဒက္ခိဏာရာမ ကျောင်းတိုက်ကို သွားကြတယ်။
သွားမေးမြန်းပြီးတော့နှစ်သိမ့်ပေးကြတယ်။
ပါဝင်ဆောင်ရွက်တဲ့ လူမှုကူညီရေးအဖွဲ့တွေ အားလုံးကို အသိအမှတ်ပြုပါတယ်။
ဒီလိုဆောင်ရွက်လို့ အထောက်အထားတွေကို နာရီဝက်လောက်အကြာမှာ ပေးနိုင်တာပါ။
မဟုတ်ရင်သိကြမှာ မဟုတ်ဘူး။ ကျွန်တော့်အနေနဲ့တော့ ပြောစရာမရှိပါဘူး။
အားလုံးပြေလည်သွားရင် ကျေနပ်ပါပြီ။ ကော်မရှင်ကို သိစေ
ချင်တာက ဘယ်သူ့ကိုမှ မနစ်နာစေချင်ပါဘူး။
ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ။
Copy From 7day News Facebook Page
တင်ပြီးတော့ မုံရွာကို ပို့ပါတယ်။ ညောင်ပင်ကြီးဆိပ်မှာ ရောက်ရောက်ချင်း သံဃာတွေကို အရေးပေါ်ကုသပေးပါတယ်။ ဆိပ်ကမ်းမှာအားလုံး လက်ခံရရှိတာ (၃၂) ပါးပါ ။ ကျွန်တော်တို့အားလုံး အချိန်နဲ့တစ်ပြေးညီ လုပ်နိုင်လို့ ဒီအထောက်အထားတွေ ရလာတာ ဖြစ်တယ်။ ဒီကိစ္စက ပေါ်ပေါ်ထင်ထင်ဖြစ်သွားတာဖြစ်တယ်။
အခုလို အင်အားသုံးဖြို ခွဲတာကို ဘယ်လိုထင်မြင်မိပါသလဲ။ ဒေါ်အောင်ဆန်းစုကြည်က မလိုအပ်ဘဲ အင်အားသုံးဖြိုခွဲတာ ကို ပြည်သူတွေအနေနဲ့ သိခွင့်ရှိတယ်လို့ ပြောသွားပါတယ်။
တကယ်တမ်းဆိုရလျှင် ဆန္ဒပြတဲ့လူစုလူဝေးဖြိုခွဲဖို့ အစီအစဉ်တွေရှိကြပါတယ်။ အခုသူတို့က နိုင်ငံတကာစံနှုန်းနဲ့လို့ ပြောကြတယ်။ တကယ်ပြောရလို့ရှိရင် နိုင်ငံတကာအနေနဲ့ဆိုရင် ပထမ လူစုခွဲဖို့ပြော။ မရရင် ရေနဲ့ပက်။ ဒါမှမရရင် ၀င်ပြီးတော့ရိုက်။ ဒါမှမရရင် မိုးပေါ်ထောင်ပစ်။ အခုက သူတို့ပြောတာက ရေနဲ့ပက်ပြီး မျက်ရည်ယိုဗုံးပဲ သုံးတယ်ဆိုပေမယ့် သက်သေတွေက အထင်အရှားရှိတယ်။ မျက်ရည်ယိုဗုံးဆိုရင် ရေဆွတ်ထားတဲ့ လက်ကိုင်ပ၀ါနဲ့ နှာခေါင်းကို အုပ်ရင်ရတယ်။ အခုတွေ့ရတဲ့ အဖုအပိန့်တွေက မီးလောင်တဲ့ ဒဏ်ရာတွေကြီးပဲ။ ကျွန်တော်ကတော့ သိက္ခာရှိရှိနဲ့ “မဖြစ်နိုင်လို့ လုပ်ရင်လုပ်တယ်” ပြောစေချင်တယ်။ အဲဒီလိုပြေလည်အောင် မလုပ်ဘဲ ရှုပ်ထွေးတဲ့ အပြောတွေ လက်မခံနိုင်ဘူး။ ပြင်းပြင်းထန်ထန်ပြောရရင် ဓာတုလက်နက်နဲ့ ပစ်တယ်ဆိုတာ နိုင်ငံတကာမှာတောင် မလုပ်ဘူး။ ရန်သူနိုင်ငံချင်းမှ လုပ်ကြတာ။ ဒီလို
ဖြစ်သွားတာ ကျွန်တော်တစ်ဦး တစ်ယောက်တည်းအမြင်နဲ့ ပြောရရင် လုံးဝလက်မခံနိုင်ဘူး။
သက်ဆိုင်ရာက မျက်ရည်ယိုဗုံးပဲသုံးတယ်လို့ အကြိမ်ကြိမ်ပြောပါတယ်။ ဓာတုလက်နက်သုံးတယ်လို့ ဝေဖန်ကြတဲ့အပေါ် ဘယ်လိုမြင်ပါသလဲ။
၁၉၆၂ ခုနှစ်တုန်းက ဆန္ဒပြတာတွေကို နှိမ်နင်းတဲ့ပစ်တာခတ်တာတွေ ရှိတယ်။ မျက်ရည်ယိုဗုံးတွေကို သုံးတယ်။ မျက်ရည်ယိုဗုံးက အခိုးအငွေ့တွေကြောင့် မျက်ရည်ပူတွေကျပြီး မမြင်နိုင်တော့ဘူး။ ပြီးရင် အသက်ရှူမွန်းကျပ်လာတယ်။ ဒါကိုရေဆွတ်ပြီး မျက်နှာကို အုပ်ဖြေရှင်းလို့ရတယ်။ အခုဗုံးက ကျကျချင်းကွဲတယ်။ သင်္ကန်းတွေ စုတ်ပြတ်သွားတယ်။ မီးလောင်တယ်။ ဒါတွေကိုကြည့်ရင် ဓာတုပါတဲ့ ဗုံးဖြစ်တယ်ဆိုတာ အတိအကျပြောလို့ရတယ်။ ဒါကို ဖြေလျှော့ပြီးတော့ ပြောနေကြတာ။ လုပ်ရင်လုပ်တယ်၊ မဖြစ်နိုင်လို့ လုပ်ရတယ်။ ဒီလိုပဲ ပြောစေချင်ပါတယ်၊ ဒီလိုမှ မလုပ်ရင် မကျေနပ်မှုတွေက ပိုများလာမှာပါ။ ကျွန်တော်လွှတ်တော်ကိုယ်စားလှယ်တ
ဒီဖြစ်ရပ်မှာ အားပေးအားမြှောက်လုပ်တဲ့ အဖွဲ့အစည်းတွေ နိုင်ငံရေးပယောဂတွေ ပါဝင်နေတယ်လို့ ဝေဖန်သံတွေကြားရပါတယ်။ ဘယ်လိုမြင်မိပါသလဲ။
ပွင့်ပွင့်လင်းလင်းပြောရရင် ၀န်ကြီးကိုအောင်မင်းက တစ်ပတ်အတွင်း သမ္မတကြီးဆီတင်ပြမယ်။ ပြီးရင် အကြောင်းပြန်မယ်လည်းပြောတယ်။ အလုံးစုံမဟုတ်တောင်မှတစ်စိတ်တစ်
ဒီဖြစ်ရပ်မှာ သံဃာတော်တွေရှေ့တန်းက ပါဝင်တဲ့အပေါ်မှာ ဝေဖန်ပြောဆိုမှုတွေ ကြားရပါတယ်။ ဒါကို ဘယ်လိုထင်မြင်မိပါသလဲ။
(၁၉) ရက် သပိတ်စတော့ မုံရွာသံဃာတော်တွေ မပါနိုင်အောင် တားတယ်လို့ သိရတယ်။ (၂၆) ရက်လောက်မှ ပါလာတယ်လို့သိရတယ်။ အခုမန္တလေး၊ မုံရွာ၊ ပခုက္ကူ သံဃာတော်တွေ ပါလာကြတယ်။ အယူအဆက နှစ်မျိုးရှိတယ်။ သာသနာ့နယ်မြေလယ်တီ ဆရာတော်ဘုရားကြီး သီတင်းသုံးတဲ့ နေရာထိပါးမှာ စိုးရိမ်လို့။ နောက်တစ်ချက်က ပခုက္ကူက သံဃာတော်တွေကို မေးကြည့်တော့ တာဝန်သိတဲ့သူက သိသလိုဆောင်
ရွက်လိမ့်မယ်။ တာဝန်မယူတဲ့သူက မသိသလို ဆောင်ရွက်လိမ့်မယ်၊ သံဃာတော်တွေရဲ့တာဝန်က သာသနာကို ကာကွယ်ဖို့၊ စောင့်ရှောက်ဖို့ တာဝန်ရှိတယ်။ ဒါ့ကြောင့် ပါဝင်လာတာ။ ဒီလိုပဲဖြေကြတယ်။ ဒါ့ကြောင့် နားလည်မှုရှိရှိနဲ့ဆိုပြေလည်နိုင
အခုဖြစ်ရပ်မှာ ဘယ်လိုသက်သေ အထောက်အထားတွေ ရရှိခဲ့ပါသလဲ။
ဒက္ခိဏရာမကျောင်းတိုက်မှာ ဒဏ်ရာရတဲ့ သံဃာတွေ စုနေကြတယ်။ သူတို့ကို ပထမဆုံး ညောင်ပင်ကြီးဆိပ်ကမ်းကို ပို့ဆောင်ပေးတဲ့ ဓာတ်ပုံတွေ အထောက်အထားတွေ ကျွန်တော်တို့မှာ ရှိတယ်။ ဒဏ်ရာတွေက ပထမနဲ့ နောက်နှစ်ရက် သုံးရက်လောက်နဲ့ မတူတော့ဘူး။ ပိုပြီးဆိုး လာတယ်။ မျက်ရည်ယိုဗုံးကိုသုံးရင် ဒီလိုဖြစ်လားဆိုတာ မေးခွန်းထုတ်စရာဖြစ်လာပါတယ်။
ဘာများဖြည့်စွက်ပြောကြားလိုပါသလ
ကျွန်တော်က လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အေ
ချင်တာက ဘယ်သူ့ကိုမှ မနစ်နာစေချင်ပါဘူး။
ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ။
Copy From 7day News Facebook Page

Tags:
လူမှုရေး,
မေးမြန်းခန်း
Leave a comment