ဧရာဝတီအပါအ၀င် မြစ်ကြီးလေးစင်း၏ မြစ်ကြောင်းအတွင်းနှင့် မြစ်ကမ်းစပ်ဧရိယာအတွင်း ဓာတ်သတ္တုရှာဖွေ၊ စမ်းသပ်၊ ထုတ်လုပ်ခြင်းအား တားမြစ်ကြောင်း ထုတ်ပြန်
ဧရာဝတီမြစ်အပါအ၀င် မြစ်ကြီး လေးစင်း၏ မြစ်ကြောင်းအတွင်းနှင့် မြစ်ကမ်းစပ်ဧရိယာအတွင်း ဓာတ် သတ္တုရှာဖွေခြင်း၊ စမ်းသပ်တိုင်းတာ ခြင်း၊ ထုတ်လုပ်ခြင်းလုပ်ငန်းများကို တားမြစ်ကြောင်းကို သတ္တုတွင်းဝန် ကြီးဌာနမှ အမိန့်ထုတ်ပြန်ထားကြောင်း သိရှိရသည်။
ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ သံလွင်မြစ်၊ စစ်တောင်းမြစ်လေး သွယ်မှာ သယ်ယူပို့ဆောင်ရေးလုပ် ငန်းများ၊ ခရီးသွားလုပ်ငန်းများ၊အ သက်မွေးဝမ်းကျောင်းလုပ်ငန်းများ အတွက် အဓိကအားထားနေရခြင်း ကြောင့် သဘာဝပတ်ဝန်းကျင်ဆိုင် ရာကိစ္စရပ်များ စနစ်တကျဆောင် ရွက်ရန်၊ မြစ်ကြီးများ ရေစီးရေလာ ကောင်းမွန်ရေးကို စဉ်ဆက်မပြတ် ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ် နေကြောင်းလည်းထုတ်ပြန်ချက်များ အရ သိရှိရသည်။
“ကချင်ဘက်မှာဆိုရင် ရွှေတူး ဖော်တဲ့လုပ်ငန်းတွေအများအပြားရှိ တယ်။ ဒါပေမယ့်အဲဒီဒေသမှာ လိမ္မော် ခြံတွေ၊ လယ်ယာမြေတွေပျောက်ကုန် ပြီ။ ဧရာဝတီမြစ်ထဲကို စွန့်ပစ်တဲ့ ပြ ဒါးနဲ့တခြားသတ္တုတွေ အမြဲစွန့်ပစ် နေတာတွေ့ရတယ်။ ဒီတော့ သဘာ ၀ ပတ်ဝန်းကျင် ပျက်စီးသလို ရွှေမျှော ကထွက်တဲ့ ရွှံ့ရည်တွေ၊ စွန့်ပစ်ပစ္စည်း တွေဖြစ်တဲ့ ပြဒါးနဲ့ တခြားဓာတု ပစ္စည်းတွေ မြစ်ထဲကို အမြဲစီးဝင်နေ တဲ့အတွက် မြစ်ရေမှာလူနဲ့သတ္တ၀ါ တွေကို ထိခိုက်စေတဲ့ဓာတ်တွေ ပါဝင်နေတယ်။ ဒါတွေကထိန်းသိမ်းဖို့ လိုအပ်နေတော့ အခုလိုအမိန့်ထုတ်ပြန်ပြီး တားမြစ်သင့်တာကြာပါပြီ”ဟု လည်း သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေသူတစ်ဦးက ပြောကြားခဲ့သည်။
ထို့ပြင် ဧရာဝတီမြစ်ကြောင်း တစ်လျှောက် မြစ်ကြောင်းကျဉ်းလာ မှုဖြစ်စဉ်များ၊ မြစ်ရေညစ်ညမ်းမှုနှင့် မြစ်ကြောင်းတစ်လျှောက် သောင်ထွန်းလာသည့်ဖြစ်စဉ်များ ဖြစ်ပေါ်လျက် ရှိကြောင်းလည်း သိရှိရသည်။ ဧရာဝတီ မြစ်အတွင်းရှိ မြစ်ရေ၏ ရေအရည်အသွေးကို ၂၀၁၂ ခုနှစ် နှစ်စပိုင်းအတွင်း တိုင်းတာစစ်ဆေး ချက်များအရ ဧရာဝတီမြစ်အထက်ပိုင်းဒေသများတွင် လူနှင့်ရေနေ သတ္တ၀ါများအတွက် အဆိပ်ဖြစ်စေသည့် အမိုးနီးယားဓာတ်များ ပုံမှန်ထက် ပိုမိုပါဝင်နေကြောင်း မြန်မာနိုင်ငံ ရေသုတေသနဌာနမှ သိရှိရသည်။
အဆိုပါမြစ်ကြီးလေးသွယ်၏ မြစ်ကြောင်းအတွင်းနှင့် မြစ်ကမ်းစပ် မှ ပေ(၃၀၀)အတွင်း မြေထုမှတူးဖော် ၍သော်လည်းကောင်း၊ အခြားနည်း ဖြင့်သော်လည်းကောင်း၊ မြန်မာ့ သတ္တုတွင်းဥပဒေနှင့် မြန်မာ့ကျောက်မျက်ရတနာ ဥပဒေပါ ကျောက်မျက် ရတနာ၊ သတ္တု၊ စက်မှုတွင်းထွက် ကုန်ကြမ်းပစ္စည်းနှင့်ကျောက်စသည့် ဓာတ်သတ္တုများအားရှာဖွေခြင်း၊ စမ်း သပ်တိုင်းတာခြင်းနှင့် ထုတ်လုပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခြင်းကို အမိန့် ထုတ်ပြန်သည့် ၂၀၁၂ ခုနှစ် မတ်လ ၂၈ ရက်နေ့မှ နောက်ထပ်အ မိန့်တစ်စုံတစ်ရာဖြင့် ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်းမပြုသရွေ့ မပြုလုပ်ရန်တားမြစ်ကြောင်း သတ္တုတွင်းဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအရ သိရှိရသည်။
ယင်းကဲ့သို့ တားမြစ်ထားခြင်းအား လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ပါက မြန်မာ့သတ္တုတွင်း ဥပဒေ၊ မြန်မာ့သတ္တုတွင်း နည်းဥပဒေများနှင့် တည်ဆဲဥပဒေများအရ အရေးယူ သွားမည်ဖြစ်ကြောင်း သိရသည်။
Eleven Media မှ ကူးယူသည်။
Tags:
ဗဟုသုတ
Leave a comment