၂၀၁၃ခုနှစ်မှ စ၍ နောက်ကျင်းပမည့် သင်္ကြန်များ၌ သရုပ်ပျက်ဝတ်စား ဆင်ယင်မှုများ တနည်းအားဖြင့် sexy design ဝတ်ဆင်မှုများကို တားမြစ်ရေး အဆိုကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်သို့ သင်္ကျန်းကျွန်းမြို့နယ် မဲဆန္ဒနယ်အမှတ်၁မှ ကိုယ်စားလှယ် ဦးကျော်ကတင်သွင်းခဲ့ပြီး အခြားကိုယ်စားလှယ်လေးဦးက ဝင်ရောက်ဆွေးနွေးကာ အတည်ပြုခဲ့ခြင်းဖြစ်သည်။
 |
သရုပ်ပျက်ဝတ်စားဆင်ယင်မှုတစ်ခုကို တွေ့ရှိရစဉ် |
မနှစ်က(၂၀၁၂) သင်္ကြန်တွင် မြန်မာသရုပ်ဆောင်များ မော်ဒယ်များနှင့် အခြားအမျိုးသမီးငယ်များ၏ sexy ပုံစံများ သရုပ်ပျက်ဝတ်စားဆင်ယင်မှုနှင့် သရုပ်ပျက်နေထိုင်ရေကစားပုံများကို ခိုးကူးခွေထွက်သည် အထိတွေ့ရှိရပြီးနောက် ယခုနှစ်သင်္ကြန်မတိုင်မီကာလအတွင်း ထိုအဆိုကို အတည်ပြုခဲ့ကြသည် ဖြစ်သည်။
အဆိုပါ အဆိုကို အတည်ပြုခဲ့ပြီးဖြစ်သဖြင့် သင်္ကြန်ကာလမတိုင်ခင်အချိန်အတွင်း နိုင်ငံပိုင်ရုပ်သံလိုင်းများ၊ သတင်းစာများမှ ထုတ်ပြန်ကြေငြာကာ ပိတ်ပင်ပြီးနောက် ဖောက်ဖျက်ခြင်းတွေ့ရှိပါက အရေးယူမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
 |
ဤကဲ့သို့ သရုပ်ပျက်ရေကစားခဲ့ကြသည် |
 |
မြန်မာသရုပ်ဆောင် သင်ဇာဝင့်ကျော်နှင့် နန်းသီရိမောင် |
 |
သရုပ်ပျက်ဝတ်စားသူနှစ်ဦးကို ၂၀၁၂သင်္ကြန်တွင် တွေရှိခဲ့ရစဉ် |
These icons link to social bookmarking sites where readers can share and discover new web pages.
Leave a comment